Saturday, June 27, 2026

မြန်မာလူငယ်တွေ အတွက်နည်းပညာကျွမ်းကျင်မှုဖွံ့ဖြိုးရေး အခွင့်အလမ်း တွေကို...

“လူငယ်တစ်ယောက်ရဲ့ အနာဂတ်ကိုပြောင်းလဲပေးနိုင်သည့်ပညာသင်ဆုတစ်ခု” HVD Scholarship Program ကနေတစ်ဆင့်မြန်မာကျောင်းသား၊ ကျောင်းသူ တွေဟာ ထိုင်းနိုင်ငံရှိIRPC Technological Collegeမှာ အဆင့်မြင့်နည်းပညာဘာသာရပ်တွေကို PTT Group...

ရန်ကုန်စီးပွားရေးတက္ကသိုလ် ၂၀၂၆–၂၀၂၇ ပညာသင်နှစ် မဟာဘွဲ့နှင့်...

ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် ၂၀၂၆–၂၀၂၇ ပညာသင်နှစ်အတွက် မဟာဘွဲ့သင်တန်းများနှင့် ဘွဲ့လွန်ဒီပလိုမာသင်တန်းများကို ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး ဝင်ခွင့်လျှောက်ထားနိုင်ကြောင်း တက္ကသိုလ်မှ ထုတ်ပြန်ကြေညာထားသည်။ ဖွင့်လှစ်မည့် မဟာဘွဲ့သင်တန်းများတွင် စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှု (MBA, EMBA)၊...

မော်လမြိုင် တောင်ဝိုင်းရထားသံလမ်းတွင် Hijet ယာဉ်နှင့်...

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ တောင်ဝိုင်းလမ်းမကြီးရှိ ရထားသံလမ်းဖြတ်ဂိတ်တွင် ယနေ့ ဇွန် (၂၇) ရက်) နံနက် (၅) နာရီ (၅၅) မိနစ်ခန့်က...

ဒမ်ဘီလီ ဟက်ထရစ်ဖြင့် ပြင်သစ်က နော်ဝေကို...

၂၀၂၆ ဖီဖာကမ္ဘာ့ဖလား အုပ်စု (I) နောက်ဆုံးပွဲစဉ်တွင် အူစမန် ဒမ်ဘီလီ၏ ဟက်ထရစ်သွင်းဂိုး (၃)ဂိုးဖြင့် ပြင်သစ်အသင်းက နော်ဝေအသင်းကို (၄-၁) ဂိုးဖြင့်...
HomeInternationalထိုင်းနယ်စပ်တွင်ကီလိုမီတာ၅၀ရှည်‌သောတံတိုင်းမ‌​လေးရှားကခတ်မည်

ထိုင်းနယ်စပ်တွင်ကီလိုမီတာ၅၀ရှည်‌သောတံတိုင်းမ‌​လေးရှားကခတ်မည်

ထိုင်းနိုင်ငံ နရာထီဝပ်ပြည်နယ်နှင့် နယ်နိမိတ်ထိစပ်နေသော ကီလန်တန်ပြည်နယ်တွင် တံတိုင်းတစ်ခု တည်ဆောက်ရန် မလေးရှားအစိုးရက အတည်ပြုလိုက်ပြီဖြစ်ကာ လုပ်ငန်းအကောင်အထည်ဖော်ရန်အတွက် ဘတ်ဂျက်ငွေ ရင်းဂစ် ၁ ဒဿမ ၅ ဘီလျံ ကြိချထားပေးခဲ့သည်။

အစိုးရအဖွဲ့ အတည်ပြုချက်နှင့် ဘတ်ဂျက်ခွဲဝေချထားမှု ဆုံးဖြတ်ချက်ကို ကီလန်တန်ပြည်နယ်ရဲတပ်ဖွဲ့ အကြီးအကဲ မိုဟက် ယူဆွတ်မာနတ်က အင်္ဂါနေ့တွင် ကြေညာခဲ့ခြင်းဖြစ်သည်ဟု နူးစထရိတ်တိုင်းမ်စ်သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။

တံတိုင်းတည်ဆောက်ရန် ဘဏ္ဍာငွေခွဲဝေပေးခြင်းကို အတည်ပြုလိုက်ပြီဖြစ်ကာ အစိုးရအတွင်းဝန်ချုပ် တန်ဆရီ ရှမ်ဆူလ် အဇရီအဘူဘာကာသည် နယ်စပ်လုပ်ငန်းခွင်သို့ လာရောက်စစ်ဆေးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်ဟု သတင်းတွင် ဖော်ပြခဲ့သည်။

အဆိုပါ ဆုံးဖြတ်ချက်သည် ထိုင်းနိုင်ငံ နရာထီဝပ်ပြည်နယ်နှင့် နယ်စပ်တလျှောက်တွင် အတားအဆီးတစ်ခုတည်ဆောက်ရန် ကြိုးပမ်းနေသည့် ကီလန်တန်ပြည်နယ်အတွက် အရေးပါသော အောင်ပွဲတစ်ခုဖြစ်ခဲ့သည်။ ထိုင်းနှင့် မလေးရှားနှစ်နိုင်ငံသည် မှောင်ခိုကူးမှုနှင့် အခြားနယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို တို-က်ဖျက်နေခဲ့သည်။

 မလေးရှားနိုင်ငံသည် ယခင်က ထိုင်းတောင်ပိုင်းနှင့် နယ်စပ်ဧရိယာအချို့တွင် ရာဇဝတ်မှု တားဆီးရေး တံတိုင်းများ တည်ဆောက်ခဲ့ပြီး ယခုတံတိုင်းသည် ကီလန်တန်ပြည်နယ်တွင် ပထမဆုံးတည်ဆောက်မည့် တံတိုင်းဖြစ်သည်။ တံတိုင်းတည်ဆောက်ခြင်းသည် နှစ်နိုင်ငံကို ပိုင်းခြားထားသည့် ဂိုလော့ခ်မြစ်၏ ရေကြီးရေလျှံမှုများမှ ကာကွယ်ရန်လည်း ရည်ရွယ်ကြောင်း သိရသည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာလူငယ်တွေ အတွက်နည်းပညာကျွမ်းကျင်မှုဖွံ့ဖြိုးရေး အခွင့်အလမ်း တွေကို ပံ့ပိုးပေးနေတဲ့ HVD Scholarship Program

“လူငယ်တစ်ယောက်ရဲ့ အနာဂတ်ကိုပြောင်းလဲပေးနိုင်သည့်ပညာသင်ဆုတစ်ခု” HVD Scholarship Program ကနေတစ်ဆင့်မြန်မာကျောင်းသား၊ ကျောင်းသူ တွေဟာ ထိုင်းနိုင်ငံရှိIRPC Technological Collegeမှာ အဆင့်မြင့်နည်းပညာဘာသာရပ်တွေကို PTT Group နဲ့ PTTEP တို့ရဲ့ ပံ့ပိုးမှုဖြင့်ပညာသင် ဆုအပြည့်အဝနဲ့တက်‌ရောက်သင်ယူနိုင်ပြီးအနာဂတ်အလုပ်အကိုင်အခွင့်အလမ်းတွေအတွက်လိုအပ်တဲ့ကျွမ်းကျင်မှုများကိုရရှိနိုင်ကြပါတယ်။ ယခုVideo တွင်လက်ရှိပညာသင်ယူနေကြသည့်ကျောင်းသား၊ကျောင်းသူများ၏အတွေ့အကြုံများ၊ အိပ်မက်များနှင့်မိဘများ၏ ရင်ထဲကစကားသံများကိုမျှဝေပေးထားပါတယ်။ သူတို့ရဲ့ ပညာသင်ကြားမှုခရီးစဉ်၊ အောင်မြင်မှု အတွက်ကြိုးစားမှုများနှင့်HVD Scholarship Program အပေါ် အမြင်များကိုVideo အပြည့်အစုံတွင်ကြည့်ရှုနိုင်ပါတယ်။ HVDScholarshipProgram #PTTGroup #PTTEP #IRPCTechnologicalCollege MyanmarYouth #EducationForFuture #TechnologyEducation #ScholarshipOpportunity FutureCareer #MyanmarStudents

ရန်ကုန်စီးပွားရေးတက္ကသိုလ် ၂၀၂၆–၂၀၂၇ ပညာသင်နှစ် မဟာဘွဲ့နှင့် ဘွဲ့လွန်ဒီပလိုမာသင်တန်းများ ဝင်ခွင့်လျှောက်ထားနိုင်

ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် ၂၀၂၆–၂၀၂၇ ပညာသင်နှစ်အတွက် မဟာဘွဲ့သင်တန်းများနှင့် ဘွဲ့လွန်ဒီပလိုမာသင်တန်းများကို ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး ဝင်ခွင့်လျှောက်ထားနိုင်ကြောင်း တက္ကသိုလ်မှ ထုတ်ပြန်ကြေညာထားသည်။ ဖွင့်လှစ်မည့် မဟာဘွဲ့သင်တန်းများတွင် စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှု (MBA, EMBA)၊ လူမှုစီးပွားတည်တံ့ရေးတီထွင်ဖန်တီးမှုပညာ (MSESI)၊ ဖွံ့ဖြိုးရေးပညာ (MDevS, EMDevS)၊ အသုံးချစာရင်းအင်းပညာ (MAS)၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာ (MPA, EMPA)၊ စျေးကွက်စီမံခန့်ခွဲမှုပညာ (MMM)၊ ဧည့်ဝတ်နှင့်ခရီးသွားလာရေးစီမံခန့်ခွဲမှုပညာ (MHTM) နှင့် ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးပညာ (MBF) တို့ ပါဝင်သည်။ ထို့ပြင် ဘွဲ့လွန်ဒီပလိုမာသင်တန်းများအဖြစ် သုတေသနပညာ (PGDRS)၊ စီမံအုပ်ချုပ်မှုပညာ (PGDMA) နှင့်...

မော်လမြိုင် တောင်ဝိုင်းရထားသံလမ်းတွင် Hijet ယာဉ်နှင့် ရထားစက်ခေါင်း တို-က်မိ၊ ယာဉ်မောင်းတစ်ဦး ထိခိုက်ဒ-ဏ်ရာရ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ တောင်ဝိုင်းလမ်းမကြီးရှိ ရထားသံလမ်းဖြတ်ဂိတ်တွင် ယနေ့ ဇွန် (၂၇) ရက်) နံနက် (၅) နာရီ (၅၅) မိနစ်ခန့်က Hijet ယာဉ်တစ်စီးနှင့် ရန်ကုန်ဘက်သို့ ထွက်ခွာမည့် ရထားစက်ခေါင်းတို့ တို-က်မိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဈေးကြိုဘက်မှ မော်လမြိုင်တက္ကသိုလ်ဘက်သို့ ယာဉ်မောင်းတစ်ဦးတည်း မောင်းနှင်လာသည့် Hijet ယာဉ်သည် ရထားသံလမ်းဖြတ်ကူးနေစဉ် ရထားစက်ခေါင်းနှင့် တို-က်မိခဲ့ခြင်းဖြစ်ပြီး ယာဉ်မောင်း အမျိုးသားတစ်ဦး ထိခိုက်ဒ-ဏ်ရာများ ရရှိခဲ့သည်။ ထိခိုက်ဒ-ဏ်ရာရရှိသူအား ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ အရေးပေါ်ရှေးဦးပြုစုကုသမှုများ ပြုလုပ်ပေးကာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071