ထိုင်းနိုင်ငံ ဆူရတ်ဌာနီပြည်နယ်မှ လူဝင်မှု ကြီးကြပ်ရေးတာဝန်ရှိသူများနှင့် ဖငန်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ပြည်နယ်၏ ကော့ဖငန်ခရိုင်ခွဲရှိ Koh Phangan ဘုရားကျောင်းတွင် ခွင့်ပြုချက်မရှိဘဲ စာသင်ကျောင်းဖွင့်လှစ်သင်ကြားနေသည်ဟူသော သတင်းအရ ဇန်နဝါရီ ၂၉ ရက်တွင် ဘုရားကျောင်းအတွင်း ဝင်ရောက်စစ်ဆေးခဲ့ကြသည်။
အထဲတွင် မြန်မာကျောင်းသား ၁၉၀ ကျော်ရှိပြီး မြန်မာဆရာလေးဦးဖြင့် စာသင်ကြားနေကြသည်ဟု ဆိုသည်။ ကျောင်းသားမိဘများသည် ကော့ဖငန်တွင် အလုပ်လုပ်ကိုင်ကြသူများဖြစ်ပြီး သူတို့ အလုပ်လုပ်ချိန်တွင် ကလေ-းများကို စောင့်ရှောက်ခြင်းမပြုနိုင်သဖြင့် ဘုရားကျောင်းသို့ ပို့ဆောင်ပေးကြခြင်းဖြစ်သည်ဟု ၎င်းတို့က ပြောဆိုသည်။ ကျောင်းသည် ကျောင်းသားတစ်ဦးလျှင် တစ်လကျောင်းစရိတ် ဘတ် ၃၀၀ နှင့် ၅၀၀ အကြားကောက်ခံသည်ဟု ဆိုသည်။
ယခုဖြစ်ရပ်တွင် ပါဝင်ပတ်သက်သူများအားလုံးကို ခွင့်ပြုချက်မရှိဘဲ စာသင်ကျောင်းဖွင့်လှစ်မှု၊ အလုပ်ပါမစ်မရှိဘဲ နိုင်ငံခြားသားများ အလုပ်လုပ်ကိုင်မှုတို့ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။ တာဝန်ရှိသူများသည် မြန်မာဖတ်စာအုပ် ၃၁ အုပ်ကို သက်သေအဖြစ် သိမ်းဆည်းခဲ့ပြီး သံသယရှိသူအားလုံးကို ကော့ဖငန်ရဲစခန်းရှိ စုံစမ်းစစ်ဆေးရေးမှူးများထံ လွှဲပေးခဲ့သည်ဟု သိရသည်။
Ref: ခါဆော့ဒ်အင်းဂလိပ်