Monday, June 23, 2025

အမေရိကကိုလက်တုန့်ပြန်မည်–အီရန်သမ္မတ

တေရန်၊ဇွန် ၂၂ အီရန်နျူကလီးယားစက်ရုံများကို အမေရိက,က တို-က်ခို-က်ခဲ့သည့်အတွက် လက်တုန့်ပြန်မည်ဖြစ်ကြောင်း အီရန်သမ္မတ မာဆွတ်ဒ် ပီဇက်ခီယန်က ဇွန်လ ၂၂ ရက်နေ့တွင် ပြောကြားခဲ့သည်။ ၎င်းသည် ပြင်သစ်သမ္မတနှင့်...

အမှိုက်အမျိုးအစားများ ခွဲခြားပစ်နိုင်ရန် ရန်ကုန်စည်ပင် နိုးဆော်နေ

ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့နယ်များတွင် အမှိုက်အမျိုးအစား ၄ မျိုးခွဲခြားစွန့်ပစ်နိုင်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကနိုးဆော်တို-က်တွန်းနေသည်။ လက်ရှိတွင် Shopping Mall များနှင့် အဆင့်မြင့်အရောင်းဆိုင်ကြီးများတွင် အမှိုက်အမျိုးအစား ၄ မျိုးခွဲခြားစွန့်ပစ်နိုင်ရန်...

အီရန်အရေးလုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပ၊ အပ-စ်ရပ်ရန်ရုရှားနှင့် တရုတ်တွန်းအားပေး

အရှေ့အလယ်ပိုင်းတွင် ခြွင်းချက်မရှိ အပ-စ်အခ-တ်ရပ်စဲရေးကို တောင်းဆိုသော ဆုံးဖြတ်ချက်အတွက် ရုရှား၊ တရုတ်နှင့် ပါကစ္စတန်နိုင်ငံများက အဖွဲ့ဝင် ၁၅ နိုင်ငံပါကောင်စီကို အဆိုပြုခဲ့မှုအရ အီရန်နျူကလီးယားနယ်မြေများကို...

စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း ဆက်တို-က်ကျဆင်းလာ

စားသုံးသူဈေးကွက်အတွင်း ရောင်းချရန် ယခုတစ်ပါတ်အတွက် စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို (၆,၀၈၀) ကျပ် သတ်မှတ်ထားကြောင်း သိရသည်။ ပြီးခဲ့သည့် တစ်ပါတ်တွင် စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ...
HomeNewsLocal Newsထိုင်းရောက် မြန်မာလုပ်သားများကို အထူးအခွင့်အရေးအနေဖြင့်...

ထိုင်းရောက် မြန်မာလုပ်သားများကို အထူးအခွင့်အရေးအနေဖြင့် (၆)လ သက်တမ်းထပ်တိုးပေးမည်

ထိုင်းနိုင်ငံ၊ အလုပ်သမားဝန်ကြီးဌာနမှ မြန်မာအလုပ်သမား (၁.၈)သန်းခန့် အား ထိုင်းနိုင်ငံအတွင်း အထူးအခွင့်အရေးတစ်ရပ်အနေဖြင့် သက်တမ်းတိုးလုပ်ငန်းစဉ်ကို သတ်မှတ်ကာလအတွင်း ဆောင်ရွက်နိုင်ရန် ထပ်မံ၍ (၆)လ သက်တမ်းတိုးပေးမည်ဖြစ်ကြောင်း သိရသည်။

အလုပ်လုပ်ကိုင်ခွင့် သက်တမ်းတိုးပေးမည့် ကိစ္စနှင့်ပတ်သက်၍ ထိုင်းနိုင်ငံ၊ အလုပ်သမားဝန်ကြီးဌာနမှ မေလ (၂၈) ရက်တွင် နိုင်ငံခြားသားအလုပ်သမားစီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုင်းရောက်မြန်မာလုပ်သားများသည် သတ်မှတ်ထားသောလုပ်ငန်းစဉ်များဆောင်ရွက်ပြီးပါက အလုပ်လုပ်ကိုင်ခွင့် သက်တမ်း (၂) နှစ် ရရှိမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေး၏ အစည်းအဝေးဆုံးဖြတ်ချက်များအား ထိုင်းအစိုးရအဖွဲ့အစည်းအဝေးသို့ အတည်ပြုချက်ရရှိရေး ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity: CI) သက်တမ်းတိုးလုပ်ငန်းစဉ်များကိုလည်း ၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်း ဖွင့်လှစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အသေးစိတ်လုပ်ငန်းစဉ်အား ထပ်မံဖော်ပြပေးသွားမည်ဖြစ်ကြောင်း အလုပ်သမားသံအရာရှိရုံးက အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမေရိကကိုလက်တုန့်ပြန်မည်–အီရန်သမ္မတ

တေရန်၊ဇွန် ၂၂ အီရန်နျူကလီးယားစက်ရုံများကို အမေရိက,က တို-က်ခို-က်ခဲ့သည့်အတွက် လက်တုန့်ပြန်မည်ဖြစ်ကြောင်း အီရန်သမ္မတ မာဆွတ်ဒ် ပီဇက်ခီယန်က ဇွန်လ ၂၂ ရက်နေ့တွင် ပြောကြားခဲ့သည်။ ၎င်းသည် ပြင်သစ်သမ္မတနှင့် ဖုန်းခေါ်ဆိုစဥ်က ပြင်သစ်သမ္မတ၏ ပြဿနာကိုထိန်းထိန်းသိမ်းသိမ်းဖြေရှင်းရန် တောင်းဆိုမှုကို ယခုပြန်လည်ပြောကြားခဲ့ခြင်း ဖြစ်သည်။ အမေရိက၏တို-က်ခို-က်မှုသည် ၎င်း၏မရိုးသားမှုပြယုဂ်တစ်ခုပင်ဖြစ်ပြီး တွေ့ဆုံဆွေးနွေးရေးနှင့်ငြိမ်းချမ်းရေး ကြိုးပမ်းမှုများအတွက် ထရမ့်ပ်၏ အခိုင်အမာပြောဆိုမှုများသည် အခြေအမြစ်မရှိသည့်စကားများသာဖြစ်သည်ဟုလည်း ဆိုခဲ့သည်။ သို့သော် အီရန်သည် ဥရောပနှင့် သံတမန်ရေးဆိုင်ရာကတိကဝတ်ပြုမှုကို အလေးထားကာ တွေ့ဆုံဆွေးနွေးရေးနှင့် အပြန်အလှန်ဆက်ဆံရေးအတွက် အမြဲအဆင်သင့်ဖြစ်နေကြောင်း ပြောကြားခဲ့ပြီး သံတမန်ရေးလမ်းကြောင်းကိုလည်း မည်သည့်အခါမျှ မစွန့်လွှတ်ခဲ့ဟု၎င်းကဆိုသည်။ မက်ခရွန်ကလည်း အီရန်နှင့်စေ့စပ်ဆွေးနွေးရန်ဆန္ဒရှိကြောင်းထပ်လေ-ာင်းပြောကြားခဲ့ပြီး ပါရီသည်...

အမှိုက်အမျိုးအစားများ ခွဲခြားပစ်နိုင်ရန် ရန်ကုန်စည်ပင် နိုးဆော်နေ

ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့နယ်များတွင် အမှိုက်အမျိုးအစား ၄ မျိုးခွဲခြားစွန့်ပစ်နိုင်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကနိုးဆော်တို-က်တွန်းနေသည်။ လက်ရှိတွင် Shopping Mall များနှင့် အဆင့်မြင့်အရောင်းဆိုင်ကြီးများတွင် အမှိုက်အမျိုးအစား ၄ မျိုးခွဲခြားစွန့်ပစ်နိုင်ရန် အကောင်အထည်ဖော်ရာတွင် ပူးပေါင်းဆောင်ရွက်ပေးရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ တို-က်တွန်းထားကြောင်း သိရသည်။ အမှိုက်အမျိုးအစား ၄ မျိုး ခွဲခြားစွန့်ပစ်ရာတွင် အမှိုက်စိုများဖြစ်သော မီးဖိုချောင်ထွက်ပစ္စည်းများနှင့် တစ်ကိုယ်ရေသုံး သန့်ရှင်းရေးပစ္စည်းများအတွက် အစိမ်းရောင်အမှိုက်ပုံး၊ အမှိုက်ခြောက်များဖြစ်သော စက္ကူ၊ ကတ်ထူစက္ကူ၊ သံတိုသံစ၊ ပိတ်စ၊ သစ်သားစ စသည့်စွန့်ပစ်ပစ္စည်းများအတွက် အဝါရောင်အမှိုက်ပုံး၊ ပလတ်စတစ်အမှိုက်များဖြစ်သော ပလတ်စတစ်သုံးပစ္စည်းများအား...

အီရန်အရေးလုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပ၊ အပ-စ်ရပ်ရန်ရုရှားနှင့် တရုတ်တွန်းအားပေး

အရှေ့အလယ်ပိုင်းတွင် ခြွင်းချက်မရှိ အပ-စ်အခ-တ်ရပ်စဲရေးကို တောင်းဆိုသော ဆုံးဖြတ်ချက်အတွက် ရုရှား၊ တရုတ်နှင့် ပါကစ္စတန်နိုင်ငံများက အဖွဲ့ဝင် ၁၅ နိုင်ငံပါကောင်စီကို အဆိုပြုခဲ့မှုအရ အီရန်နျူကလီးယားနယ်မြေများကို အမေရိက,က တို-က်ခို-က်ခဲ့ခြင်းကို ဆွေးနွေးရန် တနင်္ဂနွေနေ့တွင် လုံခြုံရေးကောင်စီက အစည်းအဝေးကျင်းပ ပြုလုပ်ခဲ့သည်။ ဆုံးဖြတ်ချက်အပေါ် မည်သည့်အချိန်တွင် မဲခွဲဆုံးဖြ-တ်မည်ဆိုသည်ကိုမူ လတ်တလောတွင် မသိရသေးပေ။ အစ္စရေးက အီရန်ကို တို-က်ခို-က်ခဲ့မှုများအတွင်း ေ-သဆုံးသူ ၈၆၅ ဦးနှင့် ဒဏ်ရာရသူ ၃,၃၉၆ ဦး ရှိခဲ့သည်ဟု ဝါရှင်တန်အခြေစိုက် လူအခွင့်အရေးတက်ကြွလှုပ်ရှားသူများအဖွဲ့က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။ ဆုံးဖြတ်ချက်မူကြမ်းစာသားကို သုံးနိုင်ငံက ဖြန့်ဝေထားကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071