Sunday, May 25, 2025

ကောင်းမှုတော်‌စေတီတော် အပျ-က်အစီးများ စစ်ဆေးနိုင်ရန် ဆောင်ရွက်နေ

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခို-က်ပျ-က်စီးမှုရှိခဲ့သည့် စစ်ကိုင်းမြို့၊ ရာဇာမဏိစူဠာ ကောင်းမှုတော်‌ စေတီတော်ကြီးကို စစ်ဆေးမှုများ ဆောင်ရွက်နိုင်ရန် ငြမ်းဆင်နေကြောင်း သိရသည်။ စေတီတော်ကြီးသည် ငလျင်ကြောင့် စိန်ဖူးတော် ထိခို-က်မှုရှိခဲ့သော်လည်း...

သြစတြေးလျ၌ရေကြီး၍ပိ-တ်မိနေသူများကိုဝေဟင်မှပစ္စည်းများ ချပေး

သြစတြေးလျနိုင်ငံ အရှေ့တောင်ပိုင်းတွင် လူငါးဦး‌ေ-သဆုံးခဲ့ကာ သောင်းနှင့်ချီ၍ အဆက်အသွယ်ပြ-တ်တေ-ာက်မှုများဖြစ်ခဲ့သည့် ရေကြီးမှုများကြောင့် နူးဆော့ခ်ဝေးလ်ပြည်နယ်ရှိ ပိ-တ်မိနေသည့် မွေးမြူရေးသမားများအတွက် တိရစ္ဆာန်အစာများကို မေလ ၂၅ ရက်...

ညောင်တုန်းတွင် ကမ်းပါးပြိုကျမှုကြောင့် နေအိမ်များရေထဲပါ

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့၊ ရန်ကင်းစံရာ ရွာ၌ ယမန်နေ့မေလ(၂၄)ရက် ညက မြစ်ကမ်းပါးပြိုကျကာ အိမ်ခြေ (၁၈) လုံး ရေထဲ မျောပါသွားသည့်ဖြစ်စဥ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ “ညသန်းခေါင်ကြီး...

ကိုဗစ် – ၁၉ ရောဂါ...

အိမ်နီးချင်း နိုင်ငံများတွင် ပြန်လည်ဖြစ်ပွားနေသည့် ကိုဗစ် - ၁၉ ရောဂါကူးစက်မှု မရှိစေရေးကာကွယ်ထိန်းချုပ်မှုများပြုလုပ်နိုင်ရန် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းနှင့် နယ်စပ်ဂိတ်များတွင် စောင့်ကြည့်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးပါမောက္ခ...
HomeNewsLocal Newsထိုင်းနှင့်မြန်မာ နှစ်နိုင်ငံလက်တွဲ၍ မူးယစ်ကင်းစင်သောဒေသတစ်ခုဖြစ်ပေါ်လာစေရန်ဆောင်ရွက်သွားမည်

ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံလက်တွဲ၍ မူးယစ်ကင်းစင်သောဒေသတစ်ခုဖြစ်ပေါ်လာစေရန်ဆောင်ရွက်သွားမည်

(၂၄)ကြိမ်မြောက် မြန်မာ-ထိုင်း နှစ်နိုင်ငံမူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေးအစည်းအဝေးအား မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ဖေဖော်ဝါရီ ၂၀ ရက်နံနက်ပိုင်းက ရန်ကုန်မြို့ Park Royal Hotel ၌ ကျင်းပခဲ့သည်။

မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုနှင့်အလွဲသုံးမှုတို့သည် နိုင်ငံဖြတ်ကျော်မှုခင်းများနှင့် ဆက်နွှယ်ကြီးထွားလာ၍ နိုင်ငံများ၏ စီးပွားရေး၊လူမှုရေး၊ကျန်းမာရေးနှင့်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုတို့ကို ကြီးမားသောဆိုးကျိုးဖြစ်စေသည့် စိန်ခေါ်မှုတစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေသည်ဟု မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့အတွင်းရေးမှူး၊ပြည်ထဲရေးဝန်ကြီး ဌာန ဒု-ဝန်ကြီး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ်ဗိုလ်ချုပ်ဇင်မင်းထက်က အစည်းအဝေး၌ပြောကြားခဲ့သည်။

မဲခေါင်အဖွဲ့ဝင်နိုင်ငံများ၊ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၊အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊အိမ်နီးချင်းနိုင်ငံများနှင့်မူးယစ်ဆေးဝါးထိန်းချုပ်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိ​နေသည်ဟုဆိုသည်။

ထို့ပြင် ထိုင်းနိုင်ငံမူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့နှင့်နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပြီး မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးလုပ်ငန်းများကို အနီးကပ်ပူးပေါင်းဆောင်ရွက်​နေကာ နှစ်နိုင်ငံလက်တွဲ၍ မူးယစ်ကင်းစင်သော ဒေသတစ်ခုဖြစ်ပေါ်လာစေရန် ကြိုးပမ်းတည်ဆောက်သွားမည်ဟုပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ အတွင်းရေးမှူးချုပ် Mr. Wichai Chaimongkhon ကလည်း မြန်မာနိုင်ငံမှမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များအတွက် စွမ်းရည်မြှင့်သင်တန်းများ၊ ခေတ်မီနည်းပညာသုံးပစ္စည်းများကို ဆက်လက်ပံ့ပိုးသွားမည်ဟု ပြောကြားခဲ့သည်။

အစည်းအဝေးတွင် မူးယစ်ဆေးဝါးပြဿနာကို ရင်ဆိုင်ဖြေရှင်းရာ၌ ကြုံတွေ့နေရသည့် စိန်ခေါ်မှုအခက်အခဲများ၊ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုဖြစ်စဉ်များ၊နှစ်နိုင်ငံကြား ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စများ၊အချိန်နှင့်တစ်ပြေးညီ သတင်းဖလှယ်ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းမှုတော်‌စေတီတော် အပျ-က်အစီးများ စစ်ဆေးနိုင်ရန် ဆောင်ရွက်နေ

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခို-က်ပျ-က်စီးမှုရှိခဲ့သည့် စစ်ကိုင်းမြို့၊ ရာဇာမဏိစူဠာ ကောင်းမှုတော်‌ စေတီတော်ကြီးကို စစ်ဆေးမှုများ ဆောင်ရွက်နိုင်ရန် ငြမ်းဆင်နေကြောင်း သိရသည်။ စေတီတော်ကြီးသည် ငလျင်ကြောင့် စိန်ဖူးတော် ထိခို-က်မှုရှိခဲ့သော်လည်း မြေခမှုမရှိဘဲ စေတီတော်ပရဝုဏ်အတွင်းရှိ သာသနိကအဆောက်အအုံတချို့ ထိခို-က်ပြိုကျပျ-က်စီးခဲ့မှုများရှိသည်။ ထို့ပြင် စေတီတော်ကြီး၏ ကိုယ်ထည်၌လည်း အက်ကွဲခြင်း၊ ဆေးကွာများရှိသည့်အတွက် ပညာရှင်များကိုယ်တိုင်တက်ရောက်ကာ စစ်ဆေးနိုင်ရန် သီတဂူဆရာတော်ကြီး၏ လမ်းညွှန်မိန့်ကြားချက်ဖြင့် ငြမ်းဆင်နေခြင်း ဖြစ်ကြောင်းလည်း သိရသည်။ လက်ရှိတွင် စေတီတော်ပရဝုဏ်အတွင်းရှိ အခြားပြိုကျပျ-က်စီးခဲ့သည့် သာသနိက အဆောက်အအုံများကို ဖယ်ရှားရှင်းလင်းပြီးဖြစ်ကြောင်းလည်း သိရသည်။

သြစတြေးလျ၌ရေကြီး၍ပိ-တ်မိနေသူများကိုဝေဟင်မှပစ္စည်းများ ချပေး

သြစတြေးလျနိုင်ငံ အရှေ့တောင်ပိုင်းတွင် လူငါးဦး‌ေ-သဆုံးခဲ့ကာ သောင်းနှင့်ချီ၍ အဆက်အသွယ်ပြ-တ်တေ-ာက်မှုများဖြစ်ခဲ့သည့် ရေကြီးမှုများကြောင့် နူးဆော့ခ်ဝေးလ်ပြည်နယ်ရှိ ပိ-တ်မိနေသည့် မွေးမြူရေးသမားများအတွက် တိရစ္ဆာန်အစာများကို မေလ ၂၅ ရက် နေ့က ရဟတ်ယာဉ်များသုံးကာ ချပေးခဲ့သည်။ မြို့များ အဆက်အသွယ်ပြတ်တောက်ပြီး တိရစ္ဆာန်များ ရေမျောပါခဲ့ခြင်းနှင့် နေအိမ်များ ပျ-က်စီးမှုဖြစ်ခဲ့သည့် ရက်ပိုင်းကြာ ရေကြီးမှုဖြစ်ခဲ့ပြီးနောက် သြစတြေးလျနိုင်ငံ၏ လူဦးရေအထူထပ်ဆုံးပြည်နယ်၏ ကမ်းရိုးတန်းဒေသတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။ ရက်နှင့်ချီ၍ မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် ရေကြီး၍ အိမ်ခြေ (၁၀,၀၀၀) ခန့် ပျ-က်စီးနိုင်သည်ဟု အာဏာပိုင်များက ခန့်မှန်းသည်။ ရေကြီး‌သောကြောင့် ဒေသခံ (၃၂,၀၀၀)...

ညောင်တုန်းတွင် ကမ်းပါးပြိုကျမှုကြောင့် နေအိမ်များရေထဲပါ

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့၊ ရန်ကင်းစံရာ ရွာ၌ ယမန်နေ့မေလ(၂၄)ရက် ညက မြစ်ကမ်းပါးပြိုကျကာ အိမ်ခြေ (၁၈) လုံး ရေထဲ မျောပါသွားသည့်ဖြစ်စဥ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ “ညသန်းခေါင်ကြီး ဖြစ်သွားတာ၊ ဘာပစ္စည်းမှ မရလိုက်ဘူး၊ လူတောင် ကံကောင်းတာ” ဟု ကြုံခဲ့ရသည့် ဒေသခံတစ်ဦးက ဆိုသည်။ ထို့ပြင် ကမ်းပါးထပ်ပြိုကျမည်ကို စိုးရိမ်ရသည့်အတွက်ရွှေ့ပြောင်းခဲ့ရသည့် နေအိမ်လည်း (၃၅) လုံးခန့်ရှိကြောင်း သိရသည်။ လက်ရှိတွင် လူဦးရေ (၁၃၅)ဦးစာအတွက် စောင်ခြင်ထောင် ခေါင်းအုံးနှင့် အရေးပေါ် အကူအညီလိုအပ်လျက်ရှိ ကြော င်းလည်း ကူညီပေးနေသူများထံမှ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071