Looking for something?

Explore the website

Looking for something?

Wednesday, May 28, 2025

ရန်ကုန်တိုင်းရှိ မြို့နယ်(၃)ခုတွင် သစ်ပင်လဲကျမှုများဖြစ် ထိခိုက်ဒဏ်ရာရသူမရှိခဲ့

ရန်ကုန်တိုင်းရှိ သန်လျင်မြို့နယ်၊ ကမာရွတ်မြို့နယ်နှင့် လသာမြို့နယ်တို့တွင် ယနေ့ မေ ၂၇ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်လဲကျမှုများဖြစ်ပေါ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ သန်လျင်မြို့နယ်၊ မြို့ဟောင်းအလယ်ရပ်ကွက်၊...

မိုးရာသီအတွင်းပေါက်ပွားသည့် မှိုဆိပ်အန္တရာယ်နှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနသတိပေး

မိုးရာသီကာလ၌ သစ်တောများနှင့်သစ်ပင်များပေါက်ရောက်ရာပတ်ဝန်းကျင်များတွင် မှိုအမျိုးမျိုးကြီးထွားပေါက်ပွားမှုများပြားလေ့ရှိ၍ မှိုဆိပ်အန္တရာယ်နှင့်ပတ်သက်၍သတိပြုကြရန် ကျန်းမာရေးဝန်ကြီးဌာနမှ တိုက်တွန်းနှိုးဆော်ခဲ့သည်။ အဆိုပါ မှိုများတွင်အန္တရာယ်ကင်းစွာစားသုံးနိုင်သော မှိုအမျိုးအစားများရှိပြီး အဆိပ်ရှိမှိုများစွာလည်းရှိရာ အဆိပ်ရှိမှိုများအနက်အချို့မှိုများသည် ပြင်းထန်စွာအဆိပ်သင့်စေ၍ အသက်ဆုံးရှုံးစေသည်အထိဖြစ်နိုင်သည်ဟုလည်း ကျန်းမာရေးဝန်ကြီးဌာနက...

မုတ်သုံလေအားအလွန်ကောင်းနေမှုအပါအဝင် ရာသီဥတုအခြေအနေ(၃)ခုကြောင့် တိုင်းနှင့်ပြည်နယ်အနှံ့၌ ယနေ့မှ...

မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနေခြင်း၊ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းလွန်)တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းအရှိန်နှင့် အပူပျံတက်တိမ်များဖြစ်ထွန်းမှုအားကောင်းခြင်း ရာသီဥတုအခြေအနေ(၃)ခုဖြစ်ပေါ်နေသည်ဟု မိုးဇလမှ ယနေ့ မေ ၂၇...

အာဆီယံညွန့်‌‌ပေါင်းအသင်းနှင့်ချစ်ကြည်ရေးကစားရန်မန်ယူမ‌လေးရောက်

အာဆီယံညွန့်‌ေပါင်းအသင်းနှင့် ရာသီကုန်ခြေစမ်းပွဲကစားမည့် အင်္ဂလန် ပရီးမီးယားလိဂ်မှ မန်ချက်စတာယူနိုက်တက်အသင်းသည် တနင်္လာနေ့ မေလ ၂၆ ရက် ညနေပိုင်းတွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကို ရောက်ရှိလာကြောင်း...
HomeInternationalထိုင်ဝမ်၏ကိုဗစ်စည်းမျဉ်းနောက်ဆုံးဖြေလျှော့မှုအနေဖြင့် နိုင်ငံအချို့ဗီဇာကင်းလွတ်ခွင့်ပြန်‌ရမည်ဟုဆို

ထိုင်ဝမ်၏ကိုဗစ်စည်းမျဉ်းနောက်ဆုံးဖြေလျှော့မှုအနေဖြင့် နိုင်ငံအချို့ဗီဇာကင်းလွတ်ခွင့်ပြန်‌ရမည်ဟုဆို

ထိုင်ဝမ်၏ကိုဗစ်စည်းမျဉ်းနောက်ဆုံးဖြေလျှော့မှုအနေဖြင့် နိုင်ငံအချို့ဗီဇာကင်းလွတ်ခွင့်ပြန်‌ရမည်ဟုဆို

တိုင်ပေ၊စက်တင်ဘာ ၅

ထိုင်ဝမ်တွင် ကိုဗစ်ပြန့်ပွားမှုထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်းများကို ဖြေလျှော့လိုက်သဖြင့် လာမည့်အပတ်မှစတင်ကာ အမေရိကနှင့်ကနေဒါနိုင်ငံများမှ ခရီးသွားများအတွက် ဗီဇာကင်းလွတ်ခွင့်ကိုပြန်‌ ပေးတော့မည်ဖြစ်ကြောင်း ထိုင်ဝမ်အစိုးရက စက်တင်ဘာလ ၅ ရက် တနင်္လာနေ့ကပြောကြားခဲ့သည်။

ထိုင်ဝမ်အစိုးရသည် ဇွန်လက ကွာရန်တင်းရက်အား ခုနစ်ရက်မှသုံးရက်သို့လျှော့ချလိုက်ခြင်းမှလွဲ၍ အခြားအာရှနိုင်ငံအများအပြားတွင်ကဲ့သို့ ကိုဗစ်စည်းမျဉ်းများ ကိုဖြေလျှော့မပေးဘဲ ထိုင်ဝမ်ကဆက်လက်တင်းကျပ်ထားဆဲဖြစ်သည်။

ထိုင်ဝမ်တွင် ကူးစက်လွယ်အိုမီခရွန်မျိုးကွဲများကြောင့် ယခုနှစ်စောပိုင်းမှစတင်ကာ ပြည်တွင်းကူးစက်မှုပေါင်း ၅ ဒသမ ၃ သန်းကျော်ရှိကြောင်းထုတ်ပြန်ခဲ့သည်။သို့သော်ရောဂါလက္ခဏာ မပြင်းထန်မှုများကြောင့် ကန့်သတ်ချက်မှုများကိုယခုကဲ့ သို့ ဖြေလျှော့ပေးခဲ့ခြင်းဖြစ်သည်။

အမေရိက၊ကနေဒါ၊နယူးဇီလန်၊ဩစတြေးလျ၊ဥရောပနှင့် သံတမန်ရေးရာမဟာမိတ်နိုင်ငံများမှ ဧည့်သည်များအား နောက်တပတ်တနင်္လာမှစကာ ဗီဇာကင်းလွတ်ခွင့်ဖြင့်ပြန်လည်ဝင်ရောက်ခွင့်ပြုတော့မည့်အကြောင်းကို ထိုင်ဝမ်ကူးစက်ရောဂါကွပ်ကဲရေးဗဟိုဌာနက ပြောကြားခဲ့သည်။

ကမ္ဘာတစ်ဝန်းရှိနိုင်ငံအများစုသည် ၎င်းတို့၏နယ်စပ်များကို ပြန်လည်ဖွင့်လှစ်ထားပြီး ကူးစက်ရောဂါမဖြစ်ပွားမီကချမှတ်ထား‌ေသာနယ်စပ်အစီအမံများကိုပြန်လည်စတင်ကာ ကပ်ရောဂါကာကွယ်ရေး၊စီးပွားရေးနှင့်လူမှုရေးလုပ်ငန်းများအပါအဝင် နိုင်ငံတကာအပြန်အလှန်ဖလှယ်မှုများ ဟန်ချက်ညီရန်ကြိုးပမ်းမှုများပြန်လည်လုပ်ဆောင်နေသည့် အချက်အပေါ်မူတည်ကာ ယခုကဲ့သို့ပြန်လည်ဖွင့်လှစ်ရန်ဆုံးဖြတ်ချက်ကိုချမှတ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

အဆိုပါနိုင်ငံပေါင်း ၄၅ နိုင်ငံကျော်မှ ဧည့်သည်များသည် ထိုင်ဝမ်တွင်ရက်ပေါင်း ၉၀ အထိနေထိုင်နိုင်ပြီး Nauru, Saint Lucia နှင့် အခြားနိုင်ငံသုံးနိုင်ငံမှသူများသည် ရက် ၃၀ အထိနေထိုင်နိုင်ကြောင်း ထိုင်ဝမ်ကောင်စစ်ရေးရာဗျူရိုက ထုတ်ပြန်သည့်စာရင်းအရသိရသည်။

စင်္ကာပူနှင့်မလေးရှားအပါအဝင် နိုင်ငံအများအပြားမှ လာရောက်လည်ပတ်သူများအတွက်ကိုမူ ထိုင်ဝမ်အနေဖြင့် ဗီဇာကင်းလွတ်ခွင့်ကိုယာယီရပ်ဆိုင်းထားသေးကြောင်း ဗျူရို၏အင်္ဂါနေ့ ထုတ်ပြန်ချက်စာရင်းအရသိရှိရသည်။ကပ်ရောဂါကာလတစ်လျှောက် ထိုင်ဝမ်နိုင်ငံသားများနှင့် နိုင်ငံခြားခရီးသွားများအား နိုင်ငံမှထွက်ခွာခွင့်နှင့်ပြန်လည်ဝင်ရောက်ခွင့်များကို မတားမြစ်ထားသော်လည်း ၎င်းတို့အနေဖြင့် မိမိနေအိမ်တွင်ဖြစ်စေ ဟိုတယ်တွင်ဖြစ်စေကွာရန်တင်းဝင်ရန်လိုအပ်ကြောင်းဖော်ပြထားသည်။

ကပ်ရောဂါမတိုင်မီက ထိုင်ဝမ်သည် အာရှခရီးသွားများ အဓိကလာရောက်လည်ပတ်ရန်ရေပန်းစားသည့် နေရာတစ်ခုဖြစ်ပြီး ဂျပန်၊တောင်ကိုရီးယားနှင့် အရှေ့တောင်အာရှနိုင်ငံများသည် ထိုင်ဝမ်ခရီးသွားလုပ်ငန်းအတွက် အရေးပါသောနိုင်ငံများဖြစ်သည်။

Source –Reuters/rc

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်တိုင်းရှိ မြို့နယ်(၃)ခုတွင် သစ်ပင်လဲကျမှုများဖြစ် ထိခိုက်ဒဏ်ရာရသူမရှိခဲ့

ရန်ကုန်တိုင်းရှိ သန်လျင်မြို့နယ်၊ ကမာရွတ်မြို့နယ်နှင့် လသာမြို့နယ်တို့တွင် ယနေ့ မေ ၂၇ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်လဲကျမှုများဖြစ်ပေါ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ သန်လျင်မြို့နယ်၊ မြို့ဟောင်းအလယ်ရပ်ကွက်၊ ဗိုလ်ချုပ်နေဝင်းလမ်းမပေါ်နှင့် ကားတစ်စီးတို့ပေါ်သို့ ည ၇ နာရီခွဲခန့်က သစ်ပင်လဲကျပြီးလမ်းပိတ်နေသဖြင့် သန်လျင်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များဖြင့် ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် ည ၆ နာရီ ၅၀ မိနစ်ခန့်ကလည်း ကမာရွတ်မြို့နယ်၊အင်းလျားလမ်းမပေါ်၌ စိန်ပန်းပင်လဲကျကာလမ်းပိတ်နေသဖြင့် ကမာရွတ်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ စမ်းချောင်းအရန်မီးသတ်မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များပူးပေါင်း၍ ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။ ထို့အတူ ည ၇ နာရီ ၁၀ မိနစ်ကျော်ခန့်ကလည်း...

မိုးရာသီအတွင်းပေါက်ပွားသည့် မှိုဆိပ်အန္တရာယ်နှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနသတိပေး

မိုးရာသီကာလ၌ သစ်တောများနှင့်သစ်ပင်များပေါက်ရောက်ရာပတ်ဝန်းကျင်များတွင် မှိုအမျိုးမျိုးကြီးထွားပေါက်ပွားမှုများပြားလေ့ရှိ၍ မှိုဆိပ်အန္တရာယ်နှင့်ပတ်သက်၍သတိပြုကြရန် ကျန်းမာရေးဝန်ကြီးဌာနမှ တိုက်တွန်းနှိုးဆော်ခဲ့သည်။ အဆိုပါ မှိုများတွင်အန္တရာယ်ကင်းစွာစားသုံးနိုင်သော မှိုအမျိုးအစားများရှိပြီး အဆိပ်ရှိမှိုများစွာလည်းရှိရာ အဆိပ်ရှိမှိုများအနက်အချို့မှိုများသည် ပြင်းထန်စွာအဆိပ်သင့်စေ၍ အသက်ဆုံးရှုံးစေသည်အထိဖြစ်နိုင်သည်ဟုလည်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးခဲ့သည်။ မှိုဆိပ်သင့်လက္ခဏာများအနေဖြင့် မှိုစားပြီး မိနစ် (၂၀)မှ (၄)နာရီအတွင်း မူးဝေခြင်း၊ အော့အန်ခြင်း၊ ဗိုက်အောင့်ဗိုက်နာခြင်း၊ ဝမ်းလျှောခြင်းတို့ဖြစ်ပွားနိုင်ပြီး ပြင်းထန်ပါကအသက်ဆုံးရှုံးနိုင်သည့်အပြင် ဦးနှောက်နှင့်အာရုံကြောထိခိုက်ပြီး စိတ်အာရုံခြောက်ခြားခြင်း၊ အလွန်အမင်းနိုးကြားလာခြင်းနှင့် စိတ်ဓာတ်ကျခြင်းတို့ဖြစ်စေနိုင်သည်ဟု သတိပေးခဲ့သည်။ ထို့အတူ အဆိပ်သင့်မှုလက္ခဏာနှင့် ပြင်းထန်မှုအတိုင်းအတာသည် မှိုအမျိုးအစား၊ ပါဝင်သောအဆိပ်(ဥပမာ- Cyclopeptides, Gyromitrin, Orellanine, Muscarine စသည်)ပမာဏ၊ စားသုံးမိသောသူ၏ အသက်အရွယ်၊...

မုတ်သုံလေအားအလွန်ကောင်းနေမှုအပါအဝင် ရာသီဥတုအခြေအနေ(၃)ခုကြောင့် တိုင်းနှင့်ပြည်နယ်အနှံ့၌ ယနေ့မှ ဇွန် ၂ ရက်အတွင်း မိုးသည်းထန်စွာရွာသွန်းနိုင်

မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနေခြင်း၊ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းလွန်)တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းအရှိန်နှင့် အပူပျံတက်တိမ်များဖြစ်ထွန်းမှုအားကောင်းခြင်း ရာသီဥတုအခြေအနေ(၃)ခုဖြစ်ပေါ်နေသည်ဟု မိုးဇလမှ ယနေ့ မေ ၂၇ ရက်ညပိုင်းက အထူးမိုးလေဝသသတင်းအဖြစ် အသိပေးထုတ်ပြန်ခဲ့သည်။ ယင်း အခြေအနေ(၃)ခုကြောင့် ယနေ့ မေ ၂၇ ရက်ညပိုင်းမှ လာမည့် ဇွန် ၂ ရက်အတွင်း ရန်ကုန်တိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071