ထင်ရှားသည့် တေးရေး ပန်းချီဆရာ သော်ဒီဝေ (ဦးဝေချစ်ကို) သည် ယနေ့ (အောက်တိုဘာ ၁၆) ညနေ၌ ကွယ်လွန်သွားကြောင်း သိရသည်။
ကွယ်လွန်ချိန်၌အသက် ၇၁ နှစ်ရှိပြီဖြစ်ကာ နှလုံးရောဂါဖြင့် ပြင်ဦးလွင်၌ ကွယ်လွန်သွားခဲ့ခြင်းလည်း ဖြစ်သည်။
သူသည် အလင်းရောင်၊ ခါး၊ လမ်းပြပါဦး၊ ဂန္ထဝင်မြောက်အိမ်
အပြန် စသည့် နာမည်ကြီး ရော့ခ် တေးသီချင်းများကိုလည်း ရေးသားခဲ့သူ ဖြစ်ပြီး မန္တလေးပန်ချီအနုပညာကျောင်းဆင်း တစ်ဦးလည်း ဖြစ်သည် ။
၂၀၁၈ ၌ ရန်ကုန်မြို့၊ အမျိုးသားကဇာတ်ရုံ၌၌ ပြုလုပ်ခဲ့သည့် သော်ဒီဝေ၏ သတ္တုသံပါသော သီချင်းများဖျော်ဖြေပွဲကို နာမည်ကျော်တေးသံရှင်ပေါင်းများစွာ ပါဝင် ဂုဏ်ပြုဖျော်ဖြေခဲ့သေးသည်။
ဓာတ်ပုံများ – La Pyae Gyi FB/ လူမှုကွန်ယက်
