Saturday, January 31, 2026

ငွေဆောင်တွင် ဧည့်သည်အဝင်များပေမယ့် အရောင်းအဝယ်ပါးဟု ဈေးသည်များပြော

အစိုးရရုံးပိတ်ရက်ရှည်ကာလနှင့် စနေ၊တနင်္ဂနွေ ရုံးပိတ်ရက်များတွင် ငွေဆောင်သို့ ဧည့်သည်အဝင်များသော်လည်း အရောင်းအဝယ်ပါးကြောင်း ဒေသခံဈေးသည်များ၏ ပြောပြချက်အရ သိရသည်။ ကိုဗစ်ကာလနောက်ပိုင်း ကမ်းခြေသို့ လာရောက်သူနည်းပါးခဲ့ရာမှ ၂၀၂၂ ခုနှစ်နောက်ပိုင်းမှစတင်ကာ...

ငလျင်ကြောင့် ပျက်စီးခဲ့သည့် ဒုဋ္ဌဝတီတံတားကြီး အသစ်ပြန်လည်တက်ဆောက်ရာ၌...

ဒုဋ္ဌဝတီတံတားအဟောင်းသည် မန္တလေးငလျင် ကြီး လှုပ်ခတ်မှုဒဏ်ကြောင့် အသွား/အပြန် တံတားနှစ်စင်းလုံး ပြိုကျပျက်စီးခဲ့သဖြင့် ဒုဋ္ဌဝတီတံတားကြီးအား အသစ်ပြန်လည်တည်ဆောက်ရာတွင် ငလျင်ဒဏ်ခံနိုင်စေရန် ERADI QUAKE Bearing...

ဟဲဟိုးတွင် တန် ၂,၀၀၀ ဆံ့...

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့ရှိ ညောင်ခါးရှည်ကျေးရွာတွင် တန် ၂,၀၀၀ ဆံ့ မျိုးအာလူး အအေးခန်းသိုလှောင်ရုံကို ထပ်မံဖွင့်လှစ်ခဲ့ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။ အဆိုပါ မျိုးအာလူးအအေးခန်းသိုလှောင်ရုံကို...

တိုက်ကြီးမြို့နယ်တွင် မှန်ပြတောင် စက်ဘီးပြိုင်ပွဲ ကျင်းပမည်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်ရှိ မှန်ပြတောင်တွင် စက်ဘီးပြိုင်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်မှ သိရသည်။ အဆိုပါပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဇန်နဝါရီ (၃၀)ရက် မနက်(၈)နာရီအချိန်တွင် မှန်ပြတောင်...
HomeInternationalထရမ့်အစိုးရအဖွဲ့က USAID ၏...

ထရမ့်အစိုးရအဖွဲ့က USAID ၏ လုပ်ငန်းစဉ်များလျှော့ချခြင်း စတင်

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့က United States Agency for International Development(USAID)မှ ဝန်ထမ်းထောင်နှင့်ချီ၍ လျှော့ချခြင်းကို စတင်ပြီဖြစ်ကြောင်း USAID က ၎င်း၏ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ချက်တစ်စောင်ဖြင့် ဖော်ပြခဲ့သည်။

“USAID တွင် တိုက်ရိုက်ခန့်ထားသော ဝန်ထမ်းအားလုံး၊ အရေးကြီးသော လုပ်ငန်းဆောင်တာများ၊ ပင်မ ခေါင်းဆောင်မှုနှင့်/သို့မဟုတ် အထူးသတ်မှတ်ထားသော အစီအစဉ်များအတွက် တာဝန်ရှိသူများမှလွဲ၍၊ ကမ္ဘာတစ်ဝှမ်းရှိ ဝန်ထမ်းများကို ဖေဖော်ဝါရီ ၂၄ ရက်မှစတင်၍ စီမံခန့်ခွဲမှုအားလပ်ခြင်းဖြင့် ထားရှိမည်” ဟု USAID က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင်၊ “USAID သည် အမေရိကန်ပြည်ထောင်စုရှိ တာဝန်ထမ်းဆောင်နေသော USAID ဝန်ထမ်းပေါင်း ၁,၆၀၀ ခန့်ကို ထိခိုက်မည့် ဝန်ထန်းလျှော့ချခြင်းအစီအစဉ်(Reduction-in-Force)ကို အကောင်အထည်ဖော်ရန် စတင်နေပြီ” ဟုလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဝန်ထမ်းအရေအတွက် ၁၀,၀၀၀ မှ ၁၃,၀၀၀ အတွင်းရှိနေသော USAID ကို ဝန်ထမ်း ၂၉၄ ဦးမျှသာ ကျန်တော့သည်အထိ လျှော့ချလိမ့်မည်ဟု သတင်းမီဒီယာများက ဖေဖော်ဝါရီ ၆ ရက်နေ့ကတည်းကပင်လျှင် သတင်းများရေးသားဖော်ပြခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငွေဆောင်တွင် ဧည့်သည်အဝင်များပေမယ့် အရောင်းအဝယ်ပါးဟု ဈေးသည်များပြော

အစိုးရရုံးပိတ်ရက်ရှည်ကာလနှင့် စနေ၊တနင်္ဂနွေ ရုံးပိတ်ရက်များတွင် ငွေဆောင်သို့ ဧည့်သည်အဝင်များသော်လည်း အရောင်းအဝယ်ပါးကြောင်း ဒေသခံဈေးသည်များ၏ ပြောပြချက်အရ သိရသည်။ ကိုဗစ်ကာလနောက်ပိုင်း ကမ်းခြေသို့ လာရောက်သူနည်းပါးခဲ့ရာမှ ၂၀၂၂ ခုနှစ်နောက်ပိုင်းမှစတင်ကာ ခရီးသည်ပြန်လည်ဝင်ရောက်မှုရှိခဲ့ကြောင်း သိရသည်။ သို့သော် ခရီးသွားဧည့်သည်လာရောက်မှုရှိသော်လည်း တနိုင်တပိုင်ရောင်းချသည့်ဈေးသည်များမှာ အရောင်းအဝယ်အေးကြောင်း သိရသည်။ " ဧည့်သည်ကတောက်လျှောက်လာတယ်။ ဒါပေမယ့်အရင်လိုမရောင်းရတော့ဘူးပေါ့။ ဟိုးအရင်ကဆိုရင် ပင်လယ်စာအကင်တွေကရောင်းရတယ်။ ဧည့်သည်တော်တော်တော်များများကလည်း ဝယ်စားကြတယ်။ အခုကျတော့သိပ်မစားကြတော့ဘူး။ အရောင်းအဝယ်ကတော့ပါးလာတာပေါ့။ စား‌ဖို့သောက်ဖို့တော့ကာမိပါတယ်" ဟု ကမ်းခြေတွင် ဈေးရောင်းချသူတစ်ဦးကပေါ်ပြူလာနယူးစ်သို့ ပြောသည်။ ထို့ပြင် လာမည့်အစိုးရရုံးပိတ်ရက်ရှည်ကာလအတွက် ကမ်းခြေရှိ ဟိုတယ်များ ကြိုတင်ဘိုကင်ဖြင့် ပြည့်နေပြီဖြစ်ကြောင်းလည်း သိရသည်။ ငွေဆောင်ကမ်းခြေသည် ပင်လယ်ကမ်းရိုးတန်း...

ငလျင်ကြောင့် ပျက်စီးခဲ့သည့် ဒုဋ္ဌဝတီတံတားကြီး အသစ်ပြန်လည်တက်ဆောက်ရာ၌ ငလျင်ဒဏ်ခံနည်းပညာများ ထည့်သွင်းတည်ဆောက်နေ

ဒုဋ္ဌဝတီတံတားအဟောင်းသည် မန္တလေးငလျင် ကြီး လှုပ်ခတ်မှုဒဏ်ကြောင့် အသွား/အပြန် တံတားနှစ်စင်းလုံး ပြိုကျပျက်စီးခဲ့သဖြင့် ဒုဋ္ဌဝတီတံတားကြီးအား အသစ်ပြန်လည်တည်ဆောက်ရာတွင် ငလျင်ဒဏ်ခံနိုင်စေရန် ERADI QUAKE Bearing နည်းပညာများ ထည့်သွင်းအသုံးပြုထားပြီး မြန်မာနိုင်ငံ၏ ငလျင်ဒဏ်ခံနည်းပညာအသုံးပြုထားသော တံတားအဖြစ် တည်ဆောက်နေကြောင်း သိရသည်။ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်(၃၅၈)ရှိ အရှည်ပေ(၇၀၀) ဒုဋ္ဌဝတီတံတားသည် ငလျင်ကြောင့် ပြိုကျပျက်ဆီးပြီးနောက် အသစ်ပြန်လည်တည်ဆောက်ခြင်းကို တံတားဟောင်း အနီး ၌ လုပ်ဆောင်နေခြင်းလည်း ဖြစ်သည်။ တံတားအသစ်တည်ဆောက်ရန် အကြိုအင်ဂျင်နီယာလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဘိုးပိုင်လုပ်ငန်းများ ဆောင်ရွက်နေမှု၊ အသစ်တည်ဆောက်မည့် တံတားဆိုင်ရာ အချက်အလက်များနှင့်...

ဟဲဟိုးတွင် တန် ၂,၀၀၀ ဆံ့ မျိုးအာလူး အအေးခန်းသိုလှောင်ရုံ ထပ်မံဖွင့်လှစ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့ရှိ ညောင်ခါးရှည်ကျေးရွာတွင် တန် ၂,၀၀၀ ဆံ့ မျိုးအာလူး အအေးခန်းသိုလှောင်ရုံကို ထပ်မံဖွင့်လှစ်ခဲ့ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။ အဆိုပါ မျိုးအာလူးအအေးခန်းသိုလှောင်ရုံကို Myanmar United Farmers Agricultural Co., Ltd ဟဲဟိုး အာလူးစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများ အစုအဖွဲ့မှ ဇန်နဝါရီလ ၂၇ ရက်က ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဒေသတွင်း အာလူးစိုက်တောင်သူများ၏ မျိုးအာလူးလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရန်နှင့် အာလူးစိုက်ပျိုးရေးကဏ္ဍပိုမိုဖွံ့ဖြိုး တိုးတက်လာရန်အတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။ ရှမ်းပြည်နယ်အတွင်း မျိုးအာလူးများ အရည်အသွေးကျဆင်းမှုနှင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်မှုမရှိစေရေး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071