Monday, April 20, 2026

မြန်မာ-ရုရှား-တရုတ် သုံးနိုင်ငံ ပူးပေါင်း၍ စွမ်းအင်လုံခြုံရေးနှင့်...

ရုရှားနိုင်ငံ နှင့် တရုတ်နိုင်ငံကို လျှပ်စစ် နှင့် စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် သွားရောက်ခဲ့သည့် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ခရီးစဉ်အတွင်း...

ပွင့်ဖြူမြို့နယ်၌ မိုးသက်လေပြင်းတိုက်ခတ်၍ လမ်း များပေါ်သို့...

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၌ ဧပြီ ၁၉ ရက်ညနေ ၅ နာရီခန့်က မိုးသက်လေပြင်းတိုက်ခတ်၍ လမ်းများပေါ်သို့ သစ်ပင်များလဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပွင့်ဖြူ-ရှောက်တော-ကုန်းဇောင်းသွားကားလမ်း၊ ရှောက်တော-မဲဇလီ...

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်ရှိ ဆွာချောင်းတံတားသစ်(အပြန်လမ်း)အား ဇွန်လတွင်ပြန်လည်အသုံးပြုနိုင်မည်

မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၁၆၅/၁ ရှိ ဆွာချောင်းတံတား(အပြန်လမ်း)မှာ ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့၍ ပြန်လည်တည်ဆောက်မှုများပြုလုပ်လျက်ရှိရာ လာမည့် ဇွန်လအတွင်း၌ ပြန်လည်အသုံးပြုနိုင်မည်ဖြစ် သည်။ ထိုသို့ ပြန်လည်တည်ဆောက်နေခြင်းကို...

နေပြည်တော်ရှိ ကျေးရွာ(၆)ရွာမှတောင်သူများကို ပုလဲဓာတ်မြေသြဇာတစ်အိတ်လျင် (၁၀၀,၅၀၀)ကျပ်ဖြင့်ရောင်းချပေး

နေပြည်တော်ရှိ ကျေးရွာ(၆)ရွာမှ နွေစပါးစိုက်ပျိုးမည့်တောင်သူများအား မြန်မာ့သြဘာကောမတ် G-46 ပုလဲဓာတ်မြေသြဇာတစ်အိတ်လျင်(၁၀၀,၅၀၀)ကျပ်နှုန်း တိုက်ရိုက်လက်ငင်းငွေချေစနစ်ဖြင့် လယ်ဝေးမြို့နယ်၊ ခရမ်းကိုင်းကျေးရွာရှိ စိုက်ပျိုးရေးနည်းပညာစင်တာ၌ ယနေ့ ဧပြီ ၁၉...
HomeArticlesထိုညက လရောင်မရှိပေ

ထိုညက လရောင်မရှိပေ

konyein

မှန်၏။ ထိုညက လရောင်မရှိပေ။ ဒီကမ်းခြေက ခြေတံရှည်ရှည် တောအရက်ဆိုင်လေးဘေးမှာ ငါ ရပ်နေခဲ့။ ငါတစ်ယောက်တည်း ရပ်နေခဲ့။ ထိုညက လရောင်မရှိပေ။ ငါ့ကိုပြောကြပါဦးလား..။ စက်ဘီး ဖြစ်ပြီး အရက်သောက်ရတယ်လို့။ ထိုညက လရောင်မရှိပေ။ ဒီည ကိန်းသေ လထွက်ရက်။ လ မထွက်။ အနက်ပိန်း ဘယ်သူချ။ ထိုညက လမရှိပေ။ တကယ်တော့ပေါ့လေ။ ပိန်ဖျော့ဖျော့အစာအိမ်ထဲ ဆေးပေါ့လိပ် မီးခိုးဆိုတာ ဘာမှအသုံးမကျမှန်းလည်းသိသားနဲ့။ ထို ညကလရောင်မရှိပေ။

ဆည်းဆာငယ်တွေ “အို” စေပြီး နောက် မင်းရောက်ရောက်လာတတ်ပေမယ့် အခုမရောက်။ ထိုညက လရောင်မရှိပေ။ ရန်ကင်းတောင် အနောက်ဘက်က မြင်နေကျ ဆိပ်ဖျောက်ကြယ်အုပ်စု ဘယ် ကောင် ဖြုတ်သလဲ။ ထိုညက လရောင်မရှိပေ။ ကောင်မလေးရေ..မျှော်လင့်ချက်သစ်များစွာကို ဟန်ပါပါမြုံ့လိုက်ဦးပေါ့။ မင်း.. မှုန့်အောင် မချုံ့နိုင်သေးသရွေ့တော့ ငါအမှောင်ထဲငုံ့နေလိုက်ဦးမယ်။ ထိုညက လရောင်မရှိပေ။ ထိုင်စောင့်နေရတဲ့အခြေအနေအားလုံး အမှောင်ဘက်ကချည်းမို့ ငါ့မျက်လုံးမှာ ကောင်းကင်တောင် ကုန်ဆုံးသွားတယ်။ ဘယ်မှာလမီးခွက်၊ ကြယ်ကိုညမထွက်ရလုပ်ထားကြသလား။ ထိုညက လရောင်မရှိပေ။ မှောင်ပုံ။ ငါ့နားက ငှက်ပျောပင်ပုလေး။ လေတရှဲရှဲလွှတိုက်၊ ငှက်ပျောရွက်ကွဲအောင် မိုးသင့်တောင်မှ အစိမ်းမျက်နှာဖွင့်မယ် မထင်ဘူး။ ထိုညက လရောင်မရှိပေ။

အို..အလင်းမျက်နှာရှင်.. ကမ္ဘာရဲ့ဟိုဘက်အစွန်ကန့်သတ်မဲ့ ဟင်းလင်းလွန်မှာ အလင်းတွေ သွားသွန်နေသလား။ ထိုညက လရောင်မရှိပေ။ ညီအစ်ကို မသိ၊ သိတယ် မတွေ့၊ ရွယ်မစေ့ခင် ညနေစင် လွန်ခဲ့။ ဒါလည်းပါမည်။ ညနေစင်လေး အပျိုလုပ်ချိန် သိပ်မရ ခဲ့။ ဒါလည်းပါမည်။ ထိုညက လရောင်မရှိပေ။ ဒီတော့ ကြယ် ပြောက်ထဘီ ဒီဇိုင်းရက်ဖောက်။ ကြက်မကောက်၊ ကြက်မကောက်နိုင် တော့။ ထိုညက လရောင်မရှိပေ။ တစစ ဆန်း၊ ပန်းရည်တည်စ၊ မျဉ်းသွယ်မျဉ်းကောက်၊ “ကလေးစိတ်’ ပျောက်အောင်၊ ခြယ်ရေးခံရ။ ဟာ..ညကြီးဖားဖား၊ ညသားစိုလိုက် ပုံ၊ အပျိုပုံပန်း ပိုပိုပေါ်လာ..။ သို့ပေတယ်လို့ပေါ့လေ..။ ထိုညက လရောင်မရှိပေ။ ငါ့ကဗျာကို လာနမ်းပါလား လ။ ကဗျာနဲ့ လ၊ ရည်းစားဖြစ်ချင်လှ။ ထိုညက လရောင်မရှိပေ။ နင့်ဆံပင်ဖျားနဲ့ မြေသားကို တို့ခတ်တဲ့အသံ တောင်နံရံကို သီချင်းနဲ့ထိမှန်တဲ့အသံ၊ နင့်လက်နဲ့ ပန်းပွင့်ကို ပွတ်သပ်တဲ့အသံ။ နင့်အဖြေ..ဂစ်တာကြိုးတစ်ချောင်းရဲ့ တုန်ခါမှုမျိုး မကြား၊ မကြားရ။ ထို ညက လရောင်မရှိပေ။ တစ်နေရာမှာ အသံသစ်တွေ ဂစ်တာဟောင်းထဲက ရုန်းထွက်တဲ့ အသံ၊ ရနံ့သစ်တွေ ပန်းပွင့်ဟောင်းထဲ က ခုန်ထွက်တဲ့အသံ၊ အသံ..အသံ။ တစ်နေရာမှာတော့ သက်တံကို မြေကြီးပေါ်ချ၊ ဖြန့်ခင်းနေကြပြီလား မသိ။ ထိုညက လရောင်မရှိပေ။

မှန်၏။ ထိုညက လရောင်မရှိပေ.. ထိုညက လရောင်မရှိပေ.. ထိုညက လရောင်မရှိပေ..

င့ါအပေါ်မှာ အမှောင်..။ ပြောစရာကုန်သွားတဲ့အမှောင်။ ကြယ်ပွင့်တွေ လမ်းလျှောက်မယ်ဆို ရင်တောင် မီးအိမ်နဲ့လမ်းလျှောက် ရမယ့် အမှောင်။အဲဒီအမှောင်က ညကို “ကြယ်စား..” ပေးမယ်ဆိုပြီး ဆယ်ပြားစေ့တွေ အပေါ်ကိုမြှောက် မြှောက်တင်နေလေရဲ့။တတိယသန်းယံဟာ ကမ္ဘာ ဟိုဘက်နံရံကို ဖင်လျှောဆင်းသွားတာတောင်..

“မရမ်းခြံသူ..’ ရေ.. နင်က ဘယ်အချိန် မိတ်လာ သေတ္တာထဲက ခုန်ထွက်လာမှာလဲ..။ မြောက်ဘက် ဟင်းလင်းလွန်က နယ်ကျွံဝင်လာတဲ့ သဇင်ကုန်သည် တွေရဲ့ ဖိအားအောက်မှာ ငါ တအားမှုန်ဝါးနေပြီ အချစ်။ နွမ်းလျညရဲ့ ညတစ်ဝက်မှာ အိပ်မက်တစ်မက် ပွေ့ဖက်မိတယ်။ အိပ်မက်ထဲမှာလည်း ည ပါလာတယ်။ အိပ်မက်ထဲက ညကကော။ အိပ်မက်ထဲက ညလည်း ထိုညသည် လရောင်မရှိပေ။

ကိုငြိမ်း (မန္တလေး)

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071