Thursday, December 18, 2025

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ...

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း...

လယ်ယာလုပ်ငန်းဝန်ဆောင်မှုလုပ်နေသော ကုမ္ပဏီတစ်ခု စတော့ဈေးကွက်သို့ စတင်ဝင်ရောက်လာ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် ရှယ်ယာတင်ရောင်းနေသော ကုမ္ပဏီ(၇)ခုခန့်ရှိရာတွင် စွမ်းအင်၊ ဘဏ်၊ ကုန်စည်ပို့​ဆောင်​ရေး၊ နည်းပညာ ကုမ္ပဏီကြီးများ ပါဝင်ပြီး လယ်ယာနှင့် ပတ်သက်သည့် ကုမ္ပဏီက ယနေ့တွင်...
HomeInternationalထိုင်း-ကမ္ဘောဒီးယားပဋိပက္ခ၌ဒရုန်းမထောက်ပံ့ဟုတရုတ်နှင့်ဂျပန်ပြော

ထိုင်း-ကမ္ဘောဒီးယားပဋိပက္ခ၌ဒရုန်းမထောက်ပံ့ဟုတရုတ်နှင့်ဂျပန်ပြော

ဩဂုတ် ၆

ထိုင်းနှင့် ကမ္ဘောဒီးယား နယ်စပ် ပဋိပက္ခများတွင် အသုံးပြုရန် တိုက်ခိုက်ရေး ဒရုန်းများထောက်ပံ့ပေးခြင်းကို ဂျပန်နှင့် တရုတ်တို့က ငြင်းဆိုထားသည်။

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ဂျပန်သံရုံးနှင့် ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံရုံးတို့က ဗုဒ္ဓဟူးနေ့တွင် ၎င်းတို့၏ဖေ့စ်ဘွတ်ခ်စာမျက်နှာများမှတဆင့်တိုက်ပွဲများတွင်ပံ့ပိုးကူညီသည်ဟူသော ကောလာဟလများကို ပယ်ချခဲ့သည်။

“ဂျပန်အစိုးရအနေနဲ့ ထိုင်းနိုင်ငံကို ဒီလိုပစ္စည်းတွေ ထောက်ပံ့ပေးဖို့ ဘယ်တုန်းကမှ မစီစဉ်ထားသလို ထိုင်းဘက်ကလည်း ဒီလိုတောင်းဆိုမှုမျိုးကို မရရှိခဲ့ပါဘူး” ဟု ဂျပန်သံရုံးက ပြောကြားခဲ့သည်။

“ဂျပန်၏အကူအညီကို နိုင်ငံတကာပဋိပက္ခများနှင့် တိုက်ရိုက်မသက်ဆိုင်သောနယ်ပယ်များတွင်သာ ပေးပါသည်။ သတင်းအတုများကို မဖြန့်ပါက ကျွန်ုပ်တို့ ကျေးဇူးတင်ပါမည်” ဟု ၎င်းကဆိုသည်။

ကမ္ဘောဒီးယားနယ်စပ်တွင် မောင်းသူမဲ့လေယာဉ်များ ကိုလှူဒါန်းခဲ့သည် ဆိုသည့်သတင်းကို တရုပ်က ငြင်းဆိုထား ပြီးဖြစ်သည်ဟု ဘန်ကောက်ရှိ တရုတ်သံရုံးက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

“ဒီအစီရင်ခံစာမှာ အသုံးပြုထားတဲ့ ဓာတ်ပုံတွေဟာ ကမ္ဘောဒီးယားမှာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ ကျင်းပတဲ့ တရုတ်နိုင်ငံတော် လေကြောင်းနည်းပညာ သွင်းကုန်/ထုတ်ကုန် ကော်ပိုရေးရှင်း က ကျင်းပတဲ့ ပျံသန်းမှု သရုပ်ပြပွဲတုန်းကရိုက်ကူးခဲ့တဲ့ပုံတွေပါ။ လက်ရှိအခြေအနေနဲ့ ဆက်စပ်မှုမရှိပါဘူး” ဟု သံရုံးကငြင်းဆိုထားပါသည်။

ထိုင်း၊ ကမ္ဘောဒီးယားနှင့် မလေးရှားတို့ အပါအဝင် ဒေသတွင်း နိုင်ငံများနှင့် နီးကပ်စွာ ဆက်ဆံရေး ထိန်းသိမ်းရန် တရုတ်နိုင်ငံက အဆင်သင့်ရှိကြောင်း ထုတ်ဖော် ပြောကြားခဲ့ပြီး အပစ်အခတ် ရပ်စဲရေး ကြိုးပမ်းမှုများကို ပံ့ပိုးကူညီရန်နှင့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု အမြန်ဆုံး ပြန်လည်ရရှိရေး အတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်သွားမည်ဟုလည်း ကတိပြုခဲ့သည်။

မကြာသေးမီ ရက်ပိုင်းအတွင်းက နယ်စပ်တလျှောက် ထောက်လှမ်းခြင်းလုပ်ငန်းကို လုပ်ဆောင်နေသည့် ဒရုန်းအများစုသည် ကမ္ဘောဒီးယားမှ ဆင်းသက်လာခြင်းဖြစ်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးဌာနက အစောပိုင်းတွင် ပြောကြားခဲ့သည်။

အာဏာပိုင်များသည် ကျုးကျော်မှုအားလုံးကို ဓာတ်ပုံအထောက်အထားများဖြင့် မှတ်တမ်းတင်ထားကြောင်း ဒုတိယကာကွယ်ရေးဝန်ကြီး နတ္တဖွန် နတ်ဖန်နစ် က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။
နယ်စပ်တစ်လျှောက်တွင် တွေ့ရသည့် ဒရုန်းအများစုမှာ ကမ္ဘောဒီးယားမှ လာသော်လည်း ဗိုလ်ချုပ်နတ္တဖွန်က ဆူရင်တွင် တနင်္ဂနွေနေ့ညနေခင်းတွင် မြင်တွေ့ရသည့် ဒရုန်းသည် ထိုင်းနိုင်ငံအတွင်းမှ ဆင်းသက်လာခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်နတ္တဖွန်က ပြောကြားခဲ့သည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက ဖမ်း ဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များမှ ပန်စင်ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်နေကြောင်း သ တင်းအရ ရှာဖွေစစ်ဆေးမှုများပြုလုပ်ရာ လက်နက် ကိုင်(၂)ဦးက လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီးနောက် ၎င်းတို့ စတင်ပစ်ခတ်သည့်နေရာအားဝင်ရောက်ရှင်းလင်းခဲ့ရာ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးအား AK-47 (၁)လက်၊ M-22 (၁)လက်၊ MK-12 (၁)လက်၊ ပွိုင့်-၂၂...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ သိရသည်။ ဘင်္ဂလားပင်လယ်အော် (တောင်ပိုင်း) တွင် ဒီဇင်ဘာ ၂၀ ရက်၌ လေဖိအားနည်းဆဲလ်တစ်ခုဖြစ်ပေါ်လာနိုင်ပြီး ယင်းလေဖိအားနည်းဆဲလ်သည် အနောက်ဘက်သို့ရွေ့လျားကာ ဒီဇင်ဘာ ၂၂ ရက်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်ပိုမိုအားကောင်းလာနိုင်ကြောင်း သိရသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်သည် မြန်မာ့ပင်လယ်ပြင်နှင့် မြန်မာနိုင်ငံအပေါ် အကျိုးသက် ရောက်မှုမရှိနိုင်ဟုလည်း မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတော် ယာယီသမ္မတမှ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာအား ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးတို့သည် နှစ်နိုင်ငံကြား ခိုင်မာပြီးရှည်လျားသည့် သံတမန်ဆက်ဆံရေးရှိမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများဆက်လက်တိုးမြှင့်ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် နှစ်နိုင်ငံကြားကုန်သွယ်ရေး၊ စီးပွားရေးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071