၂၀၂၁ ခုနှစ်တွင် အမေရိကန်ကွန်ဂရက်အဆောက်အဦး ဆူပူသောင်းကျန်းမှုအပြီး Facebook နှင့် Instagram တို့တွင် ဒေါ်နယ်ထရမ့်၏ အကောင့်စာမျက်နှာများကို ပိတ်ခဲ့သည့်အမှုနှင့်ပတ်သက်၍ Meta ကုမ္ပဏီ နှင့် ကျေအေးခြင်းသဘောတူညီမှုစာချုပ်တစ်ရပ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လက်မှတ်ရေးထိုးခဲ့သည်။
ထိုစာချုပ်အရ Meta ကုမ္ပဏီသည် ထရမ့်အား ဒေါ်လာ ၂၅ သန်းခန့် ပေးဆောင်မည်ဟု သဘောတူထားကြောင်း Wall Street Journal ၏ သတင်းအရ သိရသည်။
အဆိုပါ သဘောတူညီမှုငွေပမာဏ၏ ၂၂ သန်းခန့်ကို ထရမ့်၏ သမ္မတစာကြည့်တိုက်အတွက် အသုံးပြုမည်ဖြစ်ပြီး ကျန်ငွေများကို ယင်းအမှုတွင် ကုန်ကျခဲ့သည့် တရားရေးစရိတ်များနှင့် ယင်းအမှုတွင် ပါဝင်သည့် အခြားအမှုလိုက်များအတွက် သုံးစွဲမည်ဟု သိရသည်။ သို့ရာတွင် Wall Street Journal ၏ ဖော်ပြချက်အရ၊ Meta ကုမ္ပဏီဖက်မှ မှားယွင်းမှုတစ်စုံတစ်ရာရှိကြောင်း ဝန်ခံခြင်း မရှိခဲ့ပေ။
Meta ၏ CEO မတ်ခ်ဇူကာဘတ်ဂ်သည် ထရမ့်၏ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲအတွက် ဒေါ်လာ ၁ သန်း လှူဒါန်းခဲ့သေးသည်။