ဖေဖော်ဝါရီ၊ ၁၃
ထိုင်ဝမ်၏ ဒုတိယအကြီးဆုံးမြို့တော်ရှိ ကုန်တိုက်တစ်ခုတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွား၍ လူတစ်ဦးေ-သဆုံးကာ လေးဦးသည် မစိုးရိမ်ရသော ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
မြို့တော်တိုင်ပေ၏အနောက်တောင်ဘက် ကီလိုမီတာ ၁၆၀ ခန့်အကွာ တိုင်ချန်မြို့ရှိ Shin Kong Mitsukoshi ကုန်တိုက်၏ ၁၂ လွှာရှိ အစားအသောက်ဇုန်တွင် ပေါက်ကွဲမှုဖြစ်ပွားရာ လူခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတော် မီးသတ်ဌာနက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဒေသခံ မီးသတ်ဌာနက ယာဉ် ၅၆ စီးနှင့် လူ ၁၃၆ ဦးကို စေလွှတ်ခဲ့ပြီး အခင်းဖြစ်ပွားချိန်တွင် အဆိုပါ ဧရိယာသည် ဆောက်လုပ်ရေး လုပ်ငန်းများအတွက် ပိတ်ထားသည်ဟု ယူဆရကြောင်း အေဂျင်စီက ပြောကြားခဲ့သည်။
ထိုင်ဝမ်ရုပ်သံလိုင်း TVBS ထိုင်ဝမ်က လွှင့်တင်ထားသည့် ဗီဒီယိုတွင် ပေါက်ကွဲမှုဖြစ်ပွားသည့်အခိုက်အတန့်ကို ပြသခဲ့ပြီး အဆောက်အအုံအတွင်းမှ ဖုန်မှုန့်များ ဖုံးအုပ်ကာ အခြားအပျက်အစီးများ လွင့်ထွက်သွားသည်ကို တွေ့ရသည်။ အခင်းဖြစ်ပွားရာ ဓာတ်ပုံများတွင် လမ်းမများပေါ်တွင် ပြန့်ကျဲနေသော အပိုင်းအစများ ကို တွေ့ရသည်။
“မနက် ၁၁ နာရီ ၃၀ လောက်မှာ မြို့တော်အစိုးရ အဆောက်အအုံမှာ ကျွန်တော် အလုပ်လုပ်နေပြီး ဘေးနားက Shin Kong Mitsukoshi ကုန်တိုက်မှာ တုန်ခါမှုတစ်ခု ခံစားခဲ့ရတယ်” ဟု Taichung မြို့တော်ဝန် လူးရှိုးယန် က သတင်းထောက်များကို ပြောကြားခဲ့သည်။
“ပေါက်ကွဲမှုက အရမ်းပြင်းထန်ပြီး ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေပါတယ်။ ပေါက်ကွဲမှု ဖြစ်ပွားရခြင်းအကြောင်းရင်းကို မသိရသေးပါဘူး။”
“ပေါက်ကွဲရတဲ့ အကြောင်းရင်းကို ဆက်ပြီးစုံစမ်းရမှာပါ။ ပေါက်ကွဲတဲ့နေရာကို မသွားကြဖို့ ပြည်သူတွေကို တောင်းဆိုထားပါတယ်” ဟု နိုင်ငံတော် မီးသတ်ဌာန က ပြောသည်။ ပေါက်ကွဲမှုကြောင့် နေရာ ကျယ်ပြန့်စွာ ထိခိုက်ခဲ့ပြီး လမ်းသွားလမ်းလာ တစ်ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း မစ္စတာ လူး မက ပြောကြားခဲ့သည်။
“ဒီဧရိယာမှာ ရုံးခန်းအဆောက်အအုံတွေနဲ့ နေအိမ်တွေ အများကြီးရှိပြီး မိမိတို့၏လုံခြုံရေးအတွက် ကန့်သတ်ချက်များနဲ့ သဘောတူ ပူးပေါင်းဆောင်ရွက်ဖို့ လူတိုင်းကို တောင်းဆိုထားပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
Ref: အယ်လ်ဂျာဇီယား