Sunday, May 10, 2026

မြန်မာအစိုးရသစ်၏ ဦးစားပေးလုပ်ငန်းစဉ်များကို (၄၈)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌...

မြန်မာအစိုးရသစ်၏ ဦးစားပေးလုပ်ငန်းစဉ်များကို နိုင် ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးဟောက်ခန့်ဆုမ်းက ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင်ကျင်းပသည့် (၄၈)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌ ပြောကြားခဲ့သည်။ အမြဲတမ်းအတွင်းဝန်က မြန်မာအစိုးရသစ်၏ ဦးစား ပေးလုပ်ငန်းစဉ်များအပါအဝင်...

စစ်ပွဲအဆုံးသတ်တော့မည်ဟုထင်ကြောင်းနှင့်ဇလန်းစကီးနှင့်တွေ့ရန်ဆန္ဒရှိကြောင်းပူတင်ပြော

ယူကရိန်းစစ်ပွဲသည် အဆုံးသတ်တော့မည့်အနေအထား ဖြစ်နိုင်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့ပြီး အကယ်၍သာ ငြိမ်းချမ်းရေးသဘောတူညီချက်ကို အပြီးသတ် နိုင်လျှင် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးနှင့်...

ပါကစ္စတန်တွင် ကားဗုံးပေါက်ကွဲ၍ ရဲ ၁၄...

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ရဲစခန်းတစ်ခုတွင် ကားဗုံးပေါက်ကွဲသဖြင့် အခင်းဖြစ် ပွါးရာ နေရာသို့ လာသည့် ရဲတပ်ဖွဲ့ဝင်များကို ခြုံခိုတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၄ ဦးထက်မနည်း‌ေ-သဆုံးခဲ့ကြောင်း...

ပါကစ္စတန်တွင် ကားဗုံးပေ-ါက်ကွဲ၍ ရဲ ၁၄...

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ရဲစခန်းတစ်ခုတွင် ကားဗုံးပေ-ါက်ကွဲသဖြင့် အခင်းဖြစ် ပွါးရာ နေရာသို့ လာသည့် ရဲတပ်ဖွဲ့ဝင်များကို ခြုံခိုတို-က်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၄ ဦးထက်မနည်း‌ေ-သဆုံးခဲ့ကြောင်း...
HomeInternationalထရမ့်က ကျူးဘားကို ထပ်မံခြိမ်းခြောက်ပြန်၊...

ထရမ့်က ကျူးဘားကို ထပ်မံခြိမ်းခြောက်ပြန်၊ ကျူးဘားအနေဖြင့် ‘မိတ်ဆွေပီသစွာ သိမ်းပိုက်မှု’ နှင့် ရင်ဆိုင်ရနိုင်ကြောင်း ပြောကြား

အမေရိကန်-အစ္စရေး၏ အီရန်အပေါ် စစ်ပွဲသည် ဒုတိယမြောက်သီတင်းပတ်သို့ ရောက်ရှိလာသော်လည်း ၎င်း၏အစိုးရအဖွဲ့သည် ကျူးဘားတွင် အစိုးရဖြုတ်ချရေးကို ဆက်လက်ကြိုးပမ်းနေဆဲဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အရိပ်အမြွက် ပြောကြားလိုက်သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနသည် ကျူးဘားကို ဆက်လက်အာရုံစိုက်နေဆဲဖြစ်ပြီး အိမ်ဖြူတော်၏ အစီအစဉ်များတွင် ထိုကျွန်းနိုင်ငံကို “မိတ်ဆွေပီသစွာ သိမ်းပိုက်မှု” ပါဝင်နိုင်သလို မပါဝင်ဘဲလည်း ရှိနိုင်ကြောင်း ထရမ့်က တနင်္လာနေ့တွင် ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းဌာနအရ သိရသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုသည် ကျူးဘားကိစ္စကို “ကိုင်တွယ်ဖြေရှင်း” နေကြောင်း သမ္မတက ဖလော်ရီဒါပြည်နယ်ရှိ သတင်းထောက်များကို ပြောကြားခဲ့သည်။

“သူ ဒီကိစ္စကို ကိုင်တွယ်နေပါတယ်။ အဲဒါက မိတ်ဆွေပီသစွာ သိမ်းပိုက်တာလည်း ဖြစ်နိုင်သလို၊ မိတ်ဆွေပီသစွာ သိမ်းပိုက်တာ မဟုတ်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါက သိပ်အရေးမကြီးပါဘူး။ ဘာလို့လဲဆိုတော့ သူတို့မှာက ဘာမှမရှိတော့တဲ့… အငွေ့လောက်ပဲ ကျန်တော့တဲ့ အခြေအနေကို ဆိုက်နေလို့ပါ။ သူတို့ဆီမှာ စွမ်းအင်လည်း မရှိတော့သလို ငွေလည်း မရှိတော့ပါဘူး” ဟု ထရမ့်က ပြောသည်။

“သူတို့အနေနဲ့ သဘောတူညီချက်တစ်ခု လုပ်ရင်လုပ်၊ မလုပ်ရင်လည်း ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့က ဒီအတိုင်း လွယ်လွယ်ကူကူပဲ လုပ်ဆောင်သွားမှာပါ” ဟု သူက ဆိုသည်။

အမေရိကန်တပ်ဖွဲ့များက ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ကာရာကတ်စ် မှ ဟာဗားနား သို့ လောင်စာဆီတင်ပို့မှုကို ရပ်ဆိုင်းလိုက်သည့် ဇန်နဝါရီလကတည်းက ကျူးဘားသည် စွမ်းအင်အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။ ယင်းလုပ်ရပ်က ကျူးဘား၏ မိတ်ဖက်နိုင်ငံအနည်းငယ်ထဲမှ တစ်နိုင်ငံနှင့် ကျူးဘားစီးပွားရေးအတွက် အဓိကရေနံအရင်းအမြစ်တစ်ခုကို ဖြတ်တောက်လိုက်ခြင်းဖြစ်သည်။

ကျူးဘားသည် စီးပွားရေးပြိုလဲမှုနှင့် ရင်ဆိုင်နေရပြီး နိုင်ငံအစိုးရသည် အမေရိကန်နှင့် စေ့စပ်ဆွေးနွေးရန် အသင့်ရှိနေကြောင်း အိမ်ဖြူတော် တာဝန်ရှိသူများက အရိပ်အမြွက် ပြောဆိုထားသည်။

ကျူးဘားအစိုးရသည် “ပြုတ်ကျ” ရန် အသင့်ဖြစ်နေပြီဖြစ်ပြီး ၎င်း၏ခေါင်းဆောင်များသည် ဝါရှင်တန်နှင့် “သဘောတူညီချက်ရယူ” လိုကြောင်း ထရမ့်က အကြိမ်ကြိမ် ပြောကြားခဲ့သည်ဟု NBC News သတင်းအရ သိရသည်။

အဆင့်မြင့်ဆွေးနွေးပွဲများ ပြုလုပ်နေသည်ဆိုသော သတင်းများကို ကျူးဘားက ငြင်းဆိုထားကြောင်း ရိုက်တာသတင်းအရ သိရသည်။

သို့သော်လည်း ကျူးဘားသမ္မတဟောင်း ရာအူးလ် ကက်စထရို ၏ မြေးဖြစ်သူ ရာအူးလ် ဂီလာမို ရိုဒရီဂွက်ဇ် ကက်စထရို နှင့် အမေရိကန် တာဝန်ရှိသူများအကြား “တရားဝင်မဟုတ်သော ဆွေးနွေးမှုများ” ရှိနေသည်ဟူသည့် အမေရိကန်မီဒီယာများ၏ ဖော်ပြချက်များကိုမူ ၎င်းတို့က “ပြတ်ပြတ်သားသား” ငြင်းဆိုထားခြင်း မရှိပေ။

ကျူးဘားသည် ဆယ်စုနှစ်များစွာကြာ အမေရိကန်၏ ပစ်မှတ်ထားမှုခံခဲ့ရသော်လည်း၊ ဟာဗားနားတွင် အစိုးရအပြောင်းအလဲဖြစ်ရေးကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြီး ကြိုးပမ်းလာသည့် စစ်အေးခေတ်အလွန် ပထမဆုံးသော အမေရိကန်သမ္မတမှာ ထရမ့်ဖြစ်သည်။

ဗင်နီဇွဲလားနှင့် ကျူးဘားအပေါ် ထရမ့်၏ တိုက်ခိုက်မှုများသည် ကမ္ဘာ့အနောက်ခြမ်းအား အခြားမည်သည့် နိုင်ငံခြားအင်အားစု၏ လွှမ်းမိုးမှုမျှမရှိဘဲ အမေရိကန်၏ သြဇာလွှမ်းမိုးမှုအောက်တွင်သာ ရှိရမည်ဟု ပြဋ္ဌာန်းထားသည့် ၁၉ ရာစု မူဝါဒဖြစ်သော “မွန်ရိုးဝါဒ(Monroe Doctrine)” ကို ၎င်းက ပြန်လည်အသက်သွင်းမှုနှင့် ကိုက်ညီနေသည်။

ထရမ့်သည် ကျူးဘားကို “မိတ်ဆွေပီသစွာ သိမ်းပိုက်မည်” ဟူသော အယူအဆကို ဖေဖော်ဝါရီလက ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုခဲ့သည်။

“မိတ်ဆွေပီသစွာ သိမ်းပိုက်ခြင်း(Friendly Tekeover)” ဆိုသည်မှာ စစ်အင်အားသုံး၍ ကျူးကျော်သိမ်းပိုက်ခြင်းမျိုး မဟုတ်ဘဲ၊ ကျူးဘားအစိုးရ လက်ရှိရင်ဆိုင်နေရသည့် စီးပွားရေးနှင့် စွမ်းအင် အကျပ်အတည်းများကို အခွင့်ကောင်းယူကာ ကျူးဘားအစိုးရကိုယ်တိုင်ကပင် အမေရိကန်၏ သြဇာလွှမ်းမိုးမှုအောက်သို့ သဘောတူညီချက်တစ်ခုခုဖြင့် အသာတကြည် ဝင်ရောက်လာစေရန် (သို့မဟုတ်) အမေရိကန်သြဇာ‌ငြောင်းမည့်အစိုးရတစ်ရပ်သို့ အပြောင်းအလဲဖြစ်လာစေရန် ဖိအားပေး သိမ်းပိုက်မည်ဟု တင်စားသုံးနှုန်းသွားခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာအစိုးရသစ်၏ ဦးစားပေးလုပ်ငန်းစဉ်များကို (၄၈)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌ MOFA အမြဲတမ်းအတွင်းဝန်ပြောကြားခဲ့

မြန်မာအစိုးရသစ်၏ ဦးစားပေးလုပ်ငန်းစဉ်များကို နိုင် ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးဟောက်ခန့်ဆုမ်းက ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင်ကျင်းပသည့် (၄၈)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌ ပြောကြားခဲ့သည်။ အမြဲတမ်းအတွင်းဝန်က မြန်မာအစိုးရသစ်၏ ဦးစား ပေးလုပ်ငန်းစဉ်များအပါအဝင် မြန်မာနိုင်ငံ၏ နိုင်ငံ ရေးဖြစ်ပေါ်တိုးတက်မှုတို့ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့ပြင် ဒေသတွင်း စွမ်းအင်နှင့် စားနပ်ရိက္ခာဖူလုံရေး အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ အာဆီယံအသိုက်အဝန်းထူ ထောင်ရေးလုပ်ငန်းစဉ်များ၌ ပါဝင်ဆောင်ရွက်နေမှုတို့ကိုလည်း ဆွေးနွေးပြောကြားခဲ့သည်။ အစည်းအဝေးတက်ရောက်လာကြသူများက ဒေသတွင်းစွမ်းအင်ဖူလုံရေး၊ စားနပ်ရိက္ခာဖူလုံရေးနှင့် အရှေ့အလယ်ပိုင်းဒေသရောက်ရှိနေသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံသားများ၏ ဘေးကင်းလုံခြုံရေး၊ ပထ ဝီနိုင်ငံရေးတင်းမာမှုများကြောင့် ဖြစ်ပေါ်လာသည့် ရေ နံထောက်ပံ့မှုနှင့် ဈေးနှုန်းမတည်ငြိမ်မှု၏သက်ရောက်မှုများကို...

စစ်ပွဲအဆုံးသတ်တော့မည်ဟုထင်ကြောင်းနှင့်ဇလန်းစကီးနှင့်တွေ့ရန်ဆန္ဒရှိကြောင်းပူတင်ပြော

ယူကရိန်းစစ်ပွဲသည် အဆုံးသတ်တော့မည့်အနေအထား ဖြစ်နိုင်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့ပြီး အကယ်၍သာ ငြိမ်းချမ်းရေးသဘောတူညီချက်ကို အပြီးသတ် နိုင်လျှင် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးနှင့် တတိယနိုင်ငံတစ်ခုတွင် တွေ့ဆုံသွားရန် ဆန္ဒရှိကြောင်း သူကထုတ်ဖော်ပြောဆိုခဲ့သည်။ ရုရှား၏ နှစ်များစွာအတွင်း အင်အားအနည်းဆုံးပမာဏဖြင့် ကျင်းပခဲ့သည့် စစ်အောင်ပွဲနေ့ စစ်ရေးပြအခမ်းအနားတွင် ပူတင်က ယူကရိန်းတွင် အောင်ပွဲခံမည်ဟု ကတိပြုခဲ့ပြီး နာရီပိုင်းအကြာ စနေနေ့က သတင်းထောက်များကို ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ရုရှားနှင့် ယူကရိန်းတို့ သည် သုံးရက်ကြာ အပစ်အခတ်ရပ်စဲမှု စတင်ခဲ့ကာ အကျဉ်းသား ၁,၀၀၀ ကို...

ပါကစ္စတန်တွင် ကားဗုံးပေါက်ကွဲ၍ ရဲ ၁၄ ဦး ‌ေ-သဆုံး

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ရဲစခန်းတစ်ခုတွင် ကားဗုံးပေါက်ကွဲသဖြင့် အခင်းဖြစ် ပွါးရာ နေရာသို့ လာသည့် ရဲတပ်ဖွဲ့ဝင်များကို ခြုံခိုတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၄ ဦးထက်မနည်း‌ေ-သဆုံးခဲ့ကြောင်း တနင်္ဂနွေနေ့တွင် ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ စနေနေ့က တိုက်ခိုက်မှုအပြီး ရိုက်ကူးထားသော ဓာတ်ပုံများအရ ရဲစခန်းအဆောက်အအုံသည် အပျက်အစီးပုံအဖြစ်ပြိုကျသွားခဲ့ပြီး အုတ်ခဲများ၊ မီးလောင်ကျွမ်းနေသော အပျက်အစီးများနှင့် ပျက်စီးနေသော ယာဉ်များသည် ထိုနေရာတစ်ဝိုက်တွင် ပြန့်ကျဲနေသည်ကို တွေ့ရသည်။ ပြိုကျနေသော ရဲကင်းစခန်းအောက်မှ ရဲ ၁၄ ဦး၏ ရုပ်အလေ-ာင်းများကို ပြန်လည်တွေ့ရှိခဲ့ပြီး ရဲသုံးဦးကိုမူ အသက်ရှင်လျက်တွေ့ရှိခဲ့သဖြင့် သူတို့ကို ဆေးရုံသို့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071