Thursday, June 25, 2026

၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ပင်လယ်ကူးသင်္ဘောသားများနေ့...

၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ပင်လယ်ကူးသင်္ဘောသားများနေ့ (Day of the Seafarer 2026) အထိမ်းအမှတ် အခမ်းအနားကို ဇွန် ၂၅...

သီပေါမြို့အဝင် ဆိုင်းဘုတ်ကို ပြန်လည်ပြင်ဆင်နေသည့်မြင်ကွင်းများ

ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့၌ သီပေါမြို့အဝင် ဆိုင်းဘုတ်ကို ပြန်လည်ပြင်ဆင်ပြီးဖြစ်ကြောင်း သိရသည်။ ယင်းဆိုင်းဘုတ်ကို သီပေါမြို့နယ်စည်ပင်သာယာရေးဌာနမှပြန်လည်ပြင်ဆင်ဆောင်ရွက်ခဲ့ခြင်းလည်း ဖြစ်သည်။ (ဓာတ်ပုံ-သီပေါမြို့နယ်စည်ပင်သာယာရေးဌာန)

ဂျပန်တွင် ရစ်ခ်တာစကေး ၇ ဒသမ...

တိုကျို၊ ဇွန်လ ၂၅ ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် ကြာသပတေးနေ့ နံနက်ပိုင်းက ရစ်ခ်တာစကေး ၇.၂ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် အနည်းဆုံး လူလေးဦး ဒ-ဏ်ရာရရှိခဲ့ကြောင်း...

XtraSure ၏ကောင်းသောနေ့များဆီသို့ CSR လူမှုအကျိုးပြုအစီအစဉ်ကျင်းပပြုလုပ်

မြန်မာနိုင်ငံတွင် သူမတူအကောင်းဆုံးသော Apple Experience များကို ပေးအပ်နေသော Apple Authorized Reseller ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် XtraSure ရဲ့ ကောင်းသောနေ့များဆီသို့...
HomeInternationalထရမ့်ပ်က ရိုက်တာနှင့်ဘလွန်းဘက်ဂ်ကိုတွေ့ဆုံမေးမြန်းခွင့်ကန့်သတ်

ထရမ့်ပ်က ရိုက်တာနှင့်ဘလွန်းဘက်ဂ်ကိုတွေ့ဆုံမေးမြန်းခွင့်ကန့်သတ်

ဝါရှင်တန်၊ဧပြီ ၁၆

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပ်သည် နောက်ဆုံးပြုလုပ်ခဲ့သည့် မီဒီယာကန့်သတ်မှုတစ်ခုအနေဖြင့် ရိုက်တာနှင့်ဘလွန်းဘက်ဂ်သတင်းဌာနများကို အမေရိကန်သမ္မတ၏သတင်းများကို အချိန်နှင့်တစ်ပြေးညီထုတ်ပြန်ရန်အတွက် အိမ်ဖြူတော်၌ သတင်းရယူ‌ေရးအဖွဲ့ ၌ သတင်းယူခွင့်ပြုတော့မည်မဟုတ်ကြောင်း သတင်းထုတ်ပြန်ကြေငြာခဲ့သည်။

Small pool ဟုခေါ်သော အိမ်ဖြူတော်သတင်းယူအဖွဲ့တွင် ယေဘုယျအားဖြင့် သတင်းဌာနအသီးသီး၏ အဖွဲ့ငယ်ပေါင်း ၁၀ ဖွဲ့ခန့်ပါဝင်လေ့ရှိပြီး ၎င်းတို့သည် သမ္မတသွားလေရာလိုက်ပါ၍သော်လည်းကောင်း၊ သမ္မတ၏ ဘဲဥပုံ ရုံးခန်း၌ အစည်းအဝေးပြုလုပ်လျှင်သော်လည်းကောင်း မေးခွန်းများမေးမြန်းကာ သတင်းရယူကြသည့်မီဒီယာအဖွဲ့လည်းဖြစ်သည်။

ယခုအသစ်ထုတ်ပြန်လိုက်သည့်အမိန့်အရ ဖော်ပြပါသတင်းဌာနနှစ်ခုသည် သမ္မတနား၌အနီးကပ်နေကာ အချိန်နှင့်တပြေးညီသတင်းယူခွင့်၊ကြေငြာခွင့်များကိုကန့်သတ်ခံလိုက်ရခြင်းဖြစ်ပြီး အခြားမီဒီယာများနည်းတူသာသတင်းယူခွင့်ရတော့မည့်သဘောပင်ဖြစ်သည်။

သို့သော်ကျန်မီဒီယာအများစုသည် အိမ်ဖြူတော်နှင့်သမ္မတအနားရှိမီဒီယာကြီးများကိုသာအားကိုးကာ သတင်းများအားထုတ်လွှင့်နေရခြင်းဖြစ်သဖြင့်လည်း ယခုအမိန့်သည် မီဒီယာလွတ်လပ်ခွင့်ကို ကန့်သတ်လိုက်သလိုဖြစ်နေသည်ဟုဆိုသည်။

သို့သော် ရိုက်တာသတင်းဌာနကမူ ၎င်းတို့သတင်းဌာနအနေဖြင့် အိမ်ဖြူတော်၌ဆက်ရှိခွင့်ရနေရန်ကြိုးစားမည်ဟုကတိပြုထားပြီး တိကျကာဘက်မလိုက်ပဲ လွတ်လပ်သည့်နည်းလမ်းအတိုင်းသတင်းများကို ဆက်လက်ထုတ်ပြန်သွားမည်ဟုပြောရေးဆိုခွင့်ရှိသူကဆိုခဲ့သည်။

ဘလွန်းဘက်ဂ်သတင်းဌာနကမူ ယခုကိစ္စနှင့်ပတ်သက်၍ မှတ်ချက်ပေးရန်ငြင်းဆိုထားသည်။ထရမ့်ပ်သည် ဖေဖော်ဝါရီလကလည်း အေပီ သတင်းဌာနကို ယခုလိုပင်ကန့်သတ်ထားဖူးသေးသည်ဟုသိရသည်။

Source : ဆော့ထ်ချိုင်းနားမောနင်းပို့စ်ထ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ပင်လယ်ကူးသင်္ဘောသားများနေ့ အထိမ်းအမှတ် အခမ်းအနား ရန်ကုန်တွင် ကျင်းပ

၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ပင်လယ်ကူးသင်္ဘောသားများနေ့ (Day of the Seafarer 2026) အထိမ်းအမှတ် အခမ်းအနားကို ဇွန် ၂၅ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ Wyndham Grand Hotel ၌ ကျင်းပခဲ့သည်။ အခမ်းအနားတွင် နိုင်ငံတော်အလံအား အလေးပြုခြင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်နှင့် အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်သိင်္ဂီယဥ်ထွန်းတို့က အဖွင့်အမှာစကားများ ပြောကြားခဲ့ကြသည်။ ထို့နောက် မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ် (MSF)...

သီပေါမြို့အဝင် ဆိုင်းဘုတ်ကို ပြန်လည်ပြင်ဆင်နေသည့်မြင်ကွင်းများ

ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့၌ သီပေါမြို့အဝင် ဆိုင်းဘုတ်ကို ပြန်လည်ပြင်ဆင်ပြီးဖြစ်ကြောင်း သိရသည်။ ယင်းဆိုင်းဘုတ်ကို သီပေါမြို့နယ်စည်ပင်သာယာရေးဌာနမှပြန်လည်ပြင်ဆင်ဆောင်ရွက်ခဲ့ခြင်းလည်း ဖြစ်သည်။ (ဓာတ်ပုံ-သီပေါမြို့နယ်စည်ပင်သာယာရေးဌာန)

ဂျပန်တွင် ရစ်ခ်တာစကေး ၇ ဒသမ ၂ ရှိ ငလျင်လှုပ်၊ လူ ၄ ဦးထက်မနည်း ဒ-ဏ်ရာရ

တိုကျို၊ ဇွန်လ ၂၅ ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် ကြာသပတေးနေ့ နံနက်ပိုင်းက ရစ်ခ်တာစကေး ၇.၂ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် အနည်းဆုံး လူလေးဦး ဒ-ဏ်ရာရရှိခဲ့ကြောင်း ကျိုဒိုသတင်းတွင် ဖော်ပြသည်။ ပဏာမပြင်းအား ၆.၉ မှ ပြန်လည်ပြင်ဆင်ထားသည့် အဆိုပါငလျင်သည် ဒေသစံတော်ချိန် နံနက် ၇:၃၀ နာရီခန့်တွင် အီဝါတဲ စီရင်စုအရှေ့ဘက်ကမ်းရိုးတန်းမှ ကီလိုမီတာ ၄၀ ခန့်အနက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဂျပန်နိုင်ငံ၏ ငလျင်စကေး ၇ တွင် ဒုတိယအမြင့်ဆုံးအဆင့်၊ အထက် ၆၊ ဟာရှီကာမိမြို့နှင့် အအိုမိုရီ စီရင်စုရှိ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071