Thursday, July 10, 2025

အာဆီယံ-ဗီယင်နာကော်မတီ ဥက္ကဋ္ဌတာဝန်အား မြန်မာသံအမတ်ကြီးတာဝန်ယူ

အာဆီယံ-ဗီယင်နာကော်မတီ ဥက္ကဋ္ဌတာဝန်အား မြန်မာသံအမတ်ကြီးဦးမင်းသိန်းက တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါ ရီလမှ ဇွန်လအထိအား လာအိုသံရုံး/အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက တာဝန်ယူခဲ့သည်။ အဆိုပါ ဥက္ကဋ္ဌတာဝန်အတွက်...

ရှမ်း/မြောက် ဂုတ်တွင်းလမ်းပိုင်း ယာယီပိ-တ်

ရှမ်း/မြောက် နောင်ချိုနှင့် ကျောက်မဲမြို့အကြားတွင်ရှိသည့် ဂုတ်တွင်းလမ်းပိုင်းကို ယနေ့ ဇူလိုင် ၁၀ ရက် နံနက်ပိုင်းမှစတင်၍ ယာယီပိ-တ်လိုက်ခြင်းကြောင့် မန္တလေး-လားရှိုး အတက်အဆင်းကားများ ပြန်လှည့်ခဲ့ရသည်ဟု...

အသက် (၁၉)နှစ်အရွယ် Grade 12...

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်ရှိ အသက် (၁၉) နှစ်အရွယ် Grade 12 ကျောင်းသူ မဝင့်ဝါရှန်ထွန်းမှာ (၃)ရက်ကြာ ပျေ-ာက်ဆုံးနေရာ ယနေ့အချိန်အထိ...

စာရေးဆရာ မောင်သာချို၏ ရုပ်ကလာပ်ကို ရေဝေးသုသာန်သို့...

နိုင်ငံကျော် စာရေးဆရာမောင်သာချိုသည် ယနေ့ ဇူလိုင် (၁၀)ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ပင်လုံဆေးရုံတွင် ကွယ်လွန်သွားပြီး ၎င်းကွယ်လွန်ချိန်တွင် အသက် (၆၇) နှစ်ရှိပြီ...
HomeInternationalထိုင်းနိုင်ငံ၌ ရွှေ့ပြောင်းအလုပ်သမားများအား အစိုးရသစ်တက်လာသည်အထိ...

ထိုင်းနိုင်ငံ၌ ရွှေ့ပြောင်းအလုပ်သမားများအား အစိုးရသစ်တက်လာသည်အထိ နေထိုင်ခွင့်တိုးမြှင့်ပေးထား

ဘန်ကောက်၊ဇွန် ၂

ထိုင်းအစိုးရအဖွဲ့သည် အနည်းဆုံးအနေဖြင့် အစိုးရအသစ်တက်လာသည့်အချိန်အထိ ရွှေ့ပြောင်းလုပ်သား ၂၀၀,၀၀၀ ကျော်အား နေထိုင်ခွင့်သက်တမ်းတိုးပေးလိုက်ကြောင်း ဘန်ကောက်ပို့စ်သတင်းဌာန၏ သတင်းတစ်ရပ်အရသိရှိရသည်။

ယခုသတင်းကို ဒုတိယဝန်ကြီးချုပ်ကထုတ်ပြန်ကြေငြာခဲ့ခြင်းဖြစ်ကာ မြန်မာ၊ကမ္ဘောဒီးယားနှင့်လာအိုနိုင်ငံများမှ ရွှေ့ပြောင်းလုပ်သားများအား အစိုးရသစ်တက်လာသည်အထိ နေထိုင်ခွင့်သက်တမ်းတိုးပေးထားကြောင်း ၎င်းကပြောကြားခဲ့သည်။

ယခုကိစ္စနှင့်ပတ်သက်၍ အလုပ်သမားဝန်ကြီးဌာန၏ လုပ်ဆောင်ချက်အား နောက်တက်လာမည့်အစိုးရအသစ်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေမည်ကိုစိုးရိမ်လျက် ထိုင်းအစိုးရအဖွဲ့သည် ပထမကငြင်းဆိုခဲ့သော်လည်း အကြိမ်ကြိမ်ဆွေးနွေးမှုများအရ လုပ်သားအင်အားပြတ်လပ်သွားမည်ကိုစိုးရိမ်ရသဖြင့် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း၎င်းကဆိုသည်။

ယခုကဲ့သို့ နေထိုင်မှုသက်တမ်းတိုးပေးခြင်းအား အစိုးရအသစ်တက်လာသည်အထိသာခွင့်ပြုသွားမည်ဖြစ်ပြီး အစိုးရအသစ်ဖွဲ့ပြီးသည်နှင့်တစ်ပြိုင်နက် ပြန်လည်ပြင်ဆင်သွားမည်ဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။

အကယ်၍ယခုကဲ့သို့ ညှိနှိုင်းမှုမပြုလုပ်ပေးပါက ရဲတပ်ဖွဲ့များက ရွှေ့ပြောင်းလုပ်သားများကို စတင်ဖမ်းဆီးတော့မည်ဖြစ်ကာ လုပ်ငန်းရှင်များအနေဖြင့်လည်း လုပ်သားငှားရမ်းခွင့်ခက်ခဲသွားမည်ဖြစ်ကြောင်း ၎င်းကထောက်ပြပြောကြားခဲ့သည်။

Source : Khmertimes

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဆီယံ-ဗီယင်နာကော်မတီ ဥက္ကဋ္ဌတာဝန်အား မြန်မာသံအမတ်ကြီးတာဝန်ယူ

အာဆီယံ-ဗီယင်နာကော်မတီ ဥက္ကဋ္ဌတာဝန်အား မြန်မာသံအမတ်ကြီးဦးမင်းသိန်းက တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါ ရီလမှ ဇွန်လအထိအား လာအိုသံရုံး/အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက တာဝန်ယူခဲ့သည်။ အဆိုပါ ဥက္ကဋ္ဌတာဝန်အတွက် တာဝန်လွှဲပြောင်းပွဲနှင့် အာဆီယံ-ဗီယင်နာကော်မတီ၏ (၅၃)ကြိမ်မြောက်အစည်းအဝေးတို့အား ဇူလိုင် ၈ ရက်က ဗီယင်နာအပြည်ပြည်ဆိုင်ရာစင်တာ၌ကျင်းပရာ ဥက္ကဋ္ဌတာဝန်ယူခဲ့သည့် လာအိုသံရုံး/အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက ကော်မတီ၏လှုပ်ရှားဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လမှ ဒီဇင်ဘာလအထိ အာဆီယံ-ဗီယင်နာကော်မတီဥက္ကဋ္ဌတာဝန်အား တာဝန်ပြီးဆုံး၍ပြန်လည်ထွက်ခွာသွားသည့် လာအိုသံအမတ်ကြီး(ကိုယ်စား)လာအိုသံရုံးယာယီတာဝန်ခံက မြန်မာသံအမတ်ကြီးထံလွှဲပြောင်းပေးအပ်ခဲ့သည်။ ထိုသို့ လွှဲပြောင်းလက်ခံပြီးနောက် အာဆီယံ-ဗီယင်နာကော်မတီဥက္ကဋ္ဌသစ် မြန်မာသံအမတ်ကြီးက လာမည့်(၆)လတာကာလအတွင်း ကော်မတီ၏လှုပ်ရှားဆောင်ရွက်မည့်အစီအစဉ်သစ်များကို အဆိုပြုဆွေးနွေးပြီးအတည်ပြုခဲ့ကြသည်။

ရှမ်း/မြောက် ဂုတ်တွင်းလမ်းပိုင်း ယာယီပိ-တ်

ရှမ်း/မြောက် နောင်ချိုနှင့် ကျောက်မဲမြို့အကြားတွင်ရှိသည့် ဂုတ်တွင်းလမ်းပိုင်းကို ယနေ့ ဇူလိုင် ၁၀ ရက် နံနက်ပိုင်းမှစတင်၍ ယာယီပိ-တ်လိုက်ခြင်းကြောင့် မန္တလေး-လားရှိုး အတက်အဆင်းကားများ ပြန်လှည့်ခဲ့ရသည်ဟု ဒေသတွင်းယာဉ်မောင်း သတင်းရင်းမြစ်တစ်ဦးထံက သိရသည်။ ယင်းအတွက် ဒေသတွင်းခရီးသွားများအနေဖြင့် လားရှိုး-မိုင်းရယ်-ကျေးသီး-လဲချား-ပင်လုံ-တောင်ကြီး-ရွာငံ-မန္တလေးလမ်းပိုင်းမှ ပတ်၍သွားလာနေကြရကြောင်း ဆိုသည်။ ထို့အပြင် အခြားလမ်းပိုင်းတစ်ခုဖြစ်သည့် နမ့်လန်-မိုင်းကိုင်-လဲချား-ပင်လုံ-တောင်ကြိး-မန္တလေးလမ်းပိုင်းများမှလည်း သွားလာနေကြရပြီး၊ ယခုလမ်းပိုင်းမှာလည်း မိုးရွာသွန်းမှုကြောင့် လမ်းများပျ-က်စီးနေသဖြင့် ထွန်စက်များဖြင့် ဆွဲနေရကြောင်း သိရသည်။ " တောင်ကြီးဘက်နဲ့ မိုးကုတ်ဘက် နှစ်လမ်းရှိတာပေါ့။ လမ်းအခြေအနေအရကတော့ ညအိပ်ရင်လည်း အိပ်ရနိုင်တယ်။ လမ်းကောင်းတယ် တိုက်ပွဲမရှိရင်တော့ နေ့ချင်းပေါက်နိုင်ပါတယ်"ဟု ရှင်းပြသည်။ ယနေ့...

အသက် (၁၉)နှစ်အရွယ် Grade 12 ကျောင်းသူတစ်ဦး ပျေ-ာက်ဆုံးနေရာ ယနေ့အချိန်အထိ ရှာဖွေမတွေ့ရှိသေး

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်ရှိ အသက် (၁၉) နှစ်အရွယ် Grade 12 ကျောင်းသူ မဝင့်ဝါရှန်ထွန်းမှာ (၃)ရက်ကြာ ပျေ-ာက်ဆုံးနေရာ ယနေ့အချိန်အထိ ရှာဖွေမတွေ့ရှိသေးဟု ဖခင်ဖြစ်သူ ဦးညီညီထွန်းက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။ ၎င်းအနေဖြင့် လက်ရှိတွင် သက်ဆိုင်ရာနယ်မြေ ရဲစခန်းဖြစ်သည့် ဒဂုံမြိုးသစ်အရှေ့ပိုင်းမြို့နယ် ရဲစခန်းတွင် လူပျေ-ာက်တိုင်ချက်ဖွင့်လှစ်ထားရှိကြောင်း သိရသည်။ "ကျွန်တော် (၈) ရက်နေ့မှာ ရဲစခန်းကို သွားပြီး အမှုဖွင့်ထားတယ်။ အခုလည်းလိုက်ရှာနေတုန်းပါ။ လက်လှမ်းမှီရာ တွေလည်းဖုန်းဆက်မေးထားတာ မတွေ့ဘူး၊ မလာဘူးဘဲပြောနေကြတယ်"ဟု ၎င်းက ဆိုသည်။ ဖခင်၏ ပြောဆိုချက်အရ ကနဦးတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071