Monday, February 2, 2026

MOB ဘဏ်နှင့် ARCCI တို့နားလည်မှုစာချွန်လွှာလက်မှတ်ထိုး

ဧရာဝတီတိုင်း၏ စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုး တက်မှုအတွက် ဘဏ်များ၏ပံ့ပိုးကူညီမှုသည် အရေး ကြီးသောအခန်းကဏ္ဍတွင်ပါဝင်ဟု ဧရာဝတီတိုင်းဝန် ကြီးချုပ်ပြော မြန်မာအရှေ့တိုင်းဘဏ်(MOB)နှင့် ဧရာဝတီတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအ သင်း(ARCCI)တို့ကြား နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်းကို ဇန်နဝါရီ...

ဒေသတွင်း နိုင်ငံများနှင့်ယှဥ်ပြိုင်နိုင်​အောင်ကြိုးစားနေသည့်ကုန်သေတ္တာများသယ်ယူပို့ဆောင်ရေး အသင်း

မန္တလေးတိုင်း၊ ကျောက်ဆည်တွင် ကုန်သေတ္တာများသယ်ယူပို့ဆောင်ရေး အသင်းရုံးခွဲဖွင့်လှသ်ရန် လုပ်ဆောင်နေကြောင်း (၁၂)ကြိမ်မြောက် မြန်မာနိုင်ငံကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်း နှစ်ပတ် လည်အသင်းသားစုံညီအစည်းအဝေးတွင် (၂ဝ၂၂- ၂၀၂၅)ယခင်အလုပ်အမှုဆောင်သက်တမ်း၏ ဥက္ကဋ္ဌဦးစိုးနိုင်က ပြောကြားခဲ့သည်။ ကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်းကို...

အာဆီယံ ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေးကို မြန်မာပါဝင်တက်ရောက်

အာဆီယံ အပေါင်း ၃(တရုတ်၊ဂျပန်၊ကိုးရီးယား )ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း အစီအစဉ်များကို အတည်ပြု ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်မှ...

မွန်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဖွဲ့စည်း

မွန်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းကို ဇန်နဝါရီ ၃၀ ရက်က မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှကြီးမှူး၍ ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။ မွန်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းရွေးချယ်တင်​မြှောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦး​ဌေးမိုးကကြီးမှူး၍ မြို့နယ်(၁၀) မြို့နယ်မှတက်​ရောက်လာသောကိုယ်စားလှယ်များထဲမှ...
HomeCelebrities' Newsထောင်ဒဏ် (၂) နှစ်စီ...

ထောင်ဒဏ် (၂) နှစ်စီ ချမှတ်ခံထားရသည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီးနှင့် အဆိုတော် စောဖိုးခွားပြန်လည် လွတ်မြောက်

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ (၁) ရက်ကတည်းက ဖမ်းဆီးထိ မ်းသိမ်းခံရပြီး ထောင်ဒဏ် (၂) နှစ်စီ ချမှတ်ခံထားရသ ည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီးနှင့် အဆိုတော် စောဖိုးခွားတို့မှာ ယနေ့ နံနက်ပိုင်းတွင် အင်းစိန်အကျဉ်းထောင်မှပြန်လည်လွတ်မြောက်လာပြီ ဖြစ်ကြောင်း သိရသည်။

၎င်းတို့ (၂) ဦးသည် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ (၁) ရက် နိုင် ငံရေးအပြောင်းအလဲ ဖြစ်ပေါ်ပြီးနောက်ပိုင်း အစောဆုံး ဖမ်းဆီးခံရသူများထဲတွင် ပါဝင်ခဲ့ပြီး ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခံခဲ့ရသည့်အပြင် အဆိုတော်စောဖိုးခွားမှာသဘာ ဝဘေး စီမံခန့်ခွဲမှုဥပဒေဖြင့်ပါ အမှုဖွင့် တရားစွဲဆို ခံရခြ င်းဖြစ်သည်။

” သတင်းတော့ ကြားတယ်။ အဆက်အသွယ်တော့ မရသေးတော့ အတိအကျတော့ မပြောနိုင်ဘူး။ တကယ်ဆိုရင်တော့ ဝမ်းသာစရာပေါ့” ဟု ဒါရိုက်တာ မင်းထင်ကိုကိုကြီးနှင့် ရင်းနှီးသူ ပန်းချီဆရာတစ်ဦးက ပေါ်ပြူလာနယူး(စ်) ပြောသည်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီး ပြန်လည် လွတ်မြောက်လာကြောင်း သမီးဖြစ်သူ မယ်မင်းထင်ကလည်း လူမှုကွန်ရက်စာမျက်နှာကတဆင့် မျှဝေထားပြီး ရင်းနှီးသူ များက ဝမ်းသာကြောင်း ပြောဆိုထားကြသည်။

အဆိုတော် စောဖိုးခွားတို့ ပြန်လည်လွတ်မြောက်လာသ ည့် သတင်းနှင့် ပတ်သက်၍ ‌ပေါ်ပြူလာနယူး(စ်) အနေ ဖြင့် မိသားစုဝင်များနှင့် ရင်းနှီးသူများထံ ဆက်သွယ်မေးမြန်းရန် ကြိုးစားနေပြီး အသေးစိတ်ကို ဆက်လက်ဖော်ပြပေးသွားပါမည်။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ (၁) ရက်က ဖမ်းဆီး ခံရသူများထဲတွင် စာရေးဆရာ မောင်သာချို၊ ဒေါ်သန်းမြင့်အောင်၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေးအပါ အဝင် အထင်ကရပုဂ္ဂိုလ်များလည်း ပါဝင်နေပြီး လက်ရှိအချိန်ထိ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးပေ။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

MOB ဘဏ်နှင့် ARCCI တို့နားလည်မှုစာချွန်လွှာလက်မှတ်ထိုး

ဧရာဝတီတိုင်း၏ စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုး တက်မှုအတွက် ဘဏ်များ၏ပံ့ပိုးကူညီမှုသည် အရေး ကြီးသောအခန်းကဏ္ဍတွင်ပါဝင်ဟု ဧရာဝတီတိုင်းဝန် ကြီးချုပ်ပြော မြန်မာအရှေ့တိုင်းဘဏ်(MOB)နှင့် ဧရာဝတီတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအ သင်း(ARCCI)တို့ကြား နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်းကို ဇန်နဝါရီ ၃၁ ရက်ကကျင်းပရာ ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးတင်မောင်ဝင်းတက်ရောက်ခဲ့သည်။ ထိုသို့ တက်ရောက်၍ ဧရာဝတီတိုင်းအတွင်း စက်ရုံအလုပ်ရုံများပေါ်ပေါက်လာပါက အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိပြီး တစ်ဦးချင်းဝင်ငွေပိုမိုတိုးတက်လာမည်ဖြစ်၍ ဧရာဝတီတိုင်းအတွင်း ရင်းနှီးမြှုပ်နှံများပြုလုပ်ရန် ကုမ္ပဏီများနှင့် လုပ်ငန်းရှင်များကိုဖိတ်ခေါ်ဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။ ARCCI အနေဖြင့် ဧရာဝတီတိုင်း၏ စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှုအတွက်ဆောင်ရွက်ရာတွင် ဘဏ်များ၏ပံ့ပိုးကူညီမှုသည် အရေးကြီးသောအခန်းကဏ္ဍတွင်ပါဝင်နေသဖြင့် MSME လုပ်ငန်းများ၊ စိုက်ပျိုးမွေး မြူရေးလုပ်ငန်းများအတွက်လိုအပ်သော ငွေကြေးအရင်းအနှီးပံ့ပိုးကူညီမှုများဆောင်ရွက်ပေးပါက ဧရာဝတီတိုင်း၏ စုစုပေါင်းထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုး (GDP)မြင့်တက်လာမည်ဟု...

ဒေသတွင်း နိုင်ငံများနှင့်ယှဥ်ပြိုင်နိုင်​အောင်ကြိုးစားနေသည့်ကုန်သေတ္တာများသယ်ယူပို့ဆောင်ရေး အသင်း

မန္တလေးတိုင်း၊ ကျောက်ဆည်တွင် ကုန်သေတ္တာများသယ်ယူပို့ဆောင်ရေး အသင်းရုံးခွဲဖွင့်လှသ်ရန် လုပ်ဆောင်နေကြောင်း (၁၂)ကြိမ်မြောက် မြန်မာနိုင်ငံကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်း နှစ်ပတ် လည်အသင်းသားစုံညီအစည်းအဝေးတွင် (၂ဝ၂၂- ၂၀၂၅)ယခင်အလုပ်အမှုဆောင်သက်တမ်း၏ ဥက္ကဋ္ဌဦးစိုးနိုင်က ပြောကြားခဲ့သည်။ ကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်းကို ၂၀၀၉ ခုနှစ်ကစတင်ဖွဲ့စည်းခဲ့ရာ အသင်းဝင်ဂိတ်(၂၀)ကျော်နှင့် အသင်းဝင်ကား(၄၀၀)ကျော်သာရှိခဲ့ရာမှ ၂၀၁၂ ခုနှစ်တွင် အသင်းအဖွဲ့မှတ်ပုံတင်ဖြင့်လုပ်ကိုင်ခဲ့ပြီး (၁၆) နှစ်တာကာလအတွင်း၌ ကုမ္ပဏီ(ဂိတ်) ၉၄ ဂိတ်နှင့် အသင်းဝင်ယာဥ်စီးရေ(၂,၀၀၀)ကျော်ဖြင့်ဖွဲ့စည်းထားနိုင်လျှက်ရှိပြီးဒေသတွင်း နိုင်ငံများနှင့်လည်းယှဥ်ပြိုင်နိုင်​အောင် လုပ်​ဆောင်သွားပါမယ်”ဟုပြောကြားခဲ့သည်။ “ကုန်သေတ္တာတွေသယ်ယူပို့ဆောင်ရာမှာ manifest (ကုန်ပို့လွှာ)နဲ့ E-Lock နဲ့ လုပ်ဆောင်နိုင်ဖို့ကိုကြိုးစားခဲ့ပြီးလက်ရှိတွင် စတင် လုပိဆောင်နေပြီ"ဟု ဦးစိုးနိုင်ကပြောသည်။ ယခင်အလုပ်အမှုဆောင်သက်တမ်းကာလအတွင်း မော်တော်ယာဉ်များ၏ ပြင်ဆင်စရိတ်၊ အပိုပစ္စည်းများ၊...

အာဆီယံ ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေးကို မြန်မာပါဝင်တက်ရောက်

အာဆီယံ အပေါင်း ၃(တရုတ်၊ဂျပန်၊ကိုးရီးယား )ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း အစီအစဉ်များကို အတည်ပြု ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်မှ ၃၀ ရက်နေ့ထိ ကျင်းပသည့် (၂၉) ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်း ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို မနီလာမြို့ မြန်မာသံရုံး မှ သံရုံး ယာယီတာဝန်ခံ ဦးစိုးကိုကို ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ အနေဖြင့် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။ ထို့အတူ (၂၅) ကြိမ်မြောက် အာဆီယံအပေါင်း ၃ (တရုတ်၊ ဂျပန်နှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071