Monday, September 14, 2026

အမှတ် (၈) အစုန် DEMU...

နေပြည်တော်မှ ရန်ကုန်သို့ ထွက်ခွာလာသည့် DEMU အမြန်ရထားနှင့် တရားမဝင် လမ်းကူးမှ ဖြတ်သန်းလာသည့် ထွန်စက်တို့ တို-က်မိမှုဖြစ်ပွားခဲ့ပြီး လူ ၂ ဦး...

ရွှေပြည်သာစက်မှုဇုန်များရှိ စက်ရုံများ၏ လုပ်ငန်းလည်ပတ်မှုအခြေအနေ တိုင်းဒေသကြီးဝန်ကြီး...

ရန်ကုန်၊ စက်တင်ဘာ ၁၂ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်သည် တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းက...

MSMEs လုပ်ငန်းများအတွက် နည်းပညာ ၁၀...

ပြည်တွင်းထွက်ကုန်ကြမ်းများကို အခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန်များ စီးပွားဖြစ်ထုတ်လုပ်နိုင်ရေးနှင့် MSMEs များ၏ ပြည်တွင်း၊ ပြည်ပဈေးကွက် ယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်နိုင်ရေးအတွက် “MSMEs များအား နည်းပညာဖြန့်ဝေခြင်းအစီအစဉ်...

အုပ်စုအဖွင့်ပွဲစဉ်တွင် တောင်ကိုရီးယားအသင်းကို ၅ ဂိုး...

ယနေ့ စက်တင်ဘာ ၁၄ ရက် ညနေ ၅ နာရီအချိန်၌ ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၂၆ အာရှအားကစားအမျိုးသမီးဘောလုံးပြိုင်ပွဲအုပ်စုအဖွင့်ပွဲစဥ်တွင် မြန်မာအမျိုး...
HomeNewsLocal Newsထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး နီးနီးကပ်ကပ်...

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နိုင်ရန် TBAM နှင့် UMFCCI ဥက္ကဌ တို့ဆွေးနွေး

ထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးအား နီးနီးကပ်ကပ် ပူးပေါင်းဆောင်နိုင်ရေး Thai Business Association in Myanmar (TBAM) ဥက္ကဋ္ဌ Mr. Nuttaphong Visitkitchakarn နှင့် ကုန်သည်စက်မှု အသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းတို့တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း ယနေ့ ဇန်နဝါရီ ၂၆ ရက်တွင် ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ထုတ်ပြန်ထားသည်။

အဆိုပါ ဆွေးနွေးမှုကို ယမန်နေ့ ဇန်နဝါရီ(၂၅)ရက်နေ့၌ ကုန်သည် စက်မှုအသင်းချုပ်သို့ မြန်မာနိုင်ငံအခြေစိုက် Thai Business Association in Myanmar (TBAM) ဥက္ကဋ္ဌ နှင့် Kasikorn bank ၏ Chief Representative ဖြစ်သူ Mr. Nuttaphong Visitkitchakarn နှင့် အဖွဲ့ဝင်များသည် လာရောက် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးမှုတွင် ထိုင်းဘက်မှ ထိုင်း-မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေး၊ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်နိုင်ရေး၊ စီးပွားရေး အခွင့်အလမ်းများနှင့် Capacity Building မြှင့်တင်ရေး၊ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး၊ ဘတ် – ကျပ် လဲလှယ်ရာတွင် Transactions အဆင့်များ များနေခြင်း၊ ကန့်သတ်မှုများကို ဖြေလျော့စေရေးနှင့် သွင်းကုန်လိုင်စင်များ ရရှိရေး၊ ထိုင်းစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် MIC တွင် အချိန် နှစ်ပတ်မှ သုံးပတ်အထိ အချိန်စောင့်ဆိုင်းရခြင်းများ တွေ့ကြုံရခြင်း၊ ခရီးသွားကဏ္ဍ တိုးမြှင့်ရေးအတွက် နိုင်ငံခြားသားများ ဝင်ရောက်ရာတွင် Inbound Insurance ဝယ်ယူရခြင်းသည် အဟန့်အတားဖြစ်စေသဖြင့် Inbound Insurance ဝယ်ယူရခြင်းကို ဖြေလျော့စဉ်းစားပေးစေလိုရေး စသည်တို့ကိုဆွေးနွေးခဲ့သည်။

ယင်းဆွေးနွေးမှုအပေါ် အသင်းချုပ်မှ ပြည်တွင်းရင်းနှီးမြှုပ်နှံသူများအတွက် သာမက နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအတွက်ပါ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် လွယ်ကူ အဆင်ပြေ ချောမွေ့စေရေး အတွက် လိုအပ်သည်များကို ဆွေးနွေးခြင်း၊ သက်ဆိုင်ရာ ကော်မတီများကို ညှိနှိုင်းတင်ပြပေးခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်း၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဒေါက်တာမျိုးသက်၊ ဦးအေးထွန်း၊ ဒေါက်တာဝင်းစည်သူ၊ ဦးဆန်းလင်း၊အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးကျော်ဒေဝ၊ ဦးရဲမြင့်မောင်၊ အမှုဆောင်အရာရှိချုပ် ဒေါက်တာဇော်ဋ္ဌေး တို့ကို တက်ရောက်ဆွေးနွေးခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမှတ် (၈) အစုန် DEMU အမြန်ရထားနှင့်တရားမဝင်လမ်းကူးမှ ဖြတ်ဝင်လာသည့် ထွန်စက် တို-က်မိ၊ ၂ ဦး‌ေ-သဆုံး

နေပြည်တော်မှ ရန်ကုန်သို့ ထွက်ခွာလာသည့် DEMU အမြန်ရထားနှင့် တရားမဝင် လမ်းကူးမှ ဖြတ်သန်းလာသည့် ထွန်စက်တို့ တို-က်မိမှုဖြစ်ပွားခဲ့ပြီး လူ ၂ ဦး ‌ေ-သဆုံးသွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ စက်တင်ဘာ ၁၄ ရက်၊ နေ့လည် ၁၂ နာရီခွဲတွင် နေပြည်တော်မှ ထွက်ခွာလာသော အမှတ် (၈) အစုန် DEMU အမြန်ရထားသည် ညောင်လေးပင်-ပဲခူး လမ်းပိုင်းရှိ ပြွန်တန်ဆာနှင့် ဒိုက်ဦးဘူတာအကြားသို့ရောက်ရှိစဉ် တရားမဝင် လမ်းကူးမှ ရုတ်တရတ် ဖြတ်သန်းမောင်းနှင်လာသည့် ထွန်စက်နှင့် တို-က်မိခဲ့ခြင်းဖြစ်သည်။ ယင်းသို့ တို-က်မိမှုကြောင့်...

ရွှေပြည်သာစက်မှုဇုန်များရှိ စက်ရုံများ၏ လုပ်ငန်းလည်ပတ်မှုအခြေအနေ တိုင်းဒေသကြီးဝန်ကြီး ကွင်းဆင်းစစ်ဆေး

ရန်ကုန်၊ စက်တင်ဘာ ၁၂ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်သည် တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းက ရွှေပြည်သာစက်မှုဇုန် အမှတ် (၂)၊ (၃) နှင့် (၄) အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများ၏ လုပ်ငန်းလည်ပတ်မှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ စက်မှုဇုန် အမှတ် (၂)၊ (၃) နှင့် (၄) စီမံခန့်ခွဲရေးကော်မတီရုံး၌ ကော်မတီဥက္ကဋ္ဌ ဒေါက်တာထင်ကျော်ဦးနှင့် ကော်မတီဝင်များက စက်မှုဇုန်တည်ထောင်ထားရှိမှု၊ စက်ရုံနှင့် အလုပ်ရုံများ လည်ပတ်မှု၊ ရပ်နားထားမှုအခြေအနေများနှင့်...

MSMEs လုပ်ငန်းများအတွက် နည်းပညာ ၁၀ မျိုး ဖြန့်ဝေ၊ လုပ်ငန်းရှင် ၂၅၅ ဦး တက်ရောက်

ပြည်တွင်းထွက်ကုန်ကြမ်းများကို အခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန်များ စီးပွားဖြစ်ထုတ်လုပ်နိုင်ရေးနှင့် MSMEs များ၏ ပြည်တွင်း၊ ပြည်ပဈေးကွက် ယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်နိုင်ရေးအတွက် “MSMEs များအား နည်းပညာဖြန့်ဝေခြင်းအစီအစဉ် (၂၀၂၆)” ကို စက်တင်ဘာ ၁၀ ရက်မှ ၁၁ ရက်အထိ ရန်ကုန်မြို့ရှိ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန (DRI) ၌ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါအစီအစဉ်ကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန (DRI)၊ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန (DISI) နှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071