Tuesday, March 25, 2025

လာမည့်နှစ်ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပြီးစီးရန်လိုဟု နစက...

မြန်မာနိုင်ငံ၌ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား အောင်မြင်စွာကျင်းပနိုင်ရေးနှင့်ပတ်သက်၍ ယနေ့ မတ် ၂၅ ရက်နံနက်ပိုင်းက နေပြည်တော်၌ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးတွင် နစက ဥက္ကဋ္ဌ၊...

မြန်မာနိုင်ငံမှ မတ်ပဲအား လွတ်လပ်စွာတင်သွင်း ခွင့်ပြုသည့်ကာလ...

အိန္ဒိယသို့ မတ်ပဲလွတ်လပ်စွာ တင်သွင်းခွင့်ကို တစ်နှစ်ထပ်မံမြန်မာနိုင်ငံမှ မတ်ပဲအား လွတ်လပ်စွာတင်သွင်း ခွင့်ပြုသည့်ကာလကို အိန္ဒိယနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၊ အိန္ဒိယကူးသန်းရောင်း ဝယ်ရေးဌာနမှ တစ်နှစ်ထပ်မံတိုးမြင့်လိုက်ကြောင်း သိရသည်။ မြန်မာနိုင်ငံမှ...

Apple ကတရုတ်အတွက် သန့်ရှင်းသောစွမ်းအင်ရန်ပုံငွေ အသစ်ကိုကြေငြာ

ပေကျင်း၊မတ် ၂၄ တရုတ်နိုင်ငံ၌ သန့်ရှင်းသောစွမ်းအင်ရရေးအတွက်ရန်ပုံငွေသစ်တစ်ခုစတင်ထူ‌ထောင်ရန် အမေရိကန်နည်းပညာကုမ္ပဏီ Apple က ယွမ်သန်း ၇၂၀ (အမေရိကန်ဒေါ်လာ ၁၀၀ ဒသမ ၃၁ သန်းခန့်)...

ကမ္ဘာ့အဆင့်သတ်မှတ်ချက်(၁၁)ဆင့်ကွာခြားနေသည့် အာဖဂန်နစ္စတန်အသင်းကို မြန်မာအသင်း အနိုင်ရ

ကမ္ဘာ့အဆင့်သတ်မှတ်ချက်(၁၁)ဆင့်ကွာခြားနေသည့် အာဖဂန်နစ္စတန်အသင်းကို မြန်မာအသင်း (၂)ဂိုး (၁)ဂိုးဖြင့်အနိုင်ရလဒ်ထွက်ပေါ်ခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၀၂၇ အာရှဖလားခြေစစ်ပွဲ တတိယအဆင့်အုပ်စု(င) ပွဲစဉ်ကို ယနေ့ မတ်လ...
HomeInternationalထရမ့်ပ်နှင့် မတ်စ်က အစိုးရဝန်ထမ်း...

ထရမ့်ပ်နှင့် မတ်စ်က အစိုးရဝန်ထမ်း ၁၀,၀၀၀ နီးပါးကို အလုပ်ထုတ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် သူ၏ အကြံပေး အီလွန်မတ်စ်တို့၏ အမေရိကန်ဗျူရိုကရေစီစနစ်၏‌ ဖေါင်းပွမှုကို သိသိသာသာ ဖြတ်တောက်လျှော့ချခြင်း စီမံချက်အရ သောကြာနေ့တွင် ပြည်ထောင်စုမြေယာ စီမံခန့်ခွဲခြင်းမှသည် စစ်မှုထမ်းဟောင်း ပြုစုစောင့်ရှောက်ရေးအထိပါဝင်သော ဝန်ထမ်း ၉,၅၀၀ ကျော်ကို အလုပ်ထုတ်ပစ်ခဲ့ကြောင်း သိရသည်။

အလုပ်အကိုင်တည်မြဲမှုအတွက် တရားဝင်အကာအကွယ်ရမှုနည်းပါးသေးသော အစမ်းခန့် ပထမနှစ် ဝန်ထမ်းများကို သီးသန့်ပစ်မှတ်ထားခြင်းမျိုးမဟုတ်သော်လည်း ပြည်ထဲရေး၊ စွမ်းအင်၊ စစ်မှုထမ်းဟောင်းရေးရာ၊ စိုက်ပျိုးရေး၊ ကျန်းမာရေးနှင့် လူမှုဝန်ထမ်းဌာနများရှိ ယင်းကဲ့သို့သော အလုပ်သမားများသည် စီမံချက်၌ အလုပ်ရပ်စဲခံရမှု တွင်အများစုဖြစ်လျက်ရှိသည်။

အိမ်ဖြူတော်၏ အဆိုအရ ထရမ့်ပ်နှင့် မတ်စ်တို့က ဆန္ဒအလျောက်နုတ်ထွက်ရန် ကမ်းလှမ်းခဲ့သည့် အကြမ်းအားဖြင့် ဝန်ထမ်း ၇၅,၀၀၀ အပြင် ယခုဝန်ထမ်းများကို ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်ဟု ရိုက်တာနှင့် အခြားအမေရိကန် မီဒီယာများက ဖော်ပြခဲ့သည်။ ယင်း အရေအတွက်သည် အရပ်ဖက်ဝန်ထမ်းအင်မား ၂ ဒဿမ ၃ သန်း၏ ၃ ရာခိုင်နှုန်းနှင့် ညီမျှကြောင်း သိရသည်။

ပြည်ထောင်စုအစိုးရသည် အလွန်ဖောင်းပွနေပြီး ဖြူန်းတီးမှုများနှင့် အလိ-မ်အညာများကြောင့် ငွေကြေးများစွာ ဆုံးရှုံးလျက်ရှိသည်ဟု ထရမ့်ပ်က ပြောဆိုသည်။ အစိုးရသည် အကြွေးဒေါ်လာ ၃၆ ထရီလျံခန့်ရှိပြီး ယမန်နှစ်က လိုငွေ ၈ ထရီလျံအထိ ရှိခဲ့ကာ ပြုပြင်ပြောင်းလဲမှုလုပ်ရန်လိုအပ်ကြောင်းကို နှစ်ဖက်သဘောတူညီချက်ရှိထားသည်။

လွှတ်တော် နှစ်ရပ်စလုံးတွင် အမတ်အများစုကို ပိုင်ဆိုင်ထားသည့် ၎င်း၏ ရီပတ်ဘလီကန်အမတ်များက အဆိုပါလုပ်ဆောင်ချက်များကို ကြီးမားစွာ ထောက်ခံထားကြသည့်တိုင် ထရမ့်ပ်သည် အသုံးစရိတ်များနှင့်ပတ်သက်၍ လွှတ်တော်ကို ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားသည့် အခွင့်အာဏာကို ထိပါးနေသည်ဟု ကွန်ဂရက်လွှတ်တော်၏ ဒီမိုကရက်အမတ်များက ပြောဆိုခဲ့သည်။

မတ်စ်၏ ဆောင်ရွက်ချက်များသည် ညှိနှိုင်းဆောင်ရွက်မှု အားနည်းခြင်းကြောင့် အိမ်ဖြူတော်ဦးစီး အရာရှိချုပ် အပါအဝင် ထရမ့်ပ်၏ လက်ထောက်အချို့ကြားတွင် စိတ်ပျက်မှုများ ကြီးထွားလာသည်ဟု သတင်းရင်းမြစ်များက ရိုက်တာကို ပြောကြားခဲ့သည်။

အလုပ်အကိုင် လျှော့ချခြင်းများအပြင် ထရမ့်ပ်နှင့် မတ်စ်တို့သည် ဝန်ထမ်းများအတွက် အစိုးရဝန်ထမ်းဆိုင်ရာ အကာအကွယ်များကို ပယ်ဖျက်ရန် ကြိုးစားခဲ့ပြီး အမေရိကန်နိုင်ငံရပ်ခြားအကူအညီများကို ရပ်ဆိုင်းခြင်း၊ အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးတိုးရေးအေဂျင်စီနှင့် စားသုံးသူ ဘဏ္ဍာရေးအကာအကွယ်ပေးရေးဗျူရိုကဲ့သို့သော အစိုးရအေဂျင်စီအချို့ကို ပိတ်ပစ်ရန် လုပ်ဆောင်ခဲ့သည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လာမည့်နှစ်ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပြီးစီးရန်လိုဟု နစက ဥက္ကဋ္ဌပြော

မြန်မာနိုင်ငံ၌ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား အောင်မြင်စွာကျင်းပနိုင်ရေးနှင့်ပတ်သက်၍ ယနေ့ မတ် ၂၅ ရက်နံနက်ပိုင်းက နေပြည်တော်၌ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးတွင် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ပြောကြားခဲ့ခြင်းဖြစ်သည်။ နစက အနေဖြင့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကာ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် တည်ငြိမ်မှုလိုအပ်နေသည့်အချိန်ဖြစ်သော်လည်း မဲဆန္ဒရှင်စာရင်းများ မှန်ကန်စွာရရှိရေးအတွက် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းအားဆောင်ရွက်ခဲ့ပြီးဖြစ်သည်ဟု ပြောသည်။ " ကောက်ယူရရှိတဲ့စာရင်းတွေအပေါ်မူတည်ပြီး ဆန္ဒမဲပေးနိုင်တဲ့ အသက်(၁၈)နှစ်နဲ့အထက်လူဦးရေစာရင်းကိုကောက်ယူရရှိထားပြီးဖြစ်ပါတယ်။ ဒါ့ကြောင့် ရွေးကောက်ပွဲကို ဒီ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလရဲ့...

မြန်မာနိုင်ငံမှ မတ်ပဲအား လွတ်လပ်စွာတင်သွင်း ခွင့်ပြုသည့်ကာလ တစ်နှစ်ထပ်မံတိုးမြင့်

အိန္ဒိယသို့ မတ်ပဲလွတ်လပ်စွာ တင်သွင်းခွင့်ကို တစ်နှစ်ထပ်မံမြန်မာနိုင်ငံမှ မတ်ပဲအား လွတ်လပ်စွာတင်သွင်း ခွင့်ပြုသည့်ကာလကို အိန္ဒိယနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၊ အိန္ဒိယကူးသန်းရောင်း ဝယ်ရေးဌာနမှ တစ်နှစ်ထပ်မံတိုးမြင့်လိုက်ကြောင်း သိရသည်။ မြန်မာနိုင်ငံမှ မတ်ပဲအား လွတ်လပ်စွာတင်သွင်း ခွင့်ပြုသည့်ကာလကို ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ အထိ တိုးမြှင့်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ အိန္ဒိယနိုင်ငံသည် မတ်ပဲနှင့် ပဲစင်းငုံလွတ်လပ်စွာတင်သွင်း ခွင့်ကြေညာချက်ကို တစ်ပြိုင်တည်း ကြေညာလေ့ရှိသော်လည်း ယခုနှစ်တွင် ပဲစင်းငုံ လွတ်လပ်စွာ တင်သွင်းခွင့်ကို အမိန့် ကြော်ငြာစာအမှတ် (၅၁/၂၀၂၄-၂၅) ကိုသာ ကြေညာခဲ့ပြီး မတ်ပဲအား လွတ်လပ်စွာ...

Apple ကတရုတ်အတွက် သန့်ရှင်းသောစွမ်းအင်ရန်ပုံငွေ အသစ်ကိုကြေငြာ

ပေကျင်း၊မတ် ၂၄ တရုတ်နိုင်ငံ၌ သန့်ရှင်းသောစွမ်းအင်ရရေးအတွက်ရန်ပုံငွေသစ်တစ်ခုစတင်ထူ‌ထောင်ရန် အမေရိကန်နည်းပညာကုမ္ပဏီ Apple က ယွမ်သန်း ၇၂၀ (အမေရိကန်ဒေါ်လာ ၁၀၀ ဒသမ ၃၁ သန်းခန့်) ရင်းနှီးမြှုပ်နှံမည်ဟု တနင်္လာနေ့ကပြောကြားခဲ့သည်။ ယခုရင်းနှီးမြှုပ်နှံမှု အကောင်အထည်ပါ်လာပါက တရုတ်နိုင်ငံ၏ဓါတ်အားလိုင်းတွင် နှစ်စဉ် ၅၅၀,၀၀၀ မဂ္ဂါဝပ်အထိတိုးလာစေမည်ဖြစ်ပြီး နောက်ထပ်ရင်းနှီးမြှုပ်နှံသူများရှိလာပါက ယခုပမာဏထက် ထပ်တိုးလာနိုင်သည်ဟုလည်းဆိုသည်။ တရုတ်နိုင်ငံရှိ Apple ပစ္စည်းတင်သွင်းသူများသည် ခေတ်မီပြီး သဘာဝပတ်ဝန်းကျင်ကို မထိခိုက်နိုင်သည့်ထုတ်လုပ်မှုဖြင့် ကမ္ဘာ့အဆင့်မီတိုးတက်မှုကို လုပ်ဆောင်နေကြသည်ဟု Apple လုပ်ငန်းလည်ပတ်‌ရေး အရာရှိချုပ်ကပြောကြားခဲ့သည်။ "တရုတ်မှာ သန့်ရှင်းတဲ့စွမ်းအင်ရန်ပုံငွေအသစ်တစ်ခုကို ကြေငြာလိုက်နိုင်တဲ့အတွက် ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ကုန်ပစ္စည်း ထောက်ပံ့ရေးကွင်းဆက်ရဲ့ သုံးပုံနှစ်ပုံကလည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071