ထိုင်းနိုင်ငံ၊ ပထုံဌာနီခရိုင်၊ လတ်လွန်ကျောမြို့နယ်ရှိ CPRam ရှေ့ တစ်နေရာတည်းတွင် ယာဉ်တိုက်မှု (၂) ကြိမ် ဖြစ်ပွားခဲ့ပြီး မြန်မာ (၂) ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း ထိုင်းပရဟိတအသင်း Kamchomdaen မှ သိရသည်။
ဖြစ်စဉ်မှာ ထိုင်းနိုင်ငံ ပထုံဌာနီခရိုင် လတ်လွန်ကျောမြို့နယ် ရဟဲရပ် CPRam ရှေ့တွင်
ဒီဇင်ဘာ (၁၈)ရက် ညပိုင်း (၁၀) နာရီ (၁၃) မိနစ်အချိန်က လမ်းလျှောက်လာသည့် မြန်မာနိုင်ငံသား (၁)ဦးကို ပစ်ကပ်ကားတစ်စီးမှ ဝင်ရောက်တိုက်မိခဲ့ရာ အခင်းဖြစ် နေရာ၌ပင် အသက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
အဆိုပါ နေရာ၌ ပြီးခဲ့သည့် ဒီဇင်ဘာ (၇) ရက်၊ နံနက် (၆) နာရီအချိန်ခန့်ကလည်း စက်ဘီးစီးနင်းလာသည့် မြန်မာနိုင်ငံသား (၁)ဦးကို အငှားယာဉ်တစ်စီးမှ ဝင်တိုက်မိခဲ့သည့်အတွက် အသက်ဆုံးရှုံးခဲ့ရသေးကြောင်း သိရသည်။
ယာဉ်တိုက်ခံရမှုကြောင့် ေ-သဆုံးခဲ့ရသည့် မြန်မာ (၂) ဦးအတွက် တာဝန်ရှိသူများမှ လိုအပ်သည်များကို ဆက်လက်လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။



