ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ယနေ့ သြဂုတ် ၁၅ ရက်နံနက် ၁၁ နာရီခွဲခန့်က ခရီးသည်တင် YBS ကားနှင့် တွဲကားတို-က်မိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၆၇)ရပ်ကွက်၊ ရတနာလမ်းတွင် ခရီးသည်တင် YBS ကားနှင့် တွဲကားတို-က်မိကာ တွဲကားမောင်းနှင်သူမှာ ကားခေါင်းခန်းအတွင်း၌ညှပ်နေသဖြင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ကူညီကယ်ထုတ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် ခေါင်းခန်းအတွင်းညှပ်နေသည့် တွဲကားမောင်းသူအား နံနက် ၁၁ နာရီ ၄၃ မိနစ်တွင်ကယ်ထုတ်နိုင်ခဲ့ပြီးနောက် ထိခို-က်ဒဏ်ရာများရရှိထားသဖြင့် အောင်မင်္ဂလာလူမှုကူညီရေးအသင်းမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
