လေပြင်းတို-က်ခတ်ခြင်းနှင့် မုန်တိုင်းလှိုင်းကြမ်းများကြောင့် တနင်္ဂနွေနေ့တွင် တရုတ်ခရီးသွားနှစ်ဦး ေ-သဆုံးခဲ့ပြီး တိုင်ဖွန်းဝီဖာ၏ နောက်ဆက်တွဲသက်ရောက်မှုသည် ထိုင်းနိုင်ငံဒေသများတွင် မိုးဆက်လက် ရွာသွန်းနေဦးမည်ဟု မိုးလေဝသခန့်မှန်းသူများက တနင်္လာနေ့တွင် သတိပေးခဲ့သည်။
ဖူးခက်ပြည်နယ် မြောင်ခရိုင် ကော့ဟီကျွန်း ကမ်းခြေတွင် သစ်ပင်လဲကျခဲ့မှုကြောင့် အသက် ၅၃ နှစ်အရွယ် တရုတ်အမျိုးသမီး ဝမ်ယန်း ေ-သဆုံးခဲ့သည်ဟု ချာလောင်ရဲစခန်းမှ ရဲမှူးကြီး ဆီရာပတ် ချူပွန်က ပြောကြားခဲ့သည်။
ဝမ်နှင့် သူ့ခင်ပွန်းဖြစ်သူတို့သည် ကမ်းခြေရှိ သစ်ပင်အောက်မှ ခုံတန်းတွင် လဲလှောင်းနေခဲ့စဉ် လေပြင်းတို-က်ခတ်မှုကြောင် သစ်ပင်အမြစ်မှ ပြိုလဲခဲ့သည်။ သစ်ပင်သည် ၎င်းတို့အပေါ် လဲကျခဲ့ပြီး ဝမ်၏ ခင်ပွန်းဖြစ်သူမှာမူ ဒဏ်ရာအနည်းငယ်သာရခဲ့ကာ အသက်ဘေးလွတ်ခဲ့သည်။
ထို့အတူ အိမ်နီးချင်း ကရာဘီပြည်နယ် ကော့လန်တာကမ်းလွန်တွင် တနင်္ဂနွေနေ့က အသက် ၃၄ နှစ်အရွယ် တရုတ်အမျိုးသား ရှင်းယူရှီသည် ရေနစ် ေ-သဆုံးခဲ့သည်ဟု ထိုင်းရေကြောင်းထိန်းသိမ်းရေး ကွပ်ကဲမှုဗဟိုဌာနက သတင်းထုတ်ပြန်ခဲ့သည်။
မူကော့လန်တာ အမျိုးသားဥယျာဉ်အကြီးအကဲ ချိုင်ယာဖာရွတ် ဝီရာဝေါင်က အဆိုပါခရီးသွားသည် သူငယ်ချင်းတစ်ဦးနှင့် ရေကူးနေစဉ် လှိုင်းကြမ်းတစ်ခုနှင့် ပါသွားခဲ့ခြင်းဟု ပြောဆိုခဲ့သည်။ ထို့နောက် တစ်ကီလိုမီတာအကွာတွင် သူ၏ ရုပ်အလေ-ာင်းကို တွေ့ရှိခဲ့ပြီး အလေ-ာင်းအား ကော့လန်တာဆေးရုံသို့ ပို့ဆောင်ကာ ရင်ခွဲစစ်ဆေးခဲ့သည်။
ဖူးခက်နှင့် ကရာဘီတို့သည် တိုင်ဖွန်းဝီဖာကြောင့် မိုးကြီးမှုနှင့် ပင်လယ်လှိုင်းထန်မှုများဖြစ်နေသည့် အဒ္ဒမန်ကမ်းရိုးတန်းပြည်နယ်များတွင် ပါဝင်သည်။ ဝီဖာသည် တရုတ်ပြည်မကြီးကို ဝင်ရောက်တို-က်ခ-တ်ပြီးနောက် လက်ရှိတွင် အပူပိုင်းမုန်တိုင်းအဖြစ်သို့ လျော့ကျသွားပြီဖြစ်သည်။
Ref: ဘန်ကောက်ပို့စ်
