Sunday, May 3, 2026

အီရန်တို့၏ အပြုအမူများ မလျော်ကန်ပါက အမေရိကန်အနေဖြင့်...

အီရန်နှင့် သဘောတူညီချက်ရယူမည့် အချက်တစ်ခုအကြောင်း မိမိကို ပြောပြထားသော်လည်း တိကျသည့် စကားလုံးအသုံးအနှုန်းများကို စောင့်ဆိုင်းနေကြောင်းနှင့် အီရန်ဘက်က အပြုအမူ မလျော်ကန်ပါက ထိုနိုင်ငံအပေါ် တို-က်ခိုက်မှုများ...

ပိဋကသုံးပုံအဌကထာ ကွန်ပျူတာစာမူကျမ်းစာအုပ်များဆက်ကပ်လှူဒါန်း

သန်လျင်မင်းကျောင်းဆရာတော်ကြီးအမှူးပြုသည့် ဆရာတော်ကြီးများအား ပိဋကသုံးပုံအဌကထာ ကွန်ပျူတာစာမူကျမ်းစာအုပ်များကို ယနေ့ မေ ၃ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလှိုဏ်ဂူသိမ်တော်ကြီး၌ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း...

ပါကစ္စတန်ကိုတရုတ်လုပ်တို-က်ခိုက်ရေးရေငုပ်သင်္ဘောပေးအပ်

ပေကျင်းနှင့် အစ္စလာမ်မာဘတ်တို့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လာချိန်တွင် တရုတ်နိုင်ငံက တည်ဆောက်ထားသော Hangor အမျိုးအစား တို-က်ခိုက်ရေးရေငုပ်သင်္ဘော တပ်မဟာ၏ ပထမဆုံးသင်္ဘောကို ပါကစ္စတန်ရေတပ်က လက်ခံရရှိခဲ့သည်။ PNS/M...

ဟနွိုင်တွင် ဗီယက်နမ်ခေါင်းဆောင်များနှင့် တာကာအိချီ တွေ့မည်

ဂျပန်ဝန်ကြီးချုပ် ဆနားအဲ တာကအိချီသည် စနေနေ့ (မေလ ၂) တွင် ဟနွိုင်မြို့၌ ဗီယက်နမ်ထိပ်တန်းခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်ပြီး သူသည် လွတ်လပ်ပြီး ပွင့်လင်းသော...
HomeNewsLocal Newsထိုင်း - မြန်မာနယ်စပ်က...

ထိုင်း – မြန်မာနယ်စပ်က AA တပ်စခန်းကို တပ်မတော်က ဗုံးကြဲတိုက်ခိုက်၊ တပ်ဖွဲ့ဝင်အချို့ကျဆုံးကာ အဆောက် အဦအချို့ ပျက်ဆီးခဲ့ဟုဆို

ထိုင်း – မြန်မာနယ်စပ်က AA တပ်စခန်းကို တပ်မတော်က ဗုံးကြဲတိုက်ခိုက်၊ တပ်ဖွဲ့ဝင်အချို့ကျဆုံးကာ အဆောက် အဦအချို့ ပျက်ဆီးခဲ့ဟုဆို

ထိုင်း – မြန်မာ နယ်စပ်က ရက္ခိုင့်တပ်တော်  AA ၏ တပ်စခန်းတစ်ခုအား မြန်မာ့တပ်မတော်က ဗုံးကြဲ တိုက်ခိုက်ခဲ့မှုကြောင့်  AA တပ်ဖွဲ့ဝင်အချို့ ကျဆုံးကာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော် AAက ထုတ်ပြန်သည်။

 

ဇူလိုင်လ ၄ ရက်နေ့၊ နေ့လယ် ၁၂ နာရီ ၂၅ မိနစ်အချိန်တွင်  မြန်မာ – ထိုင်းနယ်စပ်အနီး KNLA တပ်မဟာ (၅) နယ်မြေအတွင်းရှိ AA ၏ တပ်စခန်းတစ်ခုအား ဂျက်တိုက်လေယာဉ် (၂) စီးဖြင့် လေကြောင်းမှ ဗုံးကြဲတိုက် ခိုက်ခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။


၎င်းစခန်းအနီး ပတ်ဝန်းကျင်ရှိ AA တပ်ဖွဲ့ဝင်အချို့ ကျဆုံး၊ ဒဏ်ရာရခဲ့ပြီး ဆေးရုံ၊ဆေးခန်း၊ စက်ချုပ်စက်ရုံ အပါအဝင် အဆောက်အဦအချို့ ပျက်စီးဆုံးရှုံးခဲ့သည်ဟု AA ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ဂျက်တိုက်လေယာဉ် ၂ စီးသည် နယ်စပ်အနီးရှိ မိမိတို့၏ တပ်စခန်းအား ရုတ်တရက် ဗုံးကြဲတိုက်ခိုက်ပြီးနောက် ထိုင်းနိုင်ငံလေပိုင်နက်အတွင်းသို့  ဝင်ရောက်သွားခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အီရန်တို့၏ အပြုအမူများ မလျော်ကန်ပါက အမေရိကန်အနေဖြင့် တို-က်ခိုက်မှုများ ပြန်လည်စတင်နိုင်သည်ဟု ထရန့်ပြောပြန်

အီရန်နှင့် သဘောတူညီချက်ရယူမည့် အချက်တစ်ခုအကြောင်း မိမိကို ပြောပြထားသော်လည်း တိကျသည့် စကားလုံးအသုံးအနှုန်းများကို စောင့်ဆိုင်းနေကြောင်းနှင့် အီရန်ဘက်က အပြုအမူ မလျော်ကန်ပါက ထိုနိုင်ငံအပေါ် တို-က်ခိုက်မှုများ ပြန်လည်စတင်နိုင်ခြေ ရှိနေသေးကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က စနေနေ့တွင် ပြောကြားခဲ့သည်။ အီရန်အဆင့်မြင့်အရာရှိတစ်ဦးက စနေနေ့တွင် ပြောကြားရာ၌ ယခုအချိန်အထိ ထရန့်ဘက်က ငြင်းပယ်ထားသည့် အီရန်၏ အဆိုပြုချက်သည် ဟော်မုဇ် ရေလက်ကြားအတွင်း သင်္ဘောသွားလာမှုများကို ဖွင့်ပေးမည်ဖြစ်ပြီး အမေရိကန်၏ အီရန်အပေါ် ရေလမ်းပိတ်ဆို့မှုကို အဆုံးသတ်စေမည်ဖြစ်ကြောင်း၊ အီရန်၏ နျူကလီးယား အစီအစဉ်နှင့် ပတ်သက်သည့် ဆွေးနွေးမှုများကိုမူ...

ပိဋကသုံးပုံအဌကထာ ကွန်ပျူတာစာမူကျမ်းစာအုပ်များဆက်ကပ်လှူဒါန်း

သန်လျင်မင်းကျောင်းဆရာတော်ကြီးအမှူးပြုသည့် ဆရာတော်ကြီးများအား ပိဋကသုံးပုံအဌကထာ ကွန်ပျူတာစာမူကျမ်းစာအုပ်များကို ယနေ့ မေ ၃ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလှိုဏ်ဂူသိမ်တော်ကြီး၌ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်က ပိဋကသုံးပုံအဌကထာ ကွန်ပျူတာစာမူကျမ်း စာအုပ်များဆက်ကပ်လှူဒါန်းရခြင်းနှင့် သာသနာရေးဆိုင်ရာများကိုလျှောက်ထားတင်ပြပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးအောင်နိုင်သူ၊ တာဝန်ရှိသူများနှင့်အတူ ဆရာတော်ကြီးများထံဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ပါကစ္စတန်ကိုတရုတ်လုပ်တို-က်ခိုက်ရေးရေငုပ်သင်္ဘောပေးအပ်

ပေကျင်းနှင့် အစ္စလာမ်မာဘတ်တို့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လာချိန်တွင် တရုတ်နိုင်ငံက တည်ဆောက်ထားသော Hangor အမျိုးအစား တို-က်ခိုက်ရေးရေငုပ်သင်္ဘော တပ်မဟာ၏ ပထမဆုံးသင်္ဘောကို ပါကစ္စတန်ရေတပ်က လက်ခံရရှိခဲ့သည်။ PNS/M Hangor အမည်ရှိ အဆင့်မြင့်ရေငုပ်သင်္ဘော လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ကြာသပတေးနေ့က ဟိုင်နန်ကျွန်းပေါ်ရှိ တရုတ်မြို့ ဆန်ယာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က သတင်းထုတ်ပြန်ခဲ့သည်။ ပါကစ္စတန်သမ္မတ အဆစ်ဖ် အလီဇာဒါရီနှင့် ရေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး နာဗစ် အက်ရှ်ရက်ဖ်တို့သည် ပါကစ္စတန်နှင့် တရုတ်ရေတပ်နှစ်ခုလုံးမှ အကြီးတန်းအရာရှိများနှင့်အတူ အခမ်းအနားကို တက်ရောက်ခဲ့ကြသည်။ တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသော ဇာဒါရီက ရေငုပ်သင်္ဘောကို တပ်‌တော်ဝင်ခြင်းသည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071