Saturday, May 30, 2026

မင်းကင်းမြို့ကိုဗဟိုပြုပြီး အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်

မင်းကင်းမြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု ယနေ့ မေ ၃၀ ရက်ညနေပိုင်းကလှုပ်ခတ်ခဲ့ကြောင်း မိုးဇလထံမှ သိရသည်။ မင်းကင်းမြို့၏ တောင်-အနောက်တောင်ဘက်(၂၉)မိုင်ခန့်အကွာ၊ အနက်(၇၅)ကီလိုမီတာကိုဗဟိုပြု၍ အင် အား မဂ္ဂနီကျူ့(၃...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊...

အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မေ ၃၀ ရက်ညနေပိုင်းက အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများနှင့်မိသားစုဝင်များ၊ အစိုးရပညာတော်သင်များကို...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံပြည်ပရေးရာဝန်ကြီးက လာရောက်ဂါရဝပြုတွေ့ဆုံ

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့သို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး H.E. Dr. Subrahmanyam Jaishankar က ယနေ့...

ဗုဒ္ဓဂါယာရှိ မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းတော်ကြီးကျောင်းမှ သံဃာတော်များကို နိုင်ငံတော်သမ္မတ...

အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ ဗုဒ္ဓဂါယာသို့ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ယနေ့ မေ ၃၀ ရက်နံနက်ပိုင်းက ဗုဒ္ဓဂါယာရှိ မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းကြီးကျောင်းသို့သွားရောက်ခဲ့သည်။ ထိုသို့ သွားရောက်ပြီးနောက် မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းကြီးကျောင်းရှိ...
HomeInternationalထိုင်းနှင့်ဗီယက်နမ်ရှိတိရစ္ဆာန်ရုံများသည် မျိုးသုဥ်းလုနီးဖြစ်နေသော ကြိုးကြာများကိုကာကွယ်ရန်...

ထိုင်းနှင့်ဗီယက်နမ်ရှိတိရစ္ဆာန်ရုံများသည် မျိုးသုဥ်းလုနီးဖြစ်နေသော ကြိုးကြာများကိုကာကွယ်ရန် ပူးပေါင်းဆောင်ရွက်မည်ဟုဆို

ထိုင်းနိုင်ငံ၏တိရစ္ဆာန်ဥယျာဉ်အဖွဲ့သည် ဗီယက်နမ်ရှိမျိုးသုဥ်း ပျောက်ကွယ်လုနီးပါးဖြစ်နေသော Eastern Sarus အမျိုးအစား ကြိုးကြာများ၏အရေအတွက်တိုးပွားလာစေရန် ဗီယက်နမ်တိရစ္ဆာန်ဥယျာဉ်အသင်းနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ အရ အဆိုပါပူးပေါင်းဆောင်ရွက်မှု၌ ဗီယက်နမ်နိုင်ငံ နုန်ဖတ်ပြည်နယ်ပြည်သူ့ကော်မတီနှင့် နိုင်ငံတကာကြိုးကြာဖောင်ဒေးရှင်းတို့လည်း ပါဝင်မည်ဖြစ်ကြောင်းသိရသည်။

“ကျွန်တော်တို့အနေနဲ့ ဒီကြိုးကြာလေးတွေကို မျိုးသုဉ်းလုဆဲအခြေအနေကနေ သူတို့ရဲ့သဘာဝနေရင်းအတိုင်းပြန်ပို့နိုင်အောင်လုပ်နေပြီး သူတို့လေးတွေကောင်းကင်မှာ ဆက်လက်ပျံသန်းနိုင်အောင်လည်း ကြိုးစားနေပါတယ်” ဟုဆိုသည်။

သို့သော်ဗီယက်နမ်ရှိ Eastern Sarus အမျိုးအစားကြိုးကြာအရေအတွက်သည် မျိုးသုဉ်း ပျောက်ကွယ်ရန်အန္တရာယ်ရှိနေဆဲဖြစ်ပြီး နှစ်နိုင်ငံသဘောတူညီချက်သည် ဗီယက်နမ်ရှိ ရှားပါးငှက်ထိန်းသိမ်းရေးအမျိုးသားဥယျာဉ် Tram Chim ၌ ကြိုးကြာကောင်ရေ တိုးတက်စေရန်လည်းရည်ရွယ်ခြင်းဖြစ်သည်။

လက်ရှိတွင် ဗီယက်နမ်၌ Eastern Sarus ကြိုးကြာအရေအတွက်သည် ကောင်ရေ ၁,၀၀၀ မှ ၁,၅၀၀ ကြားသာရှိပြီး အရှေ့တောင်အာရှရှိ အရေးအပါဆုံးအရေအတွက်လည်းဖြစ်သည်။

အဆိုပါကြိုးကြာမျိုးစိတ်များသည် ကျက်စားရာနေရာများဆုံးရှုံးခြင်း၊ အမဲလိုက်ခံရခြင်းနှင့် ခိုးယူခံရခြင်းစသည့်အချက်များကြောင့် ဒေသတွင်း၌သာမက ကမ္ဘာလုံးဆိုင်ရာခြိမ်းခြောက်မှုနှင့်ပါ ရင်ဆိုင်နေကြရသည်ဟုလည်းဆိုသည်။

Source : The Thaiger

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မင်းကင်းမြို့ကိုဗဟိုပြုပြီး အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်

မင်းကင်းမြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု ယနေ့ မေ ၃၀ ရက်ညနေပိုင်းကလှုပ်ခတ်ခဲ့ကြောင်း မိုးဇလထံမှ သိရသည်။ မင်းကင်းမြို့၏ တောင်-အနောက်တောင်ဘက်(၂၉)မိုင်ခန့်အကွာ၊ အနက်(၇၅)ကီလိုမီတာကိုဗဟိုပြု၍ အင် အား မဂ္ဂနီကျူ့(၃ ဒသမ ၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုသည် ညနေ ၄ နာရီ ၃၆ မိနစ် ၄၈ စက္ကန့်ကလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးမှဝန်ထမ်းများနှင့် ပညာတော်သင်များကိုတွေ့ဆုံ

အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မေ ၃၀ ရက်ညနေပိုင်းက အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများနှင့်မိသားစုဝင်များ၊ အစိုးရပညာတော်သင်များကို မြန်မာသံရုံး၌တွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံပြီးနောက် မြန်မာသံရုံး၏ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင်လက်မှတ်ရေးထိုးပြီး ဩဝါဒစ ကားပြောကြားကာအမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။ ထို့နောက် နိုင်ငံတော်သမ္မတသည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတည်ခင်းဧည့်ခံသည့် ညစာစားပွဲကို တက်ရောက်ခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံပြည်ပရေးရာဝန်ကြီးက လာရောက်ဂါရဝပြုတွေ့ဆုံ

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့သို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး H.E. Dr. Subrahmanyam Jaishankar က ယနေ့ မေ ၃၀ ရက်တွင် လာရောက် ဂါရဝပြုတွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံပြီးနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးတို့ သည် နှစ်နိုင်ငံအကျိုးအတွက် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071