မင်းကင်းသစ်တောဌာနတွင်ထိန်းသိမ်းထားသော ကျောတွင် စက်တပ် ထားသည့် လင်းယုန်ကြီးကို ဆေးကုသပေးလျက်ရှိရာ ဘယ်ဘက်ချိုစောင်းတွင် ဒဏ်ရာရထားပြီး ဘယ်ဘက်မျက်လုံး မဖွင့်နိုင်သေးသည့်အပြင် ဘယ်ဘက် တောင်ပံ ပထမအဆစ်တွင်လည်း ဒဏ်ရာရထားကြောင်း စစ်ကိုင်းတိုင်းဒေသ ကြီး၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးခင်မောင်ဝင်းထံမှ သိရသည်။မင်းကင်းသစ်တောဌာနတွင်ထိန်းသိမ်းထားသော ကျောတွင် စက်တပ် ထားသည့် လင်းယုန်ကြီးကို ဆေးကုသပေးလျက်ရှိရာ ဘယ်ဘက်ချိုစောင်းတွင် ဒဏ်ရာရထားပြီး ဘယ်ဘက်မျက်လုံး မဖွင့်နိုင်သေးသည့်အပြင် ဘယ်ဘက် တောင်ပံ ပထမအဆစ်တွင်လည်း ဒဏ်ရာရထားကြောင်း စစ်ကိုင်းတိုင်းဒေသ ကြီး၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးခင်မောင်ဝင်းထံမှ သိရသည်။
”မင်းကင်းဒေသမှာ ဒီဇင်ဘာလ ၆ ရက်နေ့က ဒေသခံတွေ ဖမ်းမိတဲ့ လင်းယုန်ကို မင်းကင်းမြို့နယ် သစ်တောဌာနမှာ ထိန်းသိမ်းထားပြီး ဆေးကု ပေးနေတာပါ။ဆေးကု ပေးနေတဲ့ တိရစ္ဆာန်ဆရာဝန် ဒေါက်တာထွန်းထွန်းလင်း ပြောတာတော့ ဘယ်ဘက်ချိုစောင်းမှာ ဒဏ်ရာရ ထားတယ်။ ဦးနှောက်ကိုထိ သွားလား၊ မထိသွားလားဆိုတာကို ပြောလို့မရ သေးပါဘူး။ ဘယ်ဘက်မျက်လုံး က လည်း မဖွင့်နိုင်သေးသလို၊ ဘယ်ဘက်တောင်ပံမှာလည်း ဒဏ်ရာရထား တယ် လို့သိရပါတယ်” ဟု ဦးခင်မောင်ဝင်းက ပြောပြသည်။
လင်းယုန်၏ အခြေအနေသည် တစ်ရက်ထက်တစ်ရက် ကောင်းလာ ပြီး ဘယ်ဘက်မျက်လုံး အနည်းငယ် ပြန်မြင်လာပြီဖြစ်ကာ ဦးခေါင်း ထိထား သော ဒဏ်ရာကို ၃ရက်၊ ၄ရက်ခန့် စောင့်ကြည့်သွားရန် လိုသေးကြောင်း သိရသည်။လင်းယုန်ကျောကို တပ်ထားသော စက်ကိုစစ်ဆေးကြည့်ရာ သုတေသန ပြုလုပ်ရန်တပ်ဆင်ထားသော စက်အမျိုးအစားဖြစ်ပြီး မွန်ဂိုလီးယား နိုင်ငံရှိ ဇီဝဗေဒတက္ကသိုလ်ငှက်ဘာသာဗေဒဓာတ်ခွဲခန်းဆိုင်ရာ တက္ကသိုလ် ကျောင်း သားများက လင်းယုန်၏ ပျံသန်းနိုင်နှုန်းနှင့် ရောက်ရှိနေရာတွင် သုတေသန ပြုနိုင်ရန်တပ်ဆင်ထားခြင်းဖြစ်ကြောင်း ပြည်ထဲရေးဌာနက ထုတ်ပြန် ထားသည်။
လှိုင်ဝင်းကို