ဇူလှိုင် ၆
ထိုင်းတော်ဝင်လေတပ်သည် တိုက်ပွဲအတွင်း၌ အဖိုးတန်သောပစ်မှတ်များကို တိကျစွာ ပစ်ခတ်ရန် ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားသောအ ေ-သ ခံ မောင်းသူမဲ့ လေယာဉ်၏ ပြည်တွင်းထုတ် ဗားရှင်းကို စနေနေ့ကထုတ်ဖော်ပြသခဲ့သည်။
အ ေ-သခံမောင်းသူမဲ့လေယာဉ်ဟု နာမည်ပြောင်ပေးထားသော အကြီးအကျယ်ပေါက်ကွဲထွက်နိုင်သော ထိပ်ဖူးများဖြင့် မိမိကိုယ်ထည်များဖြင့် ဖျ-က်ဆီးတို-က်ခို-က်နိုင်စွမ်းရှိသော ၎င်းဒရုန်းသည် ပြည်တွင်း၌ တီထွင်ဆန်းသစ်မှုဖြင့် နိုင်ငံ၏ကာကွယ်ရေးစွမ်းရည်ကို တိုးတက်မြှင့်တင်ရန် ပိုမိုကျယ်ပြန့်သောမဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း လေတပ်က ပြောကြားခဲ့သည်။
အဆိုပါ စီမံချက်သည် နာဗာမင်ဒ ကစတ္ထရီယာဒီရာတ် တော်ဝင်လေတပ်အကယ်ဒမီ၊ လေတပ်လက်နက်ညွှန်ကြားမှုဦးစီးဌာနနှင့် အာကာသ၊ လေကြောင်းသိပ္ပံနှင့် နည်းပညာဆိုင်ရာ လေတပ် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးစင်တာတို့ ပူးပေါင်းဆောင်ရွက်တီထွင်ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။
ဒရုန်းကို စမ်းသပ်မှုများ အောင်မြင်ခဲ့ပြီး တာလတ်ပစ် ပစ်မှတ်များကို တိကျစွာ ပစ်ခတ်နိုင်စွမ်းကို ပြသနိုင်ခဲ့သည်။
ထိုင်းတော်ဝင်လေတပ်သည် ယင်းစမ်းသပ်မှုကို အ ေ-သခံမောင်းသူမဲ့လေယာဉ် ကို ပြည့်စုံစွာထုတ်လုပ်ခြင်းနှင့် နောက်ပိုင်း တပ်ဖွဲ့များတွင်အသုံးချနိုင်ရန် တစ်ခြားအဆင့်သို့ တက်နိုင်သည့် အရေးကြီးအဆင့်တစ်ခု ဟုခေါ်ဆိုခဲ့သည်။
ထိုင်းတော်ဝင်လေတပ် ကထပ်မံ၍ ဤနည်းပညာအသစ်သည် တို-က်ခို-က်ရန်အဆင်သင့်ဖြစ်မှု ကို မြှင့်တင်ပေးနိုင်မည်ဖြစ်ပြီး ခေတ်မီနည်းပညာဖြင့် ထိုင်းနိုင်ငံ၏ အချုပ်အချာအာဏာကာကွယ်ရေး စနစ်တည်ဆောက်ရာတွင် အရေးပါသော အခန်းကဏ္ဍ တစ်ခုဖြစ်လာနိုင်ကြောင်းဖော်ပြခဲ့သည်။
Ref: ဘန်ကောက်ပို့စ်
