ထိုင်းနိုင်ငံဘုရင်မင်းမြတ် ဘူမိဘော အဒူလျာဒက်ဂျ်၏ မွေးနေ့၊ ထိုင်းနိုင်ငံ၏ အမျိုးသားနေ့နှင့် Thailand’s Father’s Day အထိမ်းအမှတ်ကို ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီးနေအိမ်၌ ကျင်းပခဲ့သည်။
အဆိုပါပွဲသို့ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်နှင့်ဇနီး တတ်ရောက်ခဲ့ပြီး အခမ်းအနားတွင် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်သီချင်းနှင့် ထိုင်းနိုင်ငံတော်သီချင်းတို့ဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E.Mr.Mongkol Visitstump က နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။
ယင်းနောက် ထိုင်းနိုင်ငံယဉ်ကျေးမှုအဖွဲ့၏ ကပြဖျော်ဖြေမှုများနှင့် ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သလို ဧည့်ခံပွဲအခမ်းအနားသို့ နစကဥက္ကဋ္ဌ ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်၊ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင် ဦးစောထွန်းအောင်မြင့်နှင့်ဇနီး၊ ဒေါက်တာဗညားအောင်မိုးနှင့်ဇနီး၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ စစ်သံမှူးများ၊ ကုလသမဂ္ဂဆိုင်ရာဌာနေ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။