ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုနှင့် မော်စကိုနှင့် ၎င်းတို့၏ ဆက်ဆံရေးကို အဓိကအာရုံစိုက်ဖွယ်ရှိသည့် ဆိုဗီယက်ပြည်ထောင်စုဝင်ဟောင်း သမ္မတနိုင်ငံခေါင်းဆောင်များနှင့် အစည်းအဝေးကိုတက်ရောက်ရန် ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ဗုဒ္ဓဟူးနေ့တွင် ဗဟိုအာရှရှိ တာဂျစ်ကစ္စတန်နိုင်ငံသို့ ရောက်ရှိခဲ့သည်။
ကြာသပတေးနေ့တွင် စတင်မည့် ရုရှား-ဗဟိုအာရှ ထိပ်သီးအစည်းအဝေးကို ပူတင်ပါဝင်တက်ရောက်မည်ဖြစ်ကာ ကာဇက်စတန်၊ ကာဂျစ်စတန်၊ တာ့ခ်မင်နစ္စတန်နှင့် ဥဇဘက်ကစ္စတန်ခေါင်းဆောင်များလည်း တက်ရောက်ကြလိမ့်မည်ဟု ခရမ္မလင်က သတင်းထုတ်ပြန်ကြေညာခဲ့သည်။
ထို့နောက်တွင် ဆိုဗီယက်သမ္မတနိုင်ငံဟောင်းများ စုစည်းထားသော လွတ်လပ်သော ဓနသဟာယနိုင်ငံများ အစည်းအဝေးအတွက် ၎င်းတို့နှင့်အတူ အာမေးနီးယား၊ အဇာဘိုင်ဂျန်နှင့် ဘီလာရုစ်နိုင်ငံ ခေါင်းဆောင်များ ပူးပေါင်းတက်ရောက်ကြမည်ဖြစ်သည်။
ပူတင်သည် နိုင်ငံတကာ ရာဇဝတ်တရားရုံးက ၎င်းအပေါ် ဝရမ်းထုတ်ထားသဖြင့် နိုင်ငံရပ်ခြားခရီးစဉ်များကို အကန့်အသတ်ဖြင့်သာ သွားရောက်သည်။
သို့သော်လည်း ယူကရိန်းစစ်ပွဲ ဆက်လက်ဖြစ်ပွားနေချိန်တွင် ပြုံယမ်းကတပ်များစေလွှတ်အကူအညီပေးခြင်းအပါအဝင် မြောက်ကိုရီးယားနှင့် ပူးပေါင်းဆောင်ရွက်မှု၊ တရုတ်နှင့် အကန့်အသတ်မရှိ မိတ်ဖက်ဆက်ဆံရေးဖော်ဆောင်မှုတို့ကြောင့် ပူတင်သည် ရုရှား၏ အာရှအိမ်နီးချင်းများနှင့် ဆက်ဆံရေးကိုတိုးတက်စေရန် ပိုမိုအလေးထားလာကြောင်းကို ပြသခဲ့သည်။
Ref: သည်စထရိတ်တိုင်းမ်စ်
