Friday, September 18, 2026

တစ်ပတ်အတွင်း တရားမဝင်သစ် ၉၂ တန်ကျော်နှင့်...

နေပြည်တော်၊ စက်တင်ဘာ ၁၈ သစ်တောဦးစီးဌာနက တရားမဝင်သစ်ထုတ်လုပ်မှုများကို နည်းလမ်းမျိုးစုံဖြင့် စောင့်ကြပ်ဖော်ထုတ်ဖမ်းဆီးလျက်ရှိရာ စက်တင်ဘာ ၇ ရက်မှ ၁၃ ရက်အထိ တစ်ပတ်တာကာလအတွင်း တရားမဝင်သစ်...

သီတဂူဆရာတော်ကြီးက လေးမျက်နှာမြို့နယ်ရေဘေး၏ ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ်သိန်း...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုဖြစ်စဥ်ကြောင့် အခက်အခဲများကြုံတွေ့ခဲ့ရသူများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် သီတဂူဆရာတော်ကြီးက ငွေကျပ်သိန်း (၁,၀၀၀) ကို ယနေ့ စက်တင်ဘာ ၁၈ ရက်လှူဒါန်းခဲ့ကြောင်း...

ရန်ကုန်-မန္တလေးအမြန်လမ်း၌ ယာဉ်မတော်တဆမှု ၂ ကြိမ်ဖြစ်ပွား၊...

ရန်ကုန်၊ စက်တင်ဘာ ၁၀ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ယနေ့ စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းက အရှိန်မထိန်းနိုင်ခြင်းနှင့် ယာဉ်မောင်းအိပ်ငိုက်ခြင်းတို့ကြောင့် ယာဉ်မတော်တဆမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်နှစ်ခုစလုံးတွင်...

iPhone 18 စီးရီးသစ် ဝယ်ယူရန်...

စင်ကာပူ၊ စက်တင်ဘာ ၁၈ Apple ၏ iPhone 18 စီးရီးသစ်ကို စတင်ရောင်းချသည့် စက်တင်ဘာ ၁၈ ရက်တွင် စင်ကာပူနိုင်ငံ အော်ချတ်လမ်းရှိ...
HomeInternationalထိုင်ဝမ်ကိုမကျူးကျော်‌အောင်ကာကွယ်မည်လားဆိုသောမေးခွန်းကိုထရမ့်ပ်မဖြေ

ထိုင်ဝမ်ကိုမကျူးကျော်‌အောင်ကာကွယ်မည်လားဆိုသောမေးခွန်းကိုထရမ့်ပ်မဖြေ

ထိုင်ဝမ်ကို တရုတ်က ထိန်းချုပ်လာလျှင်တားဆီးရန်သည် သူ့အစိုးရ၏ မူဝါဒဖြစ်ပါသလားဆိုသော မေးခွန်းကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သူ မဖြေကြားလိုကြောင်း တုန့်ပြန် ပြောကြားခဲ့သည်။

“ဒီကိစ္စကို ငါ ဘယ်တော့မှ မှတ်ချက်မပေးပါဘူး” ဟု ဗုဒ္ဓဟူးနေ့က အိမ်ဖြူတော်တွင် ပြုလုပ်သည့် ဝန်ကြီးအဖွဲ့အစည်းအဝေးအတွင်း သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ထရမ့်ပ်က တုန့်ပြန်ခဲ့သည်။ သူ့အနေဖြင့် ယင်းကိစ္စအပေါ် မှတ်ချက်ပေးရမည်ဆိုလျှင်ပင် သတင်းထောက်ကို ပြောပြမည် မဟုတ်ဟု သူက တုန့်ပြန်ခဲ့သည်။

မှတ်ချက်ပေးရန် ငြင်းဆန်မှုသည် ထိုင်ဝမ်ကို တရုတ်က ကျူးကျော်ခဲ့ပါက စစ်ရေးအရ ကြားဝင်ရလိမ့်မည်ဟု ထပ်ခါတလဲလဲ ပြောကြားခဲ့သော သမ္မတဟောင်း ဂျိုးဘိုင်ဒင်၏ ပြောဆိုချက်များနှင့် လုံး၀ ကွဲထွက်သွားခြင်းဖြစ်သည်။

အမေရိကသည် ထိုင်ဝမ်နှင့် ပတ်သက်၍ တိကျပြတ်သားသော လုံခြုံရေးအာမခံချက်တစ်ရပ်ပေးရေးကို အစဉ်အလာအားဖြင့် ရှောင်ရှားခဲ့ပြီး မရေရာသော မူဝါဒကိုသာ ကိုင်စွဲခဲ့သည်။ ၁၉၇၉ ခုနှစ် ထိုင်ဝမ်ဆက်ဆံရေးအက်ဥပဒေအရ လက်ရှိအနေအထားကို တစ်ဖက်သတ် ပြောင်းလဲမှုမျိုးကို ဆန့်ကျင်ရန်နှင့် ကိုယ့်ကိုယ်ကို ကာကွယ်ရေးအတွက် ထိုင်ဝမ်ကို အရင်းအမြစ်များ ပံ့ပိုးပေးရန် ပြဌာန်းထားပြီး အမေရိက,က ကြားဝင်စွက်ဖက်ရမည်ဟု အတိအလင်းဖော်ပြထားခြင်း မရှိပေ။

အကာအကွယ်ပေးရမှုအတွက် ထိုင်ဝမ်က မိမိတို့ကို အခကြေးငွေ ပေးသင့်သည်ဟု မဲဆွယ်စည်းရုံးရေးကာလအတွင်းက Bloomberg သတင်းဌာနနှင့် အင်တာဗျူးတွင် ထရမ့်ပ်က ပြောဆိုထားသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသည်ဟု ဗုဒ္ဓဟူးနေ့တွင် ထရမ့်ပ်က ပြောကြားခဲ့ပြီး ပေကျင်းနှင့် ကုန်သွယ်မှု တိုးတက်လာမည်ဟု မျှော်လင့်ကြောင်း ဆိုခဲ့သည်။

“ တရုတ်နဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးက အရမ်းကောင်းလာပါလိမ့်မယ်” ဟု ထရမ့်ပ်က ပြောကြားခဲ့သည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တစ်ပတ်အတွင်း တရားမဝင်သစ် ၉၂ တန်ကျော်နှင့် ယာဉ်/ယန္တရား ၈ စီး ဖမ်းဆီးရမိ

နေပြည်တော်၊ စက်တင်ဘာ ၁၈ သစ်တောဦးစီးဌာနက တရားမဝင်သစ်ထုတ်လုပ်မှုများကို နည်းလမ်းမျိုးစုံဖြင့် စောင့်ကြပ်ဖော်ထုတ်ဖမ်းဆီးလျက်ရှိရာ စက်တင်ဘာ ၇ ရက်မှ ၁၃ ရက်အထိ တစ်ပတ်တာကာလအတွင်း တရားမဝင်သစ် စုစုပေါင်း ၉၂ ဒသမ ၆၉၉၅ တန်၊ ယာဉ်/ယန္တရား ရှစ်စီးနှင့် သက်ဆိုင်သူ ရှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင်သစ်ထုတ်လုပ်မှုနှင့် သစ်တောသယံဇာတများ တရားမဝင် ထုတ်ယူသုံးစွဲမှုများကို တားဆီးဖော်ထုတ်နိုင်ရေးအတွက် ပြည်သူအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် (Community Monitoring and Reporting...

သီတဂူဆရာတော်ကြီးက လေးမျက်နှာမြို့နယ်ရေဘေး၏ ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ်သိန်း (၁,၀၀၀) လှူဒါန်း

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုဖြစ်စဥ်ကြောင့် အခက်အခဲများကြုံတွေ့ခဲ့ရသူများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် သီတဂူဆရာတော်ကြီးက ငွေကျပ်သိန်း (၁,၀၀၀) ကို ယနေ့ စက်တင်ဘာ ၁၈ ရက်လှူဒါန်းခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ သီတ ဂူဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)တွင်လှူဒါန်းရာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးအောင်နိုင်သူက ဥပဿကာအဖြစ်ဆောင်ရွက်ပြီး ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးအေးကျော်ထံ လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့နောက် သီတဂူဆရာတော်ကြီးထံ ဧရာဝတီတိုင်းဝန်ကြီးချုပ်ကဂုဏ်ပြုလွှာပြန်လည်ဆပ်ကပ်ခဲ့ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် ဧရာဝတီတိုင်းဝန်ကြီးချုပ်တို့က သီတဂူဆရာတော်ကြီးအား ဝါဆိုသင်္ကန်းဆပ်ကပ်ပြီး သီတဂူမျက်စိအလှူတော်အတွက်အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ရန်ကုန်-မန္တလေးအမြန်လမ်း၌ ယာဉ်မတော်တဆမှု ၂ ကြိမ်ဖြစ်ပွား၊ ထိခိုက်ဒ-ဏ်ရာရသူမရှိ

ရန်ကုန်၊ စက်တင်ဘာ ၁၀ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ယနေ့ စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းက အရှိန်မထိန်းနိုင်ခြင်းနှင့် ယာဉ်မောင်းအိပ်ငိုက်ခြင်းတို့ကြောင့် ယာဉ်မတော်တဆမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်နှစ်ခုစလုံးတွင် ထိခိုက်ဒ-ဏ်ရာရရှိသူ မရှိကြောင်း သိရသည်။ ပထမဖြစ်စဉ်မှာ နံနက် ၁၂ နာရီခွဲခန့်က ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာသည့် “ရွှေလရောင်” အဝေးပြေးခရီးသည်တင်ယာဉ်သည် ကျွဲကောသီးအိတ်များ တင်ဆောင်လာစဉ် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၆၇/၆ အရောက်၌ အရှိန်မထိန်းနိုင်ဘဲ အတွင်းယာဉ်ကြောနှင့် ကပ်လျက်ရှိသည့် မြေသားလမ်းပုခုံးပေါ်သို့ ရောက်ရှိရပ်တန့်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်လိုက်ပါလာသူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိသော်လည်း အဝေးပြေးခရီးသည်တင်ယာဉ်မှာ ပျ-က်စီးမှုအချို့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071