Looking for something?

Explore the website

Looking for something?

Wednesday, August 20, 2025

လျှပ်စစ်ဓာတ်အားပေးနိုင်ရန် ကယန်းသာယာဓာတ်အားခွဲရုံမှစက်များအားပြုပြင်ပြီး၍ စမ်းသပ်မောင်းနှင်နေ

ကယားပြည်နယ်၊ လွိုင်ကော်စက်မှုဇုန်အပါအဝင် ဆက်စပ်နေရာများအား လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးခဲ့သော ကယန်းသာယာဓာတ်အားခွဲရုံအားခွဲရုံမှစက်များပျ-က်စီးနေသဖြင့် ပြန်လည်ပြုပြင်မှုများပြု လုပ်ခဲ့ကြပြီးနောက် လက်ရှိအချိန်တွင် ပြန်လည်ပြင်ဆင်ပြီးဖြစ်၍ စက်များကိုစမ်းသပ်မောင်းနှင်လျက်ရှိသည်။ ထိုသို့ စမ်းသပ်မောင်းနှင်နေမှုကို သြဂုတ် ၁၉...

မှတ်ပုံတင်ထားခြင်းမရှိသည့် တိုင်းရင်းဆေးဝါး(၂၆)မျိုးအား အများပြည်သူသုံးစွဲရန်မသင့်ကြောင်း ကြေညာ

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းဆေးဝါးများကို ဘေးကင်းစွာဖြင့် အများပြည်သူသုံးစွဲနိုင်ရန် စစ်ဆေးလျှက်ရှိပြီး ဈေးကွက်အတွင်း တိုင်းရေးဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိဘဲ ရောင်းချနေသည့် ဆေးမေတ္တာ အမှတ်တံ ဆိပ် (၂၆) မျိုးကိုတွေ့ရှိကြောင်း...

ချောက်မြို့၌ စွယ်တော်မြတ်စေတီတော်တည်ထားကိုးကွယ်မည်

မကွေးတိုင်း၊ ချောက်မြို့၊ အမှတ်(၅)ရပ်ကွက်၌ စွယ်တော်မြတ်စေတီတော်မြတ်ကြီးအား တည်ထားကိုးကွယ်ရန်ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ စွယ်တော်မြတ်စေတီတော်တည်ထားကိုး ကွယ်မည့် မြေနေရာအား နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် ဇနီးတို့မှ သြဂုတ်...

‌ရွေးကောက်ပွဲ အပိုင်း(၁)ကို ခရိုင်မြို့ကြီးများနှင့် နီးစပ်သည်မြို့များတွင်...

လာမည် ဒီဇင်ဘာ(၂၈)ရက်တွင် ရွေးကောက်ပွဲ ပထမအသုတ်ကို ခရိုင်မြို့ကြီးများနှင့် နီးစပ်သည့်မြို့များတွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။ ယမန်နေ့...
HomeNewsLocal Newsထိုင်း-မလေးရှားနယ်စပ်တွင်မြန်မာနိုင်ငံသား ၁၃ ဦးဖမ်းဆီးခံရ

ထိုင်း-မလေးရှားနယ်စပ်တွင်မြန်မာနိုင်ငံသား ၁၃ ဦးဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ထိုင်း-မလေးရှားနယ်စပ်ရှိ စုန်ခရာခရိုင်တွင် မလေးရှားနိုင်ငံသို့ဝင်ရောက်ရန် အခြားသူများအားစောင့်ဆိုင်းနေသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၃ ဦး ဖေဖော်ဝါရီ ၁၆ ရက်က ဖမ်းဆီးခံခဲ့ရသည်။

စုန်ခရာခရိုင်မှတာဝန်ရှိသူများနှင့်နယ်ခြားစောင့်တပ်ဖွဲ့ဝင်များက စဒေါင်မြို့၊စမ်နက်ခမ်ကျေးရွာရှိ ထိုင်း-မလေးရှားနယ်စပ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ဆေးချက်အရ ပရာကျွတ်ခီရီခမ်ခရိုင်မှတဆင့် ၎င်းတို့အပါအဝင် လူ ၃၀ ဦးသည် ပစ်ကပ်ကား ၂ စီးဖြင့်လာရောက်ပြီး ဟတ်ယိုင်ခရိုင်တွင် တစ်ညတည်းခိုပြီးနောက် ထိုင်း-မလေးရှားနယ်စပ်သို့ရောက်ရှိခဲ့ခြင်းဖြစ်ကာ အခြားသူများအားစောင့်ဆိုင်းနေစဥ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ပြင် မလေးရှားနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန် ပွဲစားခအဖြစ် တစ်ဦးလျင် ထိုင်းဘတ်ငွေ ၄၀၀၀၀ စီပေးချေခဲ့ရကြောင်းလည်း စစ်ဆေးသိရှိခဲ့ရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူ ၁၃ ဦးအား ထိုင်းနိုင်ငံဥပဒေအရအရေးယူရန် သက်ဆိုင်ရာရဲစခန်းသို့ လွှဲပြောင်းပို့ဆောင်ခဲ့ပြီးနောက် ကျန်ရှိသူများအား ထပ်မံဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လျှပ်စစ်ဓာတ်အားပေးနိုင်ရန် ကယန်းသာယာဓာတ်အားခွဲရုံမှစက်များအားပြုပြင်ပြီး၍ စမ်းသပ်မောင်းနှင်နေ

ကယားပြည်နယ်၊ လွိုင်ကော်စက်မှုဇုန်အပါအဝင် ဆက်စပ်နေရာများအား လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးခဲ့သော ကယန်းသာယာဓာတ်အားခွဲရုံအားခွဲရုံမှစက်များပျ-က်စီးနေသဖြင့် ပြန်လည်ပြုပြင်မှုများပြု လုပ်ခဲ့ကြပြီးနောက် လက်ရှိအချိန်တွင် ပြန်လည်ပြင်ဆင်ပြီးဖြစ်၍ စက်များကိုစမ်းသပ်မောင်းနှင်လျက်ရှိသည်။ ထိုသို့ စမ်းသပ်မောင်းနှင်နေမှုကို သြဂုတ် ၁၉ ရက်နံနက်ပိုင်းက ကယားပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်မှ ကယန်းသာယာဓာတ်အားခွဲရုံပြုပြင်ပြီးစီးမှု၊ ဓာတ်အားခွဲရုံထိန်းချုပ်စက်ခန်းအတွင်း စက်ပစ္စည်းများတပ်ဆင်ပြီးစီးမှုနှင့် စက်များစမ်းသပ်မောင်းနှင်နေမှု၊ Switch Yard ဧရိယာအတွင်း ထရန်စဖော်မာများနှင့် ဓာတ်အားပေးစက်များတပ်ဆင်ပြီးစီးမှုနှင့် ဓာတ်အားထုတ်လွှတ်ကြိုးများသွယ်တန်းနေမှုတို့ကို ကြည့်ရှုခဲ့သည်။ အဆိုပါ ကယန်းသာယာဓာတ်အားခွဲရုံမှ လွိုင်ကော်စက်မှုဇုန်၊ လွိုင်လင်လေးမြို့၊ ကုန်သားကျေးရွာအုပ်စုနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများသို့ လျှပ်စစ်ဓာတ်အားပို့လွှတ်ရန် ဆောင်ရွက်ထားသည်။

မှတ်ပုံတင်ထားခြင်းမရှိသည့် တိုင်းရင်းဆေးဝါး(၂၆)မျိုးအား အများပြည်သူသုံးစွဲရန်မသင့်ကြောင်း ကြေညာ

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းဆေးဝါးများကို ဘေးကင်းစွာဖြင့် အများပြည်သူသုံးစွဲနိုင်ရန် စစ်ဆေးလျှက်ရှိပြီး ဈေးကွက်အတွင်း တိုင်းရေးဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိဘဲ ရောင်းချနေသည့် ဆေးမေတ္တာ အမှတ်တံ ဆိပ် (၂၆) မျိုးကိုတွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ ဩဂုတ်(၂၀)ရက်တွင် အသိပေးထားသည်။ အဆိုပါ ဆေးဝါး(၂၆)မျိုးသည် မှတ်ပုံတင်ထားခြင်းမရှိခြင်းကြောင့် ဆေးဝါးစစ်မှန် အစွမ်းထက်မှုကို အာမခံချက်မပေးနိုင်သောကြောင့် အများပြည်သူသုံးစွဲရန် မသင့်ကြောင်း လ ည်း အသိပေးချက်တွင် ဖော်ပြထားသည်။ အဆိုပါ ဆေး(၂၆)မျိုးတွင် ဆေးလုံး၊ ဆေးအနှစ်၊ ဆေးရည်၊ ဆေးမှုန့် ပုံစံမျိုးစုံဖြင့် ထုတ်လုပ်ထားပြီး ယားနာ၊ အာရုံ ကြော၊ အဆုတ်စသည့်...

ချောက်မြို့၌ စွယ်တော်မြတ်စေတီတော်တည်ထားကိုးကွယ်မည်

မကွေးတိုင်း၊ ချောက်မြို့၊ အမှတ်(၅)ရပ်ကွက်၌ စွယ်တော်မြတ်စေတီတော်မြတ်ကြီးအား တည်ထားကိုးကွယ်ရန်ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ စွယ်တော်မြတ်စေတီတော်တည်ထားကိုး ကွယ်မည့် မြေနေရာအား နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် ဇနီးတို့မှ သြဂုတ် ၁၉ ရက်နံနက်ပိုင်းကကြည့်ရှုခဲ့ကြသည်။ ချောက်ခရိုင်အုပ်ချုပ်ရေးမှူးက စွယ်တော်မြတ် စေ တီတော်တည်ထားကိုးကွယ်နိုင်ရေးဆောင်ရွက်လျက်ရှိမှု၊ မြေပြုပြင်ခြင်းနှင့် မြေသားစစ်ဆေးမှုလုပ်ငန်းများဆောင်ရွက်ပြီးစီးမှုတို့ကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌမှ စွယ်တော်မြတ်စေတီတော်ကြီးအား စေတီတည်ဆောက်ရာတွင် သတ်မှတ်ထားသည့်အချိုးအစားများအတိုင်း စနစ်တကျတည် ဆောက်ရန် မှာကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071