Thursday, June 25, 2026

ဗဟိုဘဏ်က စားသုံးဆီတင်သွင်းသူများသို့ ဒေါ်လာ ၃...

ဗဟိုဘဏ်မှ CMP လုပ်ငန်းများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၂,၅၉၅,၉၃၇.၅၀ ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ယနေ့ကျင်းပသည့်...

တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူ...

၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂ဝ၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို လာမည့် ဇွန် ၂၈ ရက်နံနက်...

ပျဥ်းမနား-တောင်ညိုလမ်းတွင် မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ရေကျော်ပြီးလမ်းပိတ်နေ 

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ယနေ့ ဇွန် ၂၄ ရက်နေ့လည် ၃ နာရီကျော်ခန့်မှစတင်ကာ ပျဉ်မနား-တောင်ညိုလမ်းပေါ်သို့ရေ ကျော်၍လမ်းပိတ်နေကြောင်း သိရသည်။ ဉတ္တရသီရိမြို့နယ်အတွင်း...

အားကစားသမားပေါင်း (၂၂၆) ဦး ပါဝင်ယှဉ်ပြိုင်သည့်...

​၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံ ပစ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပန်ကြပ်ဆီလတ်၊ ဗိုဗီနမ် နှင့် မြန်မာ့သိုင်းပြိုင်ပွဲများကို ဇွန်လ (၂၁) ရက်မှ (၂၃)...
HomeInternationalထရမ့်ပုံပါဝင်သော တစ်ဒေါ်လာဒင်္ဂါးပြား ပုံကြမ်းသည်...

ထရမ့်ပုံပါဝင်သော တစ်ဒေါ်လာဒင်္ဂါးပြား ပုံကြမ်းသည် “အမှန်တကယ်ဖြစ်ကြောင်း” အမေရိကန်ဘဏ္ဍာရေးမှူးချုပ် ပြောကြား

အမေရိကန်ပြည်ထောင်စု၏ နှစ် (၂၅၀) ပြည့် အထိမ်းအမှတ်အဖြစ် သမ္မတဒေါ်နယ်ထရမ့်၏ ပုံတူကို ဖော်ပြထားသည့် တစ်ဒေါ်လာ အထိမ်းအမှတ် ဒင်္ဂါးပြားတစ်ပြားအား အမေရိကန်ဘဏ္ဍာရေးဌာန (US Treasury) က ထုတ်လုပ်ရန် စဉ်းစားနေကြောင်း ပုံကြမ်းမူကြမ်းများကို ယင်းဌာနကအတည်ပြုလိုက်သည်။

အမေရိကန် ဘဏ္ဍာရေးမှူးချုပ် ဘရန်ဒန် ဘိချ် (Brandon Beach) က X (ယခင် Twitter) တွင် ထိုဒင်္ဂါးပြားပုံများကို တုံ့ပြန်ရာ၌ “ဒီမှာ သတင်းမှားမရှိပါဘူး။ အမေရိကန်ရဲ့ နှစ် ၂၅၀ ပြည့် မွေးနေ့နဲ့ @POTUS သမ္မတကြီးထရမ့်ကို ဂုဏ်ပြုတဲ့ ဒီမူကြမ်းတွေဟာ အမှန်တကယ်ပါပဲ။ အစိုးရ အလုပ်မလုပ်နိုင်အောင် တားဆီးနေတဲ့ ရှပ်ဒေါင်းပြီးသွားရင် မကြာခင်မှာ အချက်အလက်တွေ ထပ်ပြီး မျှဝေပေးသွားဖို့ မျှော်လင့်ပါတယ်” ဟု ရေးသားခဲ့သည်။

ပုံကြမ်းများတွင် ဒင်္ဂါးပြား၏ ရှေ့ဘက်တွင် ထရမ့်၏ ဘေးတိုက်ပုံအပေါ်တွင် “Liberty” စာသားနှင့်လည်းကောင်း၊ “In God we Trust” စာသားကို အောက်တွင်လည်းကောင်း၊ “1776” နှင့် “2026” ဟူသည့် ရက်စွဲများကိုလည်းကောင်း ဖော်ပြထားသည်။ ကျောဘက်တွင် ပန်ဆယ်ဗေးနီးယားပြည်နယ်၊ ဘတ္တလာ (Butler) မြို့တွင် လုပ်ကြံခံရမှုမှ အသက်မသေဘဲ လွတ်မြောက်ပြီးနောက် လက်သီးဆုပ်ကာ မတ်တပ်ရပ်နေသည့် ထရမ့်၏ နာမည်ကြီးပုံကို ဖော်ပြထားပြီး၊ အပေါ်တွင် “FIGHT FIGHT FIGHT” ဟူသည့် စကားလုံးများ၊ နောက်ခံတွင် လွင့်နေသော အမေရိကန်အလံတို့ ပါရှိသည်။

ဤအငြင်းပွားဖွယ်ရာ ဒင်္ဂါးပြားဒီဇိုင်းကို ထုတ်လုပ်နိုင်မည်ဆိုသည်မှမူာ မသေချာလှပေ။ အကြောင်းမှာ အမေရိကန်ဥပဒေအရ လက်ရှိတာဝန်ထမ်းဆောင်နေသော သမ္မတ သို့မဟုတ် သက်ရှိထင်ရှားရှိသော သမ္မတဟောင်း၏ ပုံကို ဒင်္ဂါးပြားပေါ်တွင် ဖော်ပြခွင့်မရှိသောကြောင့်ဖြစ်သည်။ သမ္မတတစ်ဦးကို ၎င်းကွယ်လွန်ပြီးနောက် အနည်းဆုံး နှစ်နှစ်အကြာမှသာ ဒင်္ဂါးပြားပေါ်တွင် ဖော်ပြနိုင်သည်ဟု သတ်မှတ်ထားသည်။

အမေရိကန်ဥပဒေတွင် ဒင်္ဂါးပြားဒီဇိုင်းများအတွက် “ဤပုဒ်မအရ ထုတ်ဝေသော မည်သည့်ဒင်္ဂါးပြားတွင်မှ သက်ရှိထင်ရှားရှိသော သမ္မတဟောင်း သို့မဟုတ် လက်ရှိသမ္မတ၏ ပုံရိပ်၊ သို့မဟုတ် ကွယ်လွန်ပြီးသော သမ္မတဟောင်းတစ်ဦးဦး ကွယ်လွန်သည့်နေ့မှစ၍ ၂ နှစ်ကာလအတွင်း ပုံရိပ်ကို ဖော်ပြခြင်း မပြုရ” ဟု ပြဌာန်းထားသည်။

အမေရိကန်ပြည်ထောင်စု၏ နှစ် ၂၅၀ ပြည့် အထိမ်းအမှတ်အဖြစ် ကွန်ဂရက်လွှတ်တော်သည် Circulating Collectible Coin Redesign Act ကို အတည်ပြုခဲ့ပြီး၊ ယင်းဥပဒေအရ အမေရိကန်ဘဏ္ဍာရေးဌာနသည် အဆိုပါပွဲကို ဂုဏ်ပြုရန်အတွက် အထူး ဒေါ်လာ ၁ ဒင်္ဂါးပြားများကို ထုတ်ဝေခွင့်ရရှိသည်။ ထိုဥပဒေတွင် ဘဏ္ဍာရေးဝန်ကြီးသည် “၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ တစ်နှစ်တာကာလအတွင်း အမေရိကန်ပြည်ထောင်စု၏ နှစ် ၂၅၀ ပြည့် အထိမ်းအမှတ် သင်္ကေတများပါဝင်သည့် ဒီဇိုင်းများဖြင့် ဒေါ်လာ ၁ ဒင်္ဂါးပြားများကို ထုတ်လုပ်ရန်” ခွင့်ပြုထားသည်။

ထိုဥပဒေတွင် “မည်သည့်ပုဂ္ဂိုလ်၏ ခေါင်းနှင့် ပခုံးပုံတူ သို့မဟုတ် ရုပ်တု၊ သက်ရှိထင်ရှားရှိသော ပုဂ္ဂိုလ်၏ ပုံတူကိုမျှ သတ်မှတ်ထားသော ဒင်္ဂါးပြားများ၏ ကျောဘက်ဒီဇိုင်းတွင် ထည့်သွင်းခြင်းမပြုရ” ဟုလည်း ပြဌာန်းထားသည်။

ထရန့်၏ ဘေးတိုက်ပုံကို ဒင်္ဂါးပြား၏ ရှေ့ဘက်တွင် ဖော်ပြထားပြီး၊ ယင်းသည် ဥပဒေကို ရှောင်ကွင်းသည့် သဘောဖြစ်နေသည်။ ကျောဘက်တွင်လည်း ထရန့်၏ ပုံပါဝင်နေသော်လည်း၊ ဤပုံသည် ဥပဒေနှင့် ငြိမငြိ မရှင်းလင်းပေ။ ကျောဘက်ဒီဇိုင်းသည် “ခေါင်းနှင့် ပခုံးပုံတူ သို့မဟုတ် ရုပ်တု” ဟူသည့် တိုက်ရိုက်အသုံးအနှုန်းအောက်တွင် မကျရောက်သည့် ပုံဖြစ်နေသောကြောင့်ဖြစ်သည်။
ဘဏ္ဍာရေးဌာနက ထရန့်ပုံပါရှိသည့် မူကြမ်းများသည် တရားဝင်ကြောင်း အတည်ပြုသော်လည်း၊ နောက်ဆုံးဒီဇိုင်းကို ရွေးချယ်ရခြင်းမရှိသေးကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အလေးအနက် ပြောကြားသည်။

အမေရိကန်သမိုင်းတစ်လျှောက် သက်ရှိထင်ရှားရှိစဉ် ဒင်္ဂါးပြားပေါ်တွင် ဖော်ပြခြင်းခံခဲ့ရသော တစ်ဦးတည်းသော သမ္မတမှာ ၁၉၂၆ ခုနှစ်က ကယ်လ်ဗင် ကူးလစ်ချ် (Calvin Coolidge) ဖြစ်ကြောင်း American Numismatic Association ၏ အွန်လိုင်းဖော်ပြချက်များအရ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဗဟိုဘဏ်က စားသုံးဆီတင်သွင်းသူများသို့ ဒေါ်လာ ၃ သန်းနီးပါးရောင်းချပေး

ဗဟိုဘဏ်မှ CMP လုပ်ငန်းများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၂,၅၉၅,၉၃၇.၅၀ ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ယနေ့ကျင်းပသည့် FX Trading အစီအစဉ်တွင် ကဏ္ဍအသီးသီးမှ နိုင်ငံခြားငွေ ဝယ်ယူရရှိခဲ့ကြရာ ကားနှင့် ဆိုင်ကယ်အပိုပစ္စည်းကဏ္ဍက ၂၇ ရာခိုင်နှုန်းဖြင့် အများဆုံးရရှိခဲ့သည်။ အဆိုပါ FX Trading တွင် စက်သုံးဆီကဏ္ဍမှ ၁၅ ရာခိုင်နှုန်း၊ ဆက်သွယ်ရေးလုပ်ငန်းသုံးပစ္စည်းကဏ္ဍမှ ၁၅ ရာခိုင်နှုန်း၊ စက်မှုကုန်ကြမ်းကဏ္ဍမှ ၁၁ ရာခိုင်နှုန်း၊ စားသုံးဆီကဏ္ဍမှ ၁၀ ရာခိုင်နှုန်းနှင့်...

တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူ ရေးတက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ဇွန် ၂၈ ရက်တွင်ထုတ်ပြန်မည်

၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂ဝ၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို လာမည့် ဇွန် ၂၈ ရက်နံနက် ၆ နာရီတွင်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၏ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနထံမှ သိရသည်။ အောင်စာရင်းများကို မြို့နယ်အသီးသီးရှိ သက်ဆိုင်ရာ စာစစ်ဌာနကျောင်းများတွင် တစ်ချိန်တည်းကပ်ထားမည်ဖြစ်ကာ www.myanmarexam.org နှင့် result.dme.gov.mm တို့တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။ ထို့ပြင် ဝေးလံသောဒေသများရှိ စာစစ်ဌာနများနှင့် အင်တာနက်မကောင်းသည့် စာစစ်ဌာနများ၏ အောင်စာ ရင်းများကို မြန်မာ့အသံရေဒီယိုအစီအစဉ်မှ အောင်စာ ရင်းထွက်သည့်နေ့တွင်ကြေညာပေးမည်ဖြစ်ကာ အောင်စာရင်းနှင့်ပတ်သက်၍မရှင်းလင်းပါက မြန်မာ...

ပျဥ်းမနား-တောင်ညိုလမ်းတွင် မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ရေကျော်ပြီးလမ်းပိတ်နေ 

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ယနေ့ ဇွန် ၂၄ ရက်နေ့လည် ၃ နာရီကျော်ခန့်မှစတင်ကာ ပျဉ်မနား-တောင်ညိုလမ်းပေါ်သို့ရေ ကျော်၍လမ်းပိတ်နေကြောင်း သိရသည်။ ဉတ္တရသီရိမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ညိုကျေးရွာအုပ်စု၊ မင်းနောင်ကျေးရွာအနီး ပုံးတတ်ရိုးမှရေလျှံပြီး ပျဉ်မနား-တောင်ညိုလမ်းပေါ်သို့ရေကျော်၍လမ်းပိတ်နေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ဉတ္တရသီရိမြို့နယ်မီးသတ်စခန်း၊ တောင်ညိုနယ်မြေမီးသတ်စခန်း၊ ပန်းတင်အမြန်လမ်းနယ်မြေမီး သတ်စခန်းတို့မှတပ်ဖွဲ့ဝင်များဖြင့် ခရီးသွားများသွား လာရလွယ်ကူစေရန် ကူညီပေးလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071