Friday, August 7, 2026

သြဂုတ် ၁၂ ရက်မှ ၁၇...

ရန်ကုန်၊ သြဂုတ် ၇ ရန်ကုန်မြစ်အတွင်း လာမည့် သြဂုတ် ၁၂ ရက်မှ ၁၇ ရက်အတွင်း သာမန်ထက် ထူးကဲဒီရေများ တက်လာနိုင်သဖြင့် မြစ်ကမ်းနားဒေသများ၌...

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီကို ဖွဲ့စည်း၊...

နေပြည်တော်၊ ဩဂုတ် ၇ မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီကို ဖွဲ့စည်း၍ လုပ်ငန်းတာဝန် (၂၅) ရပ် ချမှတ်ထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန...

ထိုင်းနိုင်ငံ ကျောင်းပ-စ်ခတ်မှုအတွင်း လူ ၂...

​ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မြောက်ပိုင်းက နွန်သဘူရီခရိုင်မှာရှိတဲ့ ကျောင်းတစ်ကျောင်းမှာ ပ-စ်ခတ်မှုဖြစ်ပွားခဲ့လို့ လူ ၂ ဦး ‌ေ-သဆုံးပြီး နောက်ထပ် လူ ၂၀ ကျော်လောက်...

ချင်းရွှေဟော်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ မြန်မာ့နာနတ်သီး ၄.၃၂...

ချင်းရွှေဟော်၊ ဩဂုတ်-၇​တရုတ်-မြန်မာနယ်စပ်ရှိ မွန်တင့်-ချင်းရွှေဟော် နယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံမှ လတ်ဆတ်သော နာနတ်သီး ၄.၃၂ တန်ကို တရုတ်နိုင်ငံအတွင်းသို့ တင်ပို့ခဲ့ကြောင်း ယူနန်အခြေစိုက်သတင်းဌာန၏ ဖော်ပြချက်အရ...
HomeInternationalထိုင်ဝမ်တွင်ရစ်ခ်တာစကေး ၆ ဒဿမ...

ထိုင်ဝမ်တွင်ရစ်ခ်တာစကေး ၆ ဒဿမ ၄ အဆင့်ရှိ ငလျင် လှုပ်ခတ်

ထိုင်ဝမ်တောင်ပိုင်း တောင်ပေါ်ကျေးလက်ဒေသတွင် ဇန်နဝါရီ ၂၁ ရက်က ရစ်ခ်တာစကေး ၆ ဒဿမ ၄ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ကျွန်း၏ မိုးလေဝသဌာနက ပြောကြားခဲ့ပြီး ငလျင်ကြောင့် ဒဏ်ရာရသူ ၂၇ ဦးရှိကာ နေအိမ်များ ထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု ဒေသဆိုင်ရာ အာဏာပိုင်များက ပြောသည်။

ငလျင်သည် ချီယာယီစီရင်စု ဒါပူမြို့နယ်တွင် အနက် ၉ ဒဿမ ၄ မီတာခန့်မှ ဗဟိုပြုလှုပ်ခတ်ခဲ့သည်ဟု မိုးလေဝသဌာနက ပြောကြားခဲ့သည်။

အမေရိကန်ဘူမိဗေဒတိုင်းတာရေးဌာနကမူ ငလျင်ပြင်းအားသည် ၆ ဒဿမ ၀ ရှိခဲ့သည်ဟု ဖော်ပြသည်။

ထိုင်ဝမ်တောင်ပိုင်း သရက်စိုက်ပျိုးရေးခရိုင် ယူကျင်း၏ မြောက်ဘက် ၁၂ ကီလိုမီတာအကွာတွင် ဒေသစံတော်ချိန် ၁၂း၂၇ က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် မြို့တော်တိုင်ပေရှိ အဆောက်အအုံများ လှုပ်ခါခဲ့သည်။

ဖေ့စ်ဘွတ်ခ်ပေါ်တင်ခဲ့သော ဗီဒီယိုဖိုင်တစ်ခုတွင် အနီးရှိ နန်ရှီခရိုင်၌ ပြိုကျခဲ့သော နေအိမ်အတွင်း ပိတ်မိသွားခဲ့သည့် ကလေးတစ်ဦးအပါအဝင် လူ သုံးဦးကို မီးသတ်တပ်ဖွဲ့ဝင်များက ကယ်ဆယ်ပေးခဲ့သည်ကို တွေ့ရသည်။ ယင်းခရိုင်ရှိ အခြားနေအိမ်များ၏ မျက်နှာကျက်များလည်း ပြိုကျခဲ့သည်။

အခြားနေရာများတွင် ပြိုကျ ပျက်စီးမှုများကြောင့် လူတစ်ဦး ဒဏ်ရာရခဲ့သကဲ့သို့ ဓါတ်လှေခါးအတွင်း လူနှစ်ဦး ပိတ်မိခဲ့သည်။

ငလျင်ကြောင့် စုစုပေါင်း လူ ၂၇ ဦးဒဏ်ရာရခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ပြီး နန်ရှီခရိုင် မီးသတ်တပ်ဖွဲ့က ထိခိုက်မှု ကြီးကြီးမားမားမရှိခဲ့ဟု သတင်းထုတ်ပြန်ခဲ့သည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သြဂုတ် ၁၂ ရက်မှ ၁၇ ရက်အတွင်း ရန်ကုန်မြစ်၌ ထူးကဲဒီရေ တက်နိုင်သဖြင့် မြစ်ကမ်းနားနေထိုင်သူများ ကြိုတင်ပြင်ဆင်ရန် သတိပေး

ရန်ကုန်၊ သြဂုတ် ၇ ရန်ကုန်မြစ်အတွင်း လာမည့် သြဂုတ် ၁၂ ရက်မှ ၁၇ ရက်အတွင်း သာမန်ထက် ထူးကဲဒီရေများ တက်လာနိုင်သဖြင့် မြစ်ကမ်းနားဒေသများ၌ နေထိုင်သူများအနေဖြင့် ဘေးကင်းရာသို့ ရွှေ့ပြောင်းနိုင်ရေး ကြိုတင်ပြင်ဆင်ထားကြရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က သြဂုတ် ၇ ရက်တွင် သတိပေးချက် ထုတ်ပြန်ထားသည်။ အဆိုပါ ရက်များအတွင်း ရန်ကုန်မြစ်ရေသည် အခြေခံရေစစ်မျဉ်းအထက် အမြင့်ပေ ၂၀.၂၇ ပေမှ ၂၁.၁၆ ပေခန့်အထိ သာမန်ထက် ထူးကဲစွာ တက်လာနိုင်ကြောင်း သိရသည်။ ယခင်က ထူးကဲဒီရေ အမြင့်ဆုံးအနေဖြင့် ၂၂ ပေခန့်အထိ...

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီကို ဖွဲ့စည်း၊ လုပ်ငန်းတာဝန် (၂၅) ရပ် ချမှတ်

နေပြည်တော်၊ ဩဂုတ် ၇ မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီကို ဖွဲ့စည်း၍ လုပ်ငန်းတာဝန် (၂၅) ရပ် ချမှတ်ထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးက ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ ပထမအကြိမ် အစည်းအဝေးတွင် ပြောကြားခဲ့သည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ ဟန်ချက်ညီစေရန် အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒများ၊ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ မဟာဗျူဟာများနှင့် ပင်မလုပ်ငန်းအစီအစဉ်များကို ထုတ်ပြန်ထားပြီး ဖြစ်သည်။ လုပ်ငန်းတာဝန်များကို ကဏ္ဍအလိုက် အကောင်အထည်ဖော်ရန် လုပ်ငန်းကော်မတီ (၂) ရပ်နှင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီများကိုလည်း ဖွဲ့စည်းသွားမည်...

ထိုင်းနိုင်ငံ ကျောင်းပ-စ်ခတ်မှုအတွင်း လူ ၂ ဦး ‌ေ-သဆုံးပြီး ၂၀ ကျော် ဒ-ဏ်ရာရ

​ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မြောက်ပိုင်းက နွန်သဘူရီခရိုင်မှာရှိတဲ့ ကျောင်းတစ်ကျောင်းမှာ ပ-စ်ခတ်မှုဖြစ်ပွားခဲ့လို့ လူ ၂ ဦး ‌ေ-သဆုံးပြီး နောက်ထပ် လူ ၂၀ ကျော်လောက် ဒ-ဏ်ရာရသွားတယ်လို့ Khaosod သတင်းမှာ ဖော်ပြထားပါတယ်။ ​ကနဦး ထွက်ပေါ်လာတဲ့ သတင်းတွေအရဆိုရင် ‌ေ-သဆုံးသွားသူတွေဟာ ကျောင်းဆရာ/မ နှစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ ဒ-ဏ်ရာရသွားတဲ့သူတွေထဲက ၃ ဦးကတော့ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေပါတယ်။ လက်ရှိမှာ ရဲတပ်ဖွဲ့နဲ့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေက အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိနေကြပါပြီ။ အနီးအနားက ဒေသခံတွေကိုလည်း အဲဒီဖြစ်စဉ်ဖြစ်ပွားတဲ့နေရာဆီ မသွားကြဖို့ တိုက်တွန်း နှိုးဆော်ထားပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071