ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၀၆)ရပ်ကွက်တွင် ၆၆/၁၁ ကေဗွီ ဓာတ်အားခွဲရုံအသစ်ကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC) မှတည်ဆောက်လျက်ရှိသည်။



ဓာတ်အားခွဲရုံအသစ်တည်ဆောက်နေမှုကို YESC ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးမှ သြဂုတ် ၉ ရက်နံနက်ပိုင်းကသွားရောက်၍ မြို့ပြဆိုင်ရာလုပ်ငန်းများဆောင်ရွက်ထားမှု၊ Main Transfotmer နှင့် Switch Bay များ၊ Control Panel များတပ်ဆင်ဆောင်ရွက်ရမည့်အခြေအနေများ၊ မြေအောက်ဓာတ်ကြိုးချမြှုပ်ခြင်းလုပ်ငန်းဆောင်ရွက်ရမည့်အ ခြေအနေများ၊ ဖိီဒါအ သစ်များထည့်သွင်းတည် ဆောက်မည့်အစီအစဥ်များကို ကြည့်ရှုစစ်ဆေးခဲ့သည်။
YESC မှ ရန်ုကုန်တိုင်းအတွင်းစဥ်ဆက်မပြတ်ဓာတ် အားပေးနိုင်ရေးအတွက် ဓာတ်အားခွဲရုံအသစ်တည် ဆောက်ခြင်း၊ ထရန်စဖော်မာများဝန်အားတိုးမြှင့်ခြင်းလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိသည်။
