Friday, June 26, 2026

MSME ဖွံ့ဖြိုးရေး၊ AI နည်းပညာအသုံးချရေးနှင့်...

နိုင်ငံ၏ စီးပွားရေးမောင်းနှင်အားကို ခိုင်မာစေရန် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်းကုန်ထုတ်လုပ်မှု မြှင့်တင်ရေး၊ AI နည်းပညာအသုံးချရေးနှင့်...

MISIS ဥက္ကဋ္ဌဦးသန့်ကျော်နှင့် ဘင်းမ်းစတက်အတွင်း ရေးမှူးချုပ်တို့တွေ့ဆုံ  ဘင်းမ်စတက်မူဘောင်အောက်တွင်...

မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအ ဖွဲ့(MISIS)ဥက္ကဋ္ဌဦးသန့်ကျော်နှင့် ဘင်းမ်စတက်အတွင်း ရေးမှူးချုပ် H.E. Mr. Indra Mani Pandey တို့ ယနေ့ ဇွန်...

အမေရိကန်သည် ၎င်းတို့နိုင်ငံကို အဆက်မပြတ် စစ်ပွဲဆင်နွှဲနေသည်ဟု...

အမေရိကန်အစိုးရသည် ကျူးဘားနိုင်ငံကို အဆက်မပြတ် စစ်ပွဲဆင်နွှဲလျက်ရှိပြီး နိုင်ငံ၏ ပြည်သူများအတွက် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်စွမ်း မရှိစေရန် ပိတ်ပင်တားဆီးနေသည်ဟု ကျူးဘားသမ္မတ မီဂူဒီယက်ဇ်-ကာနယ် (Miguel...

စာမေးပွဲလိမ်လည်မှုကြောင့် ဒေသန္တရအုပ်ချုပ်ရေးအရာရှိ ၆,၆၆၉ ဦး...

ဒေသန္တရအုပ်ချုပ်ရေးအရာရှိ ရွေးချယ်ခန့်အပ်ရေး စာမေးပွဲတွင် အကြီးစားလိမ်လည်မှုများ ဖြစ်ပွားခဲ့သည်ဟု စွပ်စွဲမှုများ ထွက်ပေါ်လာပြီးနောက် အဆိုပါခန့်အပ်ရေးလုပ်ငန်းစဉ်ကို ပယ်ဖျက်ရန် ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရာကူးလ်က အမိန့်ထုတ်ပြန်ခဲ့ကြောင်း...
HomeInternationalထိုင်းနိုင်ငံ တောင်ပိုင်း နာရာထီဝပ်ရှိ...

ထိုင်းနိုင်ငံ တောင်ပိုင်း နာရာထီဝပ်ရှိ ကုန်တို-က်တစ်ခုတွင် လက်နက်ကိုင်ဂိုဏ်းက ရွှေဆိုင်အား ဓားပြတိက်၊ ရဲအရာရှိတစ်ဦး ဒ-ဏ်ရာရ

လက်နက်ကိုင်‌ဆောင်ထားသူ ရှစ်ဦးသည် ထိုင်းနိုင်ငံတောင်ပိုင်း နာရာထီဝပ်(Narathiwat) ခရိုင်၊ ဆူငိုင် ကိုလော့ခ်(Su-ngai Kolok) မြို့နယ်ရှိ Big C စျေးဝယ်စင်တာအတွင်းမှ ရွှေဆိုင်တစ်ဆိုင်အား ရဲတင်းစွာ ဓားပြတို-က်မှုကို တနင်္ဂနွေနေ့ ညနေပိုင်းက လုပ်ဆောင်ခဲ့ပြီး လုံခြုံရေးအရာရှိတစ်ဦး ဒ-ဏ်ရာရရှိခဲ့သည်။ အဆိုပါ ဖြစ်ရပ်နောက်ပိုင်း ပေါ-က်ကွဲမှုနှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဓားပြတို-က်မှုသည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၅ ရက်၊ ညနေ ၆:၃၀ နာရီခန့်တွင် Big C စျေးဝယ်စင်တာအတွင်းရှိ ယောင်ဝါရတ် ခရောင်ထေ့ပ်(Yaowarat Krungthep) ရွှေဆိုင်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ကနဦးသတင်းများအရ ဓားပြတို-က်မှု ဖြစ်ပွားချိန်တွင် စျေးဝယ်စင်တာအတွင်း၌ စျေးဝယ်သူများနှင့် ဝန်ထမ်းများစွာရှိနေပြီး နေရာတစ်ခုလုံးတွင် အကြီးအကျယ်ထိတ်လန့်မှုများ ဖြစ်ပေါ်ခဲ့သည်။ ဓားပြမှုသံသယရှိသူများသည် မည်ရွေ့မည်မျှရှိသည်ကို မဆုံးဖြတ်ရသေးသော ရွှေများစွာကို ယူဆောင်သွားပြီး အခင်းဖြစ်ပွားရာနေရာမှ လျင်မြန်စွာ ထွက်ပြေးခဲ့ကြသည်။

ဓားပြတို-က်နေစဉ်အတွင်း စျေးဝယ်စင်တာအတွင်း၌ သေနတ်ပ-စ်ခ-တ်မှုများ ဖြစ်ပွားခဲ့ရာ အမှတ် ၄၀၈ နယ်ခြားစောင့်ရဲတပ်ဖွဲ့၏ လက်နက်ငယ် ကျွမ်းကျင်သူဖြစ်သူ ရဲတပ်ကြပ် ဘူရီဆွန် ရာဒါချိုင်း (Sergeant Burisorn Radachai) ဒ-ဏ်ရာရရှိခဲ့သည်။ ၎င်းအရာရှိသည် ၎င်း၏ တပ်ဖွဲ့စခန်းအတွက် ပစ္စည်းများ ဝယ်ယူနေစဉ် တို-က်ခို-က်ခံရခြင်းဖြစ်ပြီး သေနတ်ဒ-ဏ်ရာများရရှိကာ ဆူငိုင် ကိုလော့ခ် ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။

တရားခံများသည် နောက်ကလိုက်လာသည့် ရဲတပ်ဖွဲ့ဝင်များကို တားဆီးရန်အတွက် ဘန်တိုလူဘီလမ်း (Ban To Lue Be Road) ပေါ်ရှိ ဘစ်စီ Big Cရှေ့ လမ်းကွေ့ အနီးတွင် ဆူးကြိုးများ ဖြန့်ကြဲထားပြီး ဓာတ်ငွေ့ဘူးများနှင့် ဆင်တူသည့် မသင်္ကာဖွယ်ရာ ပစ္စည်းများကိုထားရှိခဲ့ကြောင်း အာဏာပိုင်များက တွေ့ရှိခဲ့သည်။ စီစီတီဗီမှတ်တမ်းများတွင် သံသယရှိသူများသည် အဖြူရောင် ပ-စ်ကပ်ထရပ်ကားကို ၎င်းတို့၏ ထွက်ပြေးယာဉ်အဖြစ် အသုံးပြုခဲ့ကြောင်း တွေ့ရသည်။

ဆူငိုင် ကိုလော့ခ်  ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် အနီးဝန်းကျင်နေရာများကို ပိတ်ဆို့ထားပြီး မသင်္ကာဖွယ်ရာ ပစ္စည်းများကို စစ်ဆေးရန်အတွက် ပေါက်ကွဲစေတတ်သော လက်နက်ပစ္စည်းဖျ-က်ဆီးရေး (EOD) အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။ ဓားပြဂိုဏ်းကို ဖမ်းဆီးရမိရန်အတွက် လူဝိုင်းဝန်းရှာဖွေမှုများ လုပ်ဆောင်နေသည်။

သံသယရှိသူများ ထွက်ပြေးပြီးနောက် မတူညီသော နေရာနှစ်ခုတွင် ပေါ-က်ကွဲမှုနှစ်ကြိမ် ကြားခဲ့ရသည်– ပထမတစ်ကြိမ်မှာ ဘစ်စီ ဆူငိုင် ကိုလော့ခ်ရှေ့ လမ်းကွေ့ အနီးတွင်ဖြစ်ပြီး၊ ဒုတိယတစ်ကြိမ်မှာ ဆူငိုင် ပါဒီ(Su-ngai Padi) ခရိုင်ဘက်သို့ သွားသောလမ်းရှိ ခေါ့ခ် ဆာယား(Khok Saya) သစ်စက်အနီးရှိ လမ်းကွေ့တွင် ဖြစ်သည်။ ပေါ-က်ကွဲမှုများကြောင့် ထိခို-က်ဒ-ဏ်ရာရသူများ မရှိကြောင်း သတင်းများအရ သိရသည်။

လက်ရှိတွင် ရွှေဈေးနှုန်းများမှာ တစ်ဘတ်သားလျှင် ဘတ် ၆၀,၀၀၀ (ခန့်မှန်းခြေအားဖြင့် တစ်အောင်စလျှင် ဒေါ်လာ ၃,၇၈၀) ဖြင့် စံချိန်တင် အမြင့်ဆုံးသို့ ရောက်ရှိနေသည့်အတွက် ဤဖြစ်ရပ်သည် အခွင့်အရေးသမားများက ရာဇဝတ်မှု ကျူးလွန်ခြင်း‌လော၊ သို့မဟုတ် ထိုင်းနိုင်ငံတောင်ပိုင်းနယ်စပ်ဒေသကို မတည်ငြိမ်အောင် ဖန်တီးရန် စနစ်တကျ ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းလော ဆိုသည်မှာ ရှင်းလင်းမှုမရှိသေးပေ။

အဆိုပါဖြစ်ရပ်သည် အမှတ် ၄ တပ်မတော်နယ်မြေ၏ တပ်မှူးအသစ် ခန့်အပ်ခံရသူ ဒုတိယဗိုလ်ချုပ်ကြီး နောရာထစ် ဖောင်းအင်းနော့ခ်(Lieutenant General Norathip Phaoinok) က ပတ္တာနီ(Pattani) ခရိုင် အစ္စလာမ်ကော်မတီ၏ ဥက္ကဋ္ဌ ဟာဂျီ အဗ္ဗဒူရာမန် မာမင်း(Haji Abdulraman Maming) နှင့် ၎င်း၏ အမှုဆောင်အဖွဲ့တို့အား ဂါရဝပြုတွေ့ဆုံသည့်နေ့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

MSME ဖွံ့ဖြိုးရေး၊ AI နည်းပညာအသုံးချရေးနှင့် ပြည်တွင်းကုန်ထုတ်လုပ်မှု မြှင့်တင်ရေးကို နိုင်ငံတော်သမ္မတ အလေးထားမှာကြား

နိုင်ငံ၏ စီးပွားရေးမောင်းနှင်အားကို ခိုင်မာစေရန် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်းကုန်ထုတ်လုပ်မှု မြှင့်တင်ရေး၊ AI နည်းပညာအသုံးချရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အလေးထားဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က MSME ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ အစည်းအဝေးတွင် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတက နိုင်ငံတစ်ခု၏ စီးပွားရေးမောင်းနှင်အား အားကောင်းမှသာ တိုင်းပြည်တည်ငြိမ်ဖွံ့ဖြိုးမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများသည် အရင်းအနှီးနည်းပါးစွာဖြင့် လုပ်ကိုင်နိုင်သည့် စီးပွားရေးလုပ်ငန်းများဖြစ်ပြီး နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံအုတ်မြစ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထုတ်လုပ်မှုကဏ္ဍတွင် ကုန်ကြမ်းများကို တန်ဖိုးမြှင့် (Value-added) ထုတ်ကုန်များအဖြစ်...

MISIS ဥက္ကဋ္ဌဦးသန့်ကျော်နှင့် ဘင်းမ်းစတက်အတွင်း ရေးမှူးချုပ်တို့တွေ့ဆုံ  ဘင်းမ်စတက်မူဘောင်အောက်တွင် ပူးပေါင်းဆောင် ရွက်မှုများကိုပိုမိုတိုးမြှင့်ခိုင်မာစေရေးကိုဆွေးနွေး

မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအ ဖွဲ့(MISIS)ဥက္ကဋ္ဌဦးသန့်ကျော်နှင့် ဘင်းမ်စတက်အတွင်း ရေးမှူးချုပ် H.E. Mr. Indra Mani Pandey တို့ ယနေ့ ဇွန် ၂၅ ရက်ကတွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံစဥ် ဘင်းမ်စတက်မူဘောင်အောက်တွင် ပူး ပေါင်းဆောင်ရွက်မှုများပိုမိုတိုးမြှင့်ခိုင်မာစေရေး၊ ဒေ သတွင်း မူဝါဒဆိုင်ရာဆွေးနွေးဖလှယ်မှုများအား ကောင်းလာစေရေးနှင့် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများကြား ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသတွင်းသာယာဝပြောမှုတို့ဖော်ဆောင်ရန်ရည်ရွယ်သည့် ဘုံရည်မှန်းချက်များအကောင်အထည်ဖော်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်၊ 

အမေရိကန်သည် ၎င်းတို့နိုင်ငံကို အဆက်မပြတ် စစ်ပွဲဆင်နွှဲနေသည်ဟု ကျူးဘားသမ္မတစွပ်စွဲ

အမေရိကန်အစိုးရသည် ကျူးဘားနိုင်ငံကို အဆက်မပြတ် စစ်ပွဲဆင်နွှဲလျက်ရှိပြီး နိုင်ငံ၏ ပြည်သူများအတွက် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်စွမ်း မရှိစေရန် ပိတ်ပင်တားဆီးနေသည်ဟု ကျူးဘားသမ္မတ မီဂူဒီယက်ဇ်-ကာနယ် (Miguel Diaz-Canel) က ပြောကြားခဲ့သည်။ "ကျူးဘားအပေါ် အမေရိကန်၏ ကျူးကျော်လုပ်ဆောင်မှုများသည် ဆက်လက်ဖြစ်ပေါ်နေပြီး ပိုမိုပြင်းထန်လာနေသည်။ အကြောင်းမှာ ကျွန်ုပ်တို့အား အနိုင်မယူနိုင်သည့်အတွက် ၎င်းတို့တွင် ဘာမျှမတတ်နိုင်တော့သောကြောင့် ဖြစ်သည်။ … အမေရိကန်အစိုးရသည် ယခုကဲ့သို့သော ရက်စက်ကြမ်းကြုတ်သည့် စစ်ပွဲအလယ်တွင် မည်သည့်နိုင်ငံမျှ ရပ်တည်နိုင်မည်မဟုတ်၊ လည်ပတ်နိုင်မည်မဟုတ်ဟု ယုံကြည်နေသည်" ဟု ၎င်းက X (ယခင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071