ယနေ့နံနက်က လွိုင်ကော်မြို့နယ်၊ဆီမီးလော့ကျေးရွာလမ်းအတိုင်းမောင်းနှင်လာသည့် ထော်လာဂျီသည် အရှိန်မထိန်းနိုင်ဘဲတိမ်းမှောက်ခဲ့ရာ ထိခိုက်ဒဏ်ရာရသူများရှိနေသဖြင့် ရွှေလွိုင်ကော်ကယားပရဟိတအသင်းမှ ကူညီရန်သွားရောက်ခဲ့ကြသည်။
ဖြစ်စဥ်ကြောင့် ထော်လာဂျီပေါ်တွင်လိုက်ပါလာသည့် အမျိုးသမီး ၁၀ ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် ရွှေလွိုင်ကော်ကယားပရဟိတအသင်းမှ မြေပြင်ကုသမှုများပြုလုပ်ပေးပြီးနောက် လွိုင်ကော်မြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
“အသက်(၅၀)ကျော်အရွယ်က ၅ ယောက်၊ အသက်(၄၀)ကျော်အရွယ်က ၂ ယောက်၊ အသက် (၃၀)ကျော်က ၁ ယောက်နဲ့အသက်(၂၀)ကျော်က ၂ ယောက် အားလုံးပေါင်း ၁၀ ယောက်ပါ အမျိုး သမီးတွေပါပဲ စိုးရိမ်ရအခြေအနေတွေတော့မရှိပါဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။
Photo-ရွှေလွိုင်ကော်အသင်း



