ထိုင်းဒါရိုက်တာADSAJUN SATTAGOVIT ရိုက်ကူးပြီး ပြေတီဦး၊ ထိုင်းမင်းသမီး အလှမယ် Care Chattarika Sittiprom ၊ ထိုင်း သရုပ် ဆောင်များစွာ ပါဝင်ရိုက်ကူးထားတဲ့ TT& Donut ရုပ်ရှင် ဇာတ်ကားကိုတော့ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံတို့မှာ ၂ဝ၁၇ခုနှစ်
နှစ်ဆန်းပိုင်းလောက်မှာတစ် ပြိုင်နက်ရုံတင်ပြသသွားမှာ ဖြစ်ကြောင်း သိရပါတယ်။ ဒီဇာတ်ကားတစ်ကား လုံးကိုတော့ ထိုင်းနိုင်ငံမှာ ရိုက်ကူးခဲ့တာဖြစ်ပြီး စက်တင်ဘာလ ၂၁ရက် နေ့မှာတော့ ထိုင်းနိုင်ငံမှာ အထူးပွဲလည်း ပြသပြီးခဲ့ပြီဖြစ်ပါတယ်။
“ဒီဇာတ်ကားက တကယ့်ကို ထူးခြားတဲ့ ဇာတ်ကားတစ်ကားဖြစ် မှာပါ။ ကျွန်တော့်အနေနဲ့ ပရိသတ်တွေကြိုက်မယ်လို့လည်း ယုံကြည်ပါတယ်။ ထိုင်းနိုင်ငံမှာ အထူးပွဲပြသတုန်းကဆိုရင် ဒီရုပ်ရှင်ကို မြန်မာပရိသတ် တွေလည်း တအားကြိုက်ကြတယ်။ သူတို့ထိုင်းနိုင် ငံက ထိုင်းလူမျိုးတွေကလည်း တအားကြိုက်ကြတယ်။ ဒီကပရိသတ်တွေလည်း ကြိုက်မယ်လို့ ယုံကြည်ပါ တယ်” လို့ ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင် ထားတဲ့ ပြေတီဦးက ပြောပါတယ်။
ပြေတီဦးဖောင်ဒေးရှင်းရဲ့ ရန်ပုံ ငွေပွဲကိုတော့ ဇန်နဝါရီလ အမျိုးသား ကဇာတ်ရုံမှာ ပြုလုပ်သွားမယ်လို့ သိ ရပါတယ်။ ဒီပွဲနဲ့ပတ် သက်ပြီး ပြေတီဦးက “အဓိကကတော့ ပြဇာတ်ပါပဲ။ သီချင်းဆို တာလည်းပါမယ်။ တစ်မူထူးခြားတာက လောလောဆယ်မှာ တိုင်ပင်နေ တုန်းပါ။ ထူးခြားတာဖြစ်ချင်လည်းဖြစ်မယ်။ အရင်ပုံစံ ဖြစ်ရင်လည်းဖြစ်မယ်။ ကိုယ်လုပ်နိုင်တဲ့အနေ အထားနဲ့ ကူညီပေးနိုင်တဲ့ အနုပညာ ရှင် တွေရဲ့ အခြေအနေပေါ်မူတည်ပြီး လုပ်သွား မှာပါ” လို့ ပြောပါတယ်။
အခုလတ်တလောမှာတော့ မလေးရှား က ဒါရိုက်တာ ရိုက်ကူးတဲ့ ‘နစ်ကီအိမ်ကိုပါ လာပြီ’ ရုပ်ရှင်ဇာတ်ကားကြီးကို ညီထွဋ်ခေါင်၊ ခင်လှိုင်၊ အိချောပို တို့နဲ့အတူ ရိုက်ကူးနေပါ တယ်။ နောက်ပိုင်းမှာဆိုရင် ပြေတီဦးက ပြည်ပ က အနုပညာရှင်တွေနဲ့ ဇာတ်ကားရိုက်ကူးမှု
များလာတာကို တွေ့ရပါတယ်။ ဒီလိုပူးတွဲရိုက် ကူးမှု တွေမှာ မြန်မာပြည်ရဲ့ အနုပညာဖန်တီးမှုနဲ့ ဘာတွေကွာ ခြားသလဲဆိုတဲ့ အမေး ကိုတော့ ပြေတီဦးက “ကင်မရာအယူအဆတို့၊ သူတို့ရဲ့ Presentation စသဖြင့် မတူတာလေးတွေ၊ နောက်ပြီး ရိုက်ကူးမှုမှာ ကျွန်တော် တို့ဆီမှာ ခက် နေတဲ့ ကိစ္စလေးတွေကို သူတို့လွယ်လွယ် လေးနဲ့ ရိုက်ကူးသွားတာတွေ့ရတယ်။ သူတို့ဆီ က ယူစရာ လေးတွေလည်း အများကြီးရပါတယ်” လို့ ပြောပါတယ်။
တွယ်တာ
ဓာတ်ပုံ-မင်းမင်းထွန်း