ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ TAT သည် ၂၀၂၄ ခုနှစ် ဒုတိယသုံးလပတ် (ဧပြီမှ ဇွန်လအထိ) စုစုပေါင်းခရီးသွားလုပ်ငန်းမှ ၀င်ငွေ ဘတ် ၆၁၃.၆ ဘီလီယံအထိ မျှော်မှန်းထားကြောင်း (TAT) ၏ အုပ်ချုပ်ရေးမှူး မစ္စ Thapanee Kiatphaibool က ပြောကြားခဲ့သည်။
ဤတိုးတက်မူနောက်ကွယ်မှအဓိကအကြောင်းရင်းများမှာ ဧပြီလ ၁ ရက်မှ ၂၁ ရက်အထိ ကျင်းပမည့် “မဟာသင်္ကြန်ကမ္ဘာ့ရေပွဲတော် ၂၀၂၄” ကြောင့်ဖြစ်သည်။
မဟာသင်္ကြန်ပွဲတော် ၂၀၂၄ ခုနှစ် ဧပြီလ ၁၂ ရက်မှ ၁၆ ရက်အတွင်း ခရီးသွားလာရေးနှင့် ခရီးသွား လုပ်ငန်းများကို ပိုမို ဆွဲဆောင်နိုင်မည်ဟု TAT မှ မျှော်လင့်ထားပြီး စုစုပေါင်း ခရီးသွားဝင်ငွေ ဘတ် ၂၄.၄၂ ဘီလီယံ ရရှိကာ ၂၀၂၃ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၈% တိုးလာမည်ဟု TAT မှ မျှော်လင့်ထားသည်။
နိုင်ငံတကာ ခရီးသွားလုပ်ငန်းမှ ဘတ်ငွေ ၈ ဒသမ ၇၆ ဘီလီယံနှင့် ပြည်တွင်း ခရီးသွားလုပ်ငန်းမှ ဘတ် ၁၅ ဒသမ ၆၆ ဘီလီယံ၊ ဧည့်သည် ဝင်ရောက်မှု ၅၁၀,၀၀၀ ခန့်မှန်းထားသည်။
ဘန်ကောက်ရှိ ဆုန်ခရွန်ပွဲကြောင့်ဝင်ငွေ ဘတ် ၃.၆၉ ဘီလီယံရရှိမည်ဟု မျှော်လင့်ထားသည်။
ဘန်ကောက်၏ ခေါက်ဆန်လမ်းနှင့်စီးလုံလမ်း တို့တွင်လည်း နိုင်ငံခြားသားများဖြင့်စည်ကားအောင်မြင်ခဲ့သည်။
နိုင်ငံခြားခရီးသွားဧည့်သည် ဝင်ရောက်မှု ၈,၂၇၂,၃၀၀ ဦး မျှော်မှန်းထားပြီး ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၉ ရာခိုင်နှုန်း တိုးလာကာ ၂၀၁၉ ခုနှစ်နှင့်ယှဥ်ပါက ၉၂ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်။
၎င်းအရေအတွက်သည် ဘတ်ငွေ ၃၆၇.၉ ဘီလီယံ ရရှိမည်ဖြစ်ပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၂၅ ရာခိုင်နှုန်း တိုးလာပြီး ၂၀၁၉ ခုနှစ်၏ ၉၅ ရာခိုင်နှုန်းအထိ တိုးလာမည်ဖြစ်သည်။
Source: khaosod
