Thursday, July 2, 2026

စီးပွားရေးပြန်လည်ဦးမော့လာမှုကြောင့် သီရိလင်္ကာကို အထက်တန်းအလယ်အလတ်ဝင်ငွေနိုင်ငံအဖြစ် ကမ္ဘာ့ဘဏ်...

ကိုလံဘို၊ ဇူလိုင် ၂ သီရိလင်္ကာနိုင်ငံကို အထက်တန်းအလယ်အလတ်ဝင်ငွေရှိသော စီးပွားရေးနိုင်ငံ (Upper-Middle Income Economy) အဖြစ် ကမ္ဘာ့ဘဏ်က ပြန်လည်အဆင့်သတ်မှတ်လိုက်ကြောင်း သိရသည်။ ယင်းသည်...

AI ရင်းနှီးမြှုပ်နှံမှုများကြောင့် စင်ကာပူ၏ စီးပွားရေးတိုးတက်မှု...

စင်ကာပူ၊ ဇူလိုင် ၂ ဉာဏ်ရည်တု (AI) ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်မြင့်တက်နေခြင်း၊ ပြည်တွင်းစီးပွားရေးလှုပ်ရှားမှုများ အားကောင်းလာခြင်းနှင့် ဆောက်လုပ်ရေးကဏ္ဍ အရှိန်အဟုန်ဖြင့် တိုးတက်လာခြင်းတို့ကြောင့် အဓိကသုတေသနအဖွဲ့အစည်းများက...

ဘယ်လာရုစ်သမ္မတ လူကာရှန်ကို မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ်ဖြင့်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ် လာရောက်သည့် ဘယ်လာရုစ်နိုင်ငံသမ္မတ အလက်ဇန္ဒား လူကာရှန်ကို (H.E. Mr. Aleksandr Lukashenko)...

AI၊ သတ္တုနှင့် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး...

အိန္ဒိယနှင့် ဂျပန်နိုင်ငံတို့သည် ဉာဏ်ရည်တု (AI)၊ သတ္တုနှင့် စွမ်းအင်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် သဘောတူညီချက်များကို ဇူလိုင် ၃ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း...
HomeMoviesထိုင်းနိုင်ငံ မုခ်ဒါဟာန်ပြည်နယ်တွင် ကားတိုက်ခံရမှုကြောင့်...

ထိုင်းနိုင်ငံ မုခ်ဒါဟာန်ပြည်နယ်တွင် ကားတိုက်ခံရမှုကြောင့် ရဟန်းတော်များ ပျံလွန်တော်မူ

ဒီနေ့ ကြာသပတေးနေ့က ထိုင်းနိုင်ငံ မုခ်ဒါဟာန်ပြည်နယ်၊ မွေအန်းခရိုင်၊ ဘန်နာဆီနွမ်ရွာမှာ ဘုရားဖူးခရီးစဉ်နဲ့ လမ်းလျှောက်ကြွချီလာတဲ့ ရဟန်းတော်များအဖွဲ့ကို အသက် (၁၁) နှစ်အရွယ် ကလေးငယ်တစ်ဦး မောင်းနှင်လာတဲ့ ပစ်ကပ်ကားတစ်စီးက ဝင်ရောက်တိုက်မိခဲ့တဲ့အတွက် ရဟန်းတော် (၈) ပါး ပျံလွန်တော်မူပြီး ရဟန်းတော် ဆယ်ပါးထက်မနည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ကလေးငယ်ရဲ့ မိခင်က မုခ်ဒါဟာန်ရဲစခန်းမှာ ထွက်ဆိုခဲ့ရာမှာတော့ သူမအနေနဲ့ သားဖြစ်သူ ကားကိုယူသွားတာကို မသိလိုက်ပဲ၊ သိလိုက်ရတဲ့အချိန်မှာတင် ချက်ချင်းပဲ ထိုင်းနိုင်ငံရဲ့ (၁၉၁) အရေးပေါ်ဖုန်းလိုင်းကို ဆက်သွယ်ပြီး ကားကိုတားဆီးပေးဖို့ ရဲတပ်ဖွဲ့ကိုအကူအညီတောင်းခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ရဲတပ်ဖွဲ့တွေ မရောက်မီမှာပဲ ကားအရှိန်မထိန်းနိုင်ဘဲ ရဟန်းတော်တွေအဖွဲ့ကို ဝင်တိုက်မိခဲ့တာဖြစ်ပြီး၊ မိခင်ရဲ့ပြောပြချက်အရတော့ ဒီလိုမျိုးလုပ်ရပ်မျိုးကို သူမရဲ့သားဟာ အခုတစ်ကြိမ်မှ ပထမဆုံးအကြိမ် လုပ်မိတာလို့ ဆိုပါတယ်။

အခုလက်ရှိမှာတော့ ကလေးငယ်ဟာ စိတ်ဒဏ်ရာရပြီး တုန်လှုပ်နေတဲ့အတွက် စစ်ဆေးမေးမြန်းမှုတွေ မလုပ်နိုင်သေးကြောင်း၊ ကလေးသူငယ်ဖြစ်တဲ့အတွက် ဥပဒေအရ ဘက်စုံကျွမ်းကျင်သူတွေပါဝင်တဲ့ အဖွဲ့နဲ့ စနစ်တကျ စစ်ဆေးရမှာဖြစ်ကြောင်း မုခ်ဒါဟာန်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲဗိုလ်ချုပ် Phairoj Thaiphutra က ပြောကြားထားပါတယ်။ ရဲတပ်ဖွဲ့ကတော့ ကလေးငယ် ကားကို ဘယ်လိုရယူပြီး မောင်းနှင်လာသလဲဆိုတာကို စုံစမ်းနေသလို၊ မှုခင်းကျွမ်းကျင်သူတွေကလည်း ကားကို စစ်ဆေးနေပါတယ်။ မိဘတွေကိုလည်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပြီး၊ အသက် (၁၅) နှစ်အောက် ကလေးငယ်ဖြစ်တဲ့အတွက် ဥပဒေအရ စီရင်ချက်တွေကတော့ နောက်ပိုင်းမှ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်သလို မိဘတွေအနေနဲ့လည်း တာဝန်ရှိတဲ့အတွက် အရေးယူခံရဖို့ ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေအရတော့ ပြည်သူ့ကျန်းမာရေးဌာနက ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တဲ့ ရဟန်းတော်‌တွေအနက် ရဟန်းတော် (၄) ပါးဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပြီး (၁၀) ပါးက ပြင်းထန်တဲ့ ဒဏ်ရာတွေ ရရှိထားသလို၊ သူတို့အထဲက (၂) ပါးကတော့ သရက်ရွက် ပေါက်ပြဲသွားပြီး အခြားရဟန်းတော် အများအပြားမှာလည်း အရိုးကျိုးဒဏ်ရာတွေ ရရှိထားတယ်လို့ သိရပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စီးပွားရေးပြန်လည်ဦးမော့လာမှုကြောင့် သီရိလင်္ကာကို အထက်တန်းအလယ်အလတ်ဝင်ငွေနိုင်ငံအဖြစ် ကမ္ဘာ့ဘဏ် ပြန်လည်သတ်မှတ်

ကိုလံဘို၊ ဇူလိုင် ၂ သီရိလင်္ကာနိုင်ငံကို အထက်တန်းအလယ်အလတ်ဝင်ငွေရှိသော စီးပွားရေးနိုင်ငံ (Upper-Middle Income Economy) အဖြစ် ကမ္ဘာ့ဘဏ်က ပြန်လည်အဆင့်သတ်မှတ်လိုက်ကြောင်း သိရသည်။ ယင်းသည် ၂၀၂၂ ခုနှစ် စီးပွားရေးအကျပ်အတည်းကြောင့် အဆင့်လျှော့ချခံခဲ့ရပြီးနောက် လေးနှစ်အကြာတွင် ယခင်အဆင့်သို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။ ကမ္ဘာ့ဘဏ်က ဇူလိုင် ၁ ရက်တွင် ထုတ်ပြန်သည့် နောက်ဆုံးနိုင်ငံအလိုက် ဝင်ငွေအဆင့် သတ်မှတ်ချက်အရ စက်မှုကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ဘဏ္ဍာရေးဝန်ဆောင်မှုကဏ္ဍနှင့် ခရီးသွားလုပ်ငန်းများ ပြန်လည်အားကောင်းလာမှုကြောင့် သီရိလင်္ကာ၏ စီးပွားရေး ပြန်လည်ဦးမော့လာခဲ့ပြီး အထက်တန်းအလယ်အလတ်ဝင်ငွေနိုင်ငံအုပ်စုတွင် ပြန်လည်ထည့်သွင်းသတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ကမ္ဘာ့ဘဏ်၏ အဆိုအရ...

AI ရင်းနှီးမြှုပ်နှံမှုများကြောင့် စင်ကာပူ၏ စီးပွားရေးတိုးတက်မှု ခန့်မှန်းချက်များ မြင့်တက်

စင်ကာပူ၊ ဇူလိုင် ၂ ဉာဏ်ရည်တု (AI) ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်မြင့်တက်နေခြင်း၊ ပြည်တွင်းစီးပွားရေးလှုပ်ရှားမှုများ အားကောင်းလာခြင်းနှင့် ဆောက်လုပ်ရေးကဏ္ဍ အရှိန်အဟုန်ဖြင့် တိုးတက်လာခြင်းတို့ကြောင့် အဓိကသုတေသနအဖွဲ့အစည်းများက စင်ကာပူနိုင်ငံ၏ စီးပွားရေးတိုးတက်မှု (GDP) ခန့်မှန်းချက်များကို မြှင့်တင်သတ်မှတ်လိုက်ကြသည်။ သုတေသနအဖွဲ့များ၏ သုံးသပ်ချက်အရ အရှေ့အလယ်ပိုင်းဒေသ၌ တင်းမာမှုများ လျော့ပါးလာခြင်းကြောင့် ပို့ကုန်အပေါ် အခြေခံသည့် စင်ကာပူစီးပွားရေးအတွက် ဖြစ်ပေါ်နိုင်သည့် အန္တရာယ်များလည်း လျော့နည်းလာကြောင်း ဖော်ပြထားသည်။ DBS Group Research က ၂၀၂၆ ခုနှစ်အတွက် စင်ကာပူ၏ GDP တိုးတက်မှုခန့်မှန်းချက်ကို ယခင် ၂.၈...

ဘယ်လာရုစ်သမ္မတ လူကာရှန်ကို မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ်ဖြင့် ရောက်ရှိ

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ် လာရောက်သည့် ဘယ်လာရုစ်နိုင်ငံသမ္မတ အလက်ဇန္ဒား လူကာရှန်ကို (H.E. Mr. Aleksandr Lukashenko) သည် ယနေ့ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အထူးလေယာဉ်ဖြင့် ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။ ခရီးစဉ်အတွင်း ဘယ်လာရုစ်သမ္မတနှင့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်တို့သည် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်ပြီး၊ စက်မှု၊ စိုက်ပျိုးရေး၊ ဆေးဝါးထုတ်လုပ်ရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် အခြားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးကို အလေးထား ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ၂၀၂၆-၂၀၂၈ ခုနှစ်ကာလအတွက် နှစ်နိုင်ငံ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071