ယမန်နေ့ မေလ (၆) ရက် ညနေပိုင်းက မြန်မာအမျိုးသားလေကြောင်းမှ ခရီးစဉ် UB – 812 အား Boeing XY-ALV ဖြင့် မန္တလေးမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာခဲ့မည့် ခရီးစဉ်တွင် လေယာဉ်သည် ခရီးသည် (၁၄၃)ဦး သယ်ဆောင်၍ ပျံတက်ရန်ပြုလုပ်နေစဉ် လေယာဉ်ပြေးလမ်းပေါ်တွင် ပုံမှန်မဟုတ်သော အချက်ပြမှုဖြစ်ပေါ်လာသဖြင့် လေယာဉ်မှုးမှ ပြေးလမ်းပေါ်တွင် ပျံသန်းမှု ရပ်တန့်ခြင်းပြုလုပ်ခဲ့သည်ဟု ဆိုသ ည်။
ထိုသို့ပြုလုပ်စဉ် လေယာဉ်၏ Brake စနစ်ပှုပြင်းမှုကြောင့် လေယာဉ်၏ ဘယ်ဖက်တာယာများ ပွင့်ထွက်လွင့်စင်မှု ဖြစ်ပေါ်ခဲ့ပြီး မီးတောက်ဖြစ်လာခဲ့သဖြင့် အချိန်မီ ငြှိမ်းသတ်နိုင်ခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ပြောသည်။
ထို့ပြင် ကျန်ရှိသော လေယာဉ်ဘီးများကောင်းမွန်ပြီး လေ ယာဉ်ပြေးလမ်း၏ မြောက်ဘက်ထိပ်တွင် ဘေးအန္တရာယ် ကင်းရှင်းစွာ ပြေးလမ်းပေါ်၌ ရပ်တန့်နိုင်ခဲ့ကာ လေယာဉ်ပေါ်တွင် ပါရှိသော လေယာဉ်အမှုထမ်းများ လိုက်နာကျင့်သုံးရသော Safety Operating Procedure များအတိုင်း ပြုလုပ်ခဲ့ပြီး ခရီးသည်များနှင့် လေယာဉ်အမှုထမ်းများ အားလုံးထိခိုက်မှု တစ်စုံတစ်ရာမရှိဘဲ ဘေးကင်းလုံခြုံစွာဖြင့် လေဆိပ်နားနေဆောင်သို့ ပို့ဆောင်ပေးနိုင်ခဲ့သည်ဟု ဆိုသည်။
ထိုနည်းတူ မြန်မာအမျိုးသားလေကြောင်း အနေဖြင့် အဆိုပါ ခရီးစဉ်တွင် ပါရှိသော ခရီးသည်များအား ရန်ကုန်မြို့သို့ အစားထိုးလေယာဉ်များဖြင့် ပို့ဆောင်ပေးနိုင်ခဲ့ပြီး ခရီးသည်များ၏ လိုအပ်ချက်များအတိုင်း အဆင်ပြေစွာဆောင်ရွက်ပေးနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပြောသည်။
ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သတ်၍ မြန်မာအမျိုးသားလေကြောင်း မှ ခရီးသွားမိဘပြည်သူများအား အနူးအညွ တ်တောင်းပန်ထားပြီး ထိုမတော်တဆ ဖြစ်ပွားမှုကို မြန်မာအမျိုးသားလေကြောင်း အနေဖြင့်စုံစမ်းစစ်ဆေးမှုများကို စနစ်တကျ ဆောင်ရွက်နေပြီဖြစ်ကြောင်း အသိပေးထားသ ည်။