ထိုင်းနိုင်ငံ၊ဖူးကပ်ခရိုင်တွင် မြန်မာအလုပ်သမား ၁၄ ဦးစီးနင်းလိုက်ပါလာသည့်လိုင်းကားအား ပစ်ကပ်အလုံပိတ်ကားက နောက်မှဝင်တိုက်မိခဲ့မှု ဒီ ဇင်ဘာ ၁၁ ရက်ညပိုင်းကဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းနေ့ညပိုင်းက မြန်မာအလုပ်သမား ၁၄ ဦးလိုက်ပါလာသည့်လိုင်းကားသည် ဖူးကက်မြို့စည်ပင်စျေးသို့ မောင်းနှင်လာစဥ် ပစ်ကပ်အလုံပိတ်ကားက အရှိန်မထိန်းနိုင်ဘဲ လိုင်းကား၏အနောက်ပိုင်းအား ဝင်တိုက်မိခဲ့ကြောင်း သိရသည်။
ထိုသို့ ဝင်တိုက်ခံရမှုကြောင့် မြန်မာအလုပ်သမားများလိုက်ပါလာသည့်လိုင်းကားမှာ လမ်းလယ်ကျွန်းပေါ်သို့ရောက်ရှိ၍ လမ်းလယ်ကျွန်းရှိ သစ် ပင်ဝင်တိုက်ကာရပ်တန့်သွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်ကြောင့် လိုင်းကားပေါ်၌လိုက်ပါလာသည့် မြန်မာအလုပ်သမားအများအပြားတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသမှုခံယူနိုင်ရန် ထလန်မြို့ပြည်သူ့ဆေးရုံ၊ကုံထစ်ဖူကက်ဆေးရုံ နှင့်ကုံထေစ်စိရိရုံဆေးရုံတို့သို့ တာဝန်ရှိသူများနှင့်လူမှုကူညီရေးအသင်းများက ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ မြန်မာအလုပ်သမားများသည် ဖူးကက်ခရိုင်၊ထလန်မြို့၊ထေ့ကစပ်သရီကျေးရွာ၊အုပ်စု (၄)ရှိ အလုပ်သမားတန်းလျားတစ်ခုတွင် နေထိုင်သူများဖြစ်ကြောင်း သိရသည်။

