Thursday, June 25, 2026

ဗဟိုဘဏ်က စားသုံးဆီတင်သွင်းသူများသို့ ဒေါ်လာ ၃...

ဗဟိုဘဏ်မှ CMP လုပ်ငန်းများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၂,၅၉၅,၉၃၇.၅၀ ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ယနေ့ကျင်းပသည့်...

တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူ...

၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂ဝ၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို လာမည့် ဇွန် ၂၈ ရက်နံနက်...

ပျဥ်းမနား-တောင်ညိုလမ်းတွင် မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ရေကျော်ပြီးလမ်းပိတ်နေ 

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ယနေ့ ဇွန် ၂၄ ရက်နေ့လည် ၃ နာရီကျော်ခန့်မှစတင်ကာ ပျဉ်မနား-တောင်ညိုလမ်းပေါ်သို့ရေ ကျော်၍လမ်းပိတ်နေကြောင်း သိရသည်။ ဉတ္တရသီရိမြို့နယ်အတွင်း...

အားကစားသမားပေါင်း (၂၂၆) ဦး ပါဝင်ယှဉ်ပြိုင်သည့်...

​၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံ ပစ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပန်ကြပ်ဆီလတ်၊ ဗိုဗီနမ် နှင့် မြန်မာ့သိုင်းပြိုင်ပွဲများကို ဇွန်လ (၂၁) ရက်မှ (၂၃)...
HomeInternationalထရမ့်ပ်ကို ချီတက်ဆန္ဒပြစဉ် ဝါရှင်တန်ဒီစီ၌...

ထရမ့်ပ်ကို ချီတက်ဆန္ဒပြစဉ် ဝါရှင်တန်ဒီစီ၌ စစ်ရေးပြပွဲပြုလုပ်

အမေရိကန်ပြည်ထောင်စုသမ္မတဒေါ်နယ်ထရမ့်ပ်သည် နှစ်ပေါင်းများစွာ လိုလားစောင့်စားခဲ့သည့် စစ်ရေးပြပွဲကြီးကို စနေနေ့တွင် တင့်ကားတပ်များ၊ စစ်သည်များ၊ ေ-သနတ် ၂၁ ချက် ပစ်ဖောက်အလေးပြုမှုတို့ဖြင့် ပြုလုပ်ခဲ့ပြီး အမေရိကခေါင်းဆောင်ကို အာဏာရှင်တစ်ဦး၊ ဘုရင်လုပ်လာမည့်သူတစ်ဦးအဖြစ် နိုင်ငံတစ်ဝန်း ကဋ့်ကွက်ဆန္ဒပြသူများကို တန်ပြန်သည့် အခမ်းအနားတစ်ခုအဖြစ် ကျင်းပခဲ့သည်။

၎င်း၏ ၇၉ နှစ်မြောက်မွေးနေ့တွင် ရီပတ်ဘလီကန်သမ္မတသည် အိမ်ဖြူတော် အထူးကြည့်ရှု့ဆောင်မှနေ၍ အမေရိကန်စစ်တပ်၏ အင်အားပြမှုကို ကြည့်ရှုခဲ့သည်။ တပ်ဖွဲ့ဝင် ၆,၀၀၀ ကျော်နှင့် တင့်ကား ၁၂၈ စီးဖြင့် စီတန်းလှည့်လာခြင်းအခမ်းအနားသည် ၂၀၁၇ ခုနှစ်အတွင်းက ပါရီတွင် ယင်းကဲ့သို့ စစ်ရေးပြအခမ်းအနားကို မြင်တွေ့ခဲ့ရပြီးနောက် ၎င်း၏ ပထမသက်တမ်းတွင် ထိုကဲ့သို့ အခမ်းအနားမျိုးလုပ်ရန် ကြိုးပမ်းခဲ့သော်လည်း မဖြစ်မြောက်ခဲ့ဘဲ အမေရိကန်စစ်တပ်၏ ၂၅၀ ပြည့်နှစ်ပတ်လည်နှင့် ကြုံကြိုက်ချိန်နှင့်တိုက်ဆိုင်ကာ ပြုလုပ်ခဲ့သည့် ပွဲဖြစ်သည်။

“အခြားနိုင်ငံတိုင်းက သူတို့ရဲ့ အောင်ပွဲတွေကို ဂုဏ်ပြုကြတယ်။ အမေရိကလည်း ဒီလိုလုပ်ရမယ့် အချိန်ရောက်ပြီ” ဟု စစ်ရေးပြပွဲအပြီးတွင် ထရမ့်ပ်က ပြောကြားခဲ့သည်။

စစ်ရေးပြ ချီတက်ပွဲ အခမ်းအနားသို့ လူဦးရေ ၂၀၀,၀၀၀ တက်ရောက်လိမ့်မည်ဟု အစောပိုင်းက ခန့်မှန်းထားသော်လည်း တက်ရောက်သူဦးရေသည် ခန့်မှန်းသည်ထက် များစွာနည်းပါးခဲ့ပုံရသည်။ ယင်းသို့ တက်ရောက်သူဦးရေ နည်းပါးရခြင်းမှာ ယင်းနေ့၏ စိုစွတ်သော ရာသီဥတုနှင့် မိုးကြိုးမုန်တိုင်းအန္တာရာယ်ကြောင့် ဖြစ်ဖွယ်ရှိသည်။

စစ်ရေးပြပွဲမစမီ နာရီပိုင်းအလိုတွင် နိုင်ငံတစ်ဝန်း ဆန္ဒပြသူများသည် လမ်းများ၊ ပန်းခြံများဆီသို့ ရောက်ရှိလာကြကာ ရီပတ်ဘလီကန် သမ္မတကို ဆန့်ကျင် ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ ထရမ့်ပ်၏ နေရပ်ပြန်ပို့ခြင်း အစီအစဉ်များအပေါ် ကန့်ကွက်ဆန္ဒပြသူများကို စစ်တပ်အင်အားကိုသုံး၍ တုန့်ပြန်ခဲ့ခြင်း၊ အမေရိကန်မြို့တော်တွင် စစ်အင်အားထုတ်ပြခြင်းများအတွက် ထရမ့်ပ်ကို ၎င်းတို့က ဝေဖန်ခဲ့ကြသည်။

Ref: အေပီ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဗဟိုဘဏ်က စားသုံးဆီတင်သွင်းသူများသို့ ဒေါ်လာ ၃ သန်းနီးပါးရောင်းချပေး

ဗဟိုဘဏ်မှ CMP လုပ်ငန်းများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၂,၅၉၅,၉၃၇.၅၀ ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ယနေ့ကျင်းပသည့် FX Trading အစီအစဉ်တွင် ကဏ္ဍအသီးသီးမှ နိုင်ငံခြားငွေ ဝယ်ယူရရှိခဲ့ကြရာ ကားနှင့် ဆိုင်ကယ်အပိုပစ္စည်းကဏ္ဍက ၂၇ ရာခိုင်နှုန်းဖြင့် အများဆုံးရရှိခဲ့သည်။ အဆိုပါ FX Trading တွင် စက်သုံးဆီကဏ္ဍမှ ၁၅ ရာခိုင်နှုန်း၊ ဆက်သွယ်ရေးလုပ်ငန်းသုံးပစ္စည်းကဏ္ဍမှ ၁၅ ရာခိုင်နှုန်း၊ စက်မှုကုန်ကြမ်းကဏ္ဍမှ ၁၁ ရာခိုင်နှုန်း၊ စားသုံးဆီကဏ္ဍမှ ၁၀ ရာခိုင်နှုန်းနှင့်...

တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူ ရေးတက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ဇွန် ၂၈ ရက်တွင်ထုတ်ပြန်မည်

၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂ဝ၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို လာမည့် ဇွန် ၂၈ ရက်နံနက် ၆ နာရီတွင်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၏ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနထံမှ သိရသည်။ အောင်စာရင်းများကို မြို့နယ်အသီးသီးရှိ သက်ဆိုင်ရာ စာစစ်ဌာနကျောင်းများတွင် တစ်ချိန်တည်းကပ်ထားမည်ဖြစ်ကာ www.myanmarexam.org နှင့် result.dme.gov.mm တို့တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။ ထို့ပြင် ဝေးလံသောဒေသများရှိ စာစစ်ဌာနများနှင့် အင်တာနက်မကောင်းသည့် စာစစ်ဌာနများ၏ အောင်စာ ရင်းများကို မြန်မာ့အသံရေဒီယိုအစီအစဉ်မှ အောင်စာ ရင်းထွက်သည့်နေ့တွင်ကြေညာပေးမည်ဖြစ်ကာ အောင်စာရင်းနှင့်ပတ်သက်၍မရှင်းလင်းပါက မြန်မာ...

ပျဥ်းမနား-တောင်ညိုလမ်းတွင် မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ရေကျော်ပြီးလမ်းပိတ်နေ 

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ယနေ့ ဇွန် ၂၄ ရက်နေ့လည် ၃ နာရီကျော်ခန့်မှစတင်ကာ ပျဉ်မနား-တောင်ညိုလမ်းပေါ်သို့ရေ ကျော်၍လမ်းပိတ်နေကြောင်း သိရသည်။ ဉတ္တရသီရိမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ညိုကျေးရွာအုပ်စု၊ မင်းနောင်ကျေးရွာအနီး ပုံးတတ်ရိုးမှရေလျှံပြီး ပျဉ်မနား-တောင်ညိုလမ်းပေါ်သို့ရေကျော်၍လမ်းပိတ်နေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ဉတ္တရသီရိမြို့နယ်မီးသတ်စခန်း၊ တောင်ညိုနယ်မြေမီးသတ်စခန်း၊ ပန်းတင်အမြန်လမ်းနယ်မြေမီး သတ်စခန်းတို့မှတပ်ဖွဲ့ဝင်များဖြင့် ခရီးသွားများသွား လာရလွယ်ကူစေရန် ကူညီပေးလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071