အိမ်နီးချင်း ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်အတွင်း ယမန်နေ့ ဇွန်၂၆ ရက် ညပိုင်းအချိန်မှ ယနေ့ ဇွန် ၂၇ ရက် နံနက်ပိုင်းအချိန်အထိ မိုးရွာသွန်းခဲ့သဖြင့် ရေကြီးရေလျှံမှုဖြစ်ပွားလျှက်ရှိရာ၊ ထိခို-က်ပျ-က် စီးမှုများပြားသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေကြရကြောင်း The Nation Thailand သတင်းတွင်ဖော်ပြထားချက်အရ သိရသည်။
အဆိုပါ ရေကြီးရေလျှံ ဖြစ်ပွားမှုကြောင့် ခရိုင်အတွင်းရှိ Wiang Chiang Dung ဆေးရုံအပါအဝင် လူနေအိမ်များ၊ လယ်ယာစိုက်ခင်းများနှင့် အများပြည်သူပိုင်အဆောက်အအုံအချို့ ထိခို-က်ပျ-က်စီးမှုများရှိနေသည်ဟု ဆိုသည်။
ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် Wiang Chiang Dung ဆေးရုံ ရေဝင်ရောက်ခဲ့သည့်အတွက် ဆေးရုံဝန်ဆောင်မှုလုပ် ငန်းများယာယီပိတ်ထားပြီး အရေးပေါ်နှင့် မတော်တဆထိခို-က်မှုများအတွက်သာ ဖွင့်လှစ်ကုသပေးမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဒေသအတွင်း ရေကြီးရေလျှံမှု ဆိုးဝါးစွာခံစားရသောနေရာများရှိ သက်ကြီးရွယ်အိုနှင့် ထိခို-က်ပျ-က်စီးမှုများပြားသည့်ကျေးရွာများရှိ ဒေသခံများကိုထိုင်းအာဏာပိုင်များက ကူညီကယ်ဆယ်ရေးများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။