ထိုင်းနိုင်ငံသို့အကြောင်းအမျိုးမျိုးဖြင့်ရောက်ရှိနေရာမှ ထိုင်းနိုင်ငံ၏တည်ဆဲဥပဒေများကို ဖေ-ာက်ဖျ-က်ကျူးလွန်၍ပြစ်ဒဏ်ကျခံပြီးသူ မြန်မာနိုင်ငံသားအမျိုးသား(၈၄)ဦး၊ အမျိုးသမီး(၁၅)ဦး(စုစုပေါင်း ၉၉ ဦး)တို့အား ထိုင်းနိုင်ငံမှပြန်လည်လွှဲပြောင်းအပ်နှံခဲ့သည်။
၎င်းတို့အား ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်၊ ရနောင်းမြို့အခြေစိုက်အလုပ်သမားသံအရာရှိဦးမိုးဇော်ဦးဆောင်၍ သြဂုတ် ၁၅ ရက်က ပဲ့ချိတ်စက်လှေ(၇)စီးဖြင့် ရနောင်းမြို့မှ ကော့သောင်းမြို့သို့ရောက်ရှိလာခဲ့ကြသည်။
ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား ကော့သောင်းမြို့၊ ပိတောက်ရွှေဝါရပ်ကွက်ရှိ နဝရက်အားကစားခန်းမသို့ပိုဆောင်ကာ ခရိုင်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ် (၁၉)ရောဂါပိုးကူးစက်ခံရမှုရှိ/မရှိစစ်ဆေးခြင်း၊ တာဝန်ရှိသူများက ကိုယ်ရေးအချက်အလက်များရယူခြင်း၊ PDF အဖွဲ့ဝင်များ၊ CDM ဝန်ထမ်းများ၊ အမည်မည်းစာရင်းတွင်ပါဝင်သူများ၊ လူကုန်ကူးမှုဖြင့်အလိုရှိသူများနှင့် လူကုန်ကူးခံရသူများ၊ တရားခံပြေးများပါဝင်လာခြင်းရှိ/မရှိကို စစ်ဆေးခဲ့ကြသည်။
ထို့အတူ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဝန်ထမ်းများမှလည်း ပြန်လည်ဝင်ရောက်လာသူများအနက် မှတ်ပုံတင်ရှိပြီးသူများကို စမတ်ကတ်ပြုလုပ်ပေးခြင်း၊ မှတ်ပုံတင်မရှိသူများကို မှတ်ပုံတင်ပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြသည်။
