Thursday, August 14, 2025

“ရွေးကောက်ပွဲသည် ပြည်သူအတွက်” ဆိုသည့် ခေါင်းစဉ်ဖြင့်...

ယနေ့ ဩဂုတ်လ ၁၄ ရက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (USDP) မှ ဦးဆောင်ကာ သတင်းစာရှင်းလင်းပွဲအခမ်းအနား ကျင်းပခဲ့သည်။ အခမ်းအနားတွင် "ရွေးကောက်ပွဲသည် ပြည်သူအတွက်"...

၀န်ကြီးဟောင်း၏သားအသတ်ခံရမှုကိုပွင့်လင်းမြင်သာစွာစုံစမ်းဖော်ထုတ်– အန်ဝါ

ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းအချိန်ကကုန်တိုက်ကားပါကင်တွင် သားဖြစ်သူသည်ဆေးထိုး၍ အသတ်ခံခဲ့ရကြောင်း အစိုးရဝန်ကြီးဟောင်းတစ်ဦးဖြစ်သည့် ရာဖီဇီ ရမ်လီက ပြောကြားခဲ့သဖြင့် အဆိုပါဖြစ်ရပ်ကို ပွင့်လင်းမြင်သာစွာနှင့်လျင်မြန်စွာစစ်ဆေးဖော်ထုတ်ရန် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဗရာဟင်မ်က...

အင်းလေးကန် ရေမြင့်တက်လာသည့် အခြေအနေ စောင့်ကြည့်နေရဟုဆို

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်အတွင်း၌ ယခုရက်ပိုင်းအတွင်း မိုးရက်ဆက်ရွာသွန်းနေခြင်းကြောင့် အင်းလေးကန်ရေ အနည်းငယ်မြင့်တက်နေပြီး ထပ်မံမြင့်တက်လာနိုင်မည့်အခြေအနေကို စောင့်ကြည့်နေကြောင်း ရှမ်းတောင်ပရဟိတအသင်း တာဝန်ခံတစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောသည်။ ရှမ်းပြည်နယ်တောင်ပိုင်းတွင် မိုးများ‌နေသည့်အတွက် အင်းလေးကန်အတွင်းသို့...

မြဝတီမြို့တွင် စက်သုံးဆီ ပြတ်လပ်‌လာကာ စက်သုံးဆီဆိုင်အချို့...

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် အခုရက်ပိုင်းအတွင်း စက်သုံးဆီပြတ်လပ်လာခြင်းကြောင့် စက်သုံးဆီဆိုင်အချို့ပိတ်ထားရပြီး ဆီလက်ကျန်ရှိသည့် ဆိုင်များတွင်သာ တန်းစီဝယ်ယူနေရကြောင်း ဒေသခံတစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောသည်။ မြို့တွင်းဆိုင်အချို့မှာ ယမန်နေ့ ညနေပိုင်းအချိန်ခန့်မှစတင်၍ ပိတ်ထားရခြင်းဖြစ်ပြီး...
HomeNewsLocal Newsတောင်းဆိုချက်များကိုလိုက်လျောလျှင် အီးယူ နျူသဘောတူညီချက်ကို...

တောင်းဆိုချက်များကိုလိုက်လျောလျှင် အီးယူ နျူသဘောတူညီချက်ကို ပြန်အသက်သွင်းမည့်အဆိုပြုချက်ကို အီရန် လက်ခံမည်

တောင်းဆိုချက်များကိုလိုက်လျောလျှင် အီးယူ နျူသဘောတူညီချက်ကို ပြန်အသက်သွင်းမည့်အဆိုပြုချက်ကို အီရန် လက်ခံမည်

ဒူဘိုင်း၊ ဩဂုတ် ၁၂ ရက်

တေရန်၏ အဓိကတောင်းဆိုချက်များကို အာမခံချက်ပေးမည်ဆိုပါက ၂၀၁၅ ခုနှစ် အီရန်နျူကလီးယားသဘောတူညီချက်ကို ပြန်လည်အသက်သွင်းမည့် ဥရောပသမဂ္ဂ၏ အဆိုပြုချက်ကို လက်ခံနိုင်မည်ဟု နိုင်ငံပိုင်သတင်းအေဂျင်စီ IRNA က ဩဂုတ်လ ၁၂ ရက် သောကြာနေ့တွင် ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂက ဗီယင်နာ၌ အမေရိကနှင့် အီရန်အရာရှိများအကြား လေးရက်ကြာ  ဆွေးနွေးပြောဆိုမှုများအပြီးတွင် နောက်ဆုံးစာသားကို အဆိုတင်သွင်းခဲ့ကြောင်း တနင်္လာနေ့က ပြောကြားခဲ့သည်။


ဥရောပသမဂ္ဂအကြီးတန်းအရာရှိတစ်ဦးက ၁၅ လကြာ ညှိနှိုင်းမှု ပြုလုပ်ခဲ့ရသည့် အဆိုပါ နောက်ဆုံးအဆိုပြုချက်နှင့် ပတ်သက်၍ အပြောင်းအလဲများ ထပ်မံပြုလုပ်နိုင်မည်မဟုတ်ကြောင်း၊ ရက်သတ္တပတ်အနည်းငယ်အတွင်း ပါတီများထံမှ နောက်ဆုံး ဆုံးဖြတ်ချက် ပြုလုပ်မည်ကို မျှော်လင့်နေကြောင်း ပြောကြားခဲ့သည်။

အီရန်သံတမန်က တေရန်သည် အဆိုပါအဆိုပြုချက်ကို ပြန်လည်သုံးသပ်နေပြီဖြစ်ကြောင်း၊ အကာအကွယ်များ၊ ပိတ်ဆို့အရေးယူမှုများနှင့် အာမခံချက်များဆိုင်ရာ ကိစ္စရပ်များအတွက် အီရန်ကိုအာမခံပေးမည်ဆိုပါက ဥရောပ သမဂ္ဂ ၏ အဆိုပြုချက်များကို လက်ခံနိုင်ဖွယ်ရှိကြောင်း ပြောကြားခဲ့သည်ကို ကိုးကား၍ IRNA က ဖော်ပြထားသည်။


အီရန်နိုင်ငံသည် အဆိုပါ နျူကလီးယား သဘောတူညီချက်ကို ပြန်လည်အသက်သွင်းမည်ဆိုပါက အနာဂတ်တွင် မည်သည့် အမေရိကန်သမ္မတကမှ နုတ်ထွက် ဖျက်သိမ်းခွင့် မရနိုင်မည့် အာမခံချက်မျိုးရရှိရန် ကြိုးပမ်းလျက်ရှိသည်။ 

သမ္မတ ဒေါ်နယ်ထရမ့်သည် ၂၀၁၈ ခုနှစ်၌ အီရန်၏ နျူကလီးယား သဘောတူညီချက်မှ နုတ်ထွက်ကာ အီရန်အပေါ် ပြင်းထန်သည့် ဒဏ်ခတ်ပိတ်ဆို့မှုများ ပြန်လည် ပြုလုပ်ခဲ့ဖူးသည်။

သို့ရာတွင် အဆိုပါ သဘောတူညီချက်သည်ဥပဒေကြောင်းအရအရေးယူဆောင်ရွက်နိုင်သောစာချုပ်မဟုတ်ဘဲ နိုင်ငံရေးအရ နားလည်မှုသဘောမျိုးသာဖြစ်သောကြောင့် သမ္မတ ဂျိုးဘိုင်ဒင်ကယင်းကဲ့သို့သော အာမခံချက်မျိုး ပေးစွမ်းနိုင်ခြင်း မရှိပေ။

ဥရောပသမဂ္ဂ၏ အဆိုပြုချက်များအပေါ် အခြေခံ၍ အထက်ပါ သဘောတူညီချက်၌ လက်မှတ်ရေးထိုးရန် အဆင်သင့် ဖြစ်နေပြီဟု ဝါရှင်တန်က ဆိုသည်။

အီရန်အရာရှိများက ၎င်းတို့၏ နောက်ထပ်အမြင်များနှင့် ထည့်သွင်းစဉ်းစားမှုများ ကို ဥရောပသမဂ္ဂထံ တင်ပြမည်ဟု ပြောကြားခဲ့သည်။

Source: Reuters

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

“ရွေးကောက်ပွဲသည် ပြည်သူအတွက်” ဆိုသည့် ခေါင်းစဉ်ဖြင့် USDP မှ ဦးဆောင်ကာ သတင်းစာရှင်းလင်းပွဲပြုလုပ်

ယနေ့ ဩဂုတ်လ ၁၄ ရက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (USDP) မှ ဦးဆောင်ကာ သတင်းစာရှင်းလင်းပွဲအခမ်းအနား ကျင်းပခဲ့သည်။ အခမ်းအနားတွင် "ရွေးကောက်ပွဲသည် ပြည်သူအတွက်" ဆိုသည့် ခေါင်းစဉ်ဖြင့် USDP ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်း၊ အမျိုးသားအကျိုးစီးပွားတိုးတက်ရေးကော်မတီ ဒေါ်စိုးစိုးမြင့်၊ ရခိုင့်ဦးဆောင်ပါတီဥက္ကဌ ဒေါက်တာအေးမောင်နှင့် အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ဥက္ကဌ ဦးသိန်းကြည်တို့မှ ငြိမ်းချမ်းရေးဖြစ်စဉ်၏ ကဏ္ဍတစ်ခုဖြစ်သော ရွေးကောက်ပွဲဆိုင်ရာ ဆွေးနွေးသုံးသပ်ချက်များကို တစ်ဦးချင်းစီ သုံးသပ်ကာ တက်ရောက်လာသော လူပုဂ္ဂိုလ်များမှ လွတ်လပ်စွာမေးမြန်းလာမှုများအ‌ပေါ် ရှင်းလင်းပြတ်သားစွာ ပြန်လည်ဖြေကြားခဲ့သည်။

၀န်ကြီးဟောင်း၏သားအသတ်ခံရမှုကိုပွင့်လင်းမြင်သာစွာစုံစမ်းဖော်ထုတ်– အန်ဝါ

ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းအချိန်ကကုန်တိုက်ကားပါကင်တွင် သားဖြစ်သူသည်ဆေးထိုး၍ အသတ်ခံခဲ့ရကြောင်း အစိုးရဝန်ကြီးဟောင်းတစ်ဦးဖြစ်သည့် ရာဖီဇီ ရမ်လီက ပြောကြားခဲ့သဖြင့် အဆိုပါဖြစ်ရပ်ကို ပွင့်လင်းမြင်သာစွာနှင့်လျင်မြန်စွာစစ်ဆေးဖော်ထုတ်ရန် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဗရာဟင်မ်က တောင်းဆိုလိုက်သည်။ ဇနီးဖြစ်သူနှင့် သားတို့သည် အုပ်ချုပ်ရေးမြို့တော် ပူထရာဂျာယာရှိ ကုန်တိုက်တစ်ခုမှ ပြန်လည်ထွက်ခွာရန် ကားအတွင်းသိုအဝင်တွင် အမျိုးသားတစ်ဦးက သားဖြစ်သူကို ဆွဲခေါ်သွားကာ ဆေးထိုးအပ်ဖြင့်ထိုးခဲ့သည်ဟု ရာဖီဇီက ပြောဆိုခဲ့သည်။ ယင်းတိုက်ခိုက်မှုသည် ကြိုတင်ကြံစည်ထားခြင်းဖြစ်ကြောင်းနှင့် သူ့ကို ပါးစပ်ပိတ်ထားစေရန် သတိပေးသည့် သဘောဖြစ်ကြောင်း ရာဖီဇီက ဆိုသည်။ ရာဖီဇီ၏ အဆိုအရ ယင်းဖြစ်ရပ်အပြီးတွင် ၎င်း၏ ဇနီးဖြစ်သူသည် ခြိမ်းခြောက်စာနှစ်စောင်ကို လက်ခံရရှိခဲ့သည်ဟုလည်း...

အင်းလေးကန် ရေမြင့်တက်လာသည့် အခြေအနေ စောင့်ကြည့်နေရဟုဆို

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်အတွင်း၌ ယခုရက်ပိုင်းအတွင်း မိုးရက်ဆက်ရွာသွန်းနေခြင်းကြောင့် အင်းလေးကန်ရေ အနည်းငယ်မြင့်တက်နေပြီး ထပ်မံမြင့်တက်လာနိုင်မည့်အခြေအနေကို စောင့်ကြည့်နေကြောင်း ရှမ်းတောင်ပရဟိတအသင်း တာဝန်ခံတစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောသည်။ ရှမ်းပြည်နယ်တောင်ပိုင်းတွင် မိုးများ‌နေသည့်အတွက် အင်းလေးကန်အတွင်းသို့ ရေဝင်ရောက်မှုများက ကန်ရေပြင် အနည်းငယ်မြင့်တက်လာသော်လည်း လက်ရှိတွင်စိုးရိမ်ရသည့်အခြေအနေတွင်မရှိသေးကြောင်း ၎င်းက ဆိုသည်။ "ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်။ ရေကတော့ နည်းနည်းမြင့်တက်လာတယ်။ စိုးရိမ်စရာတော့ မရှိသေးပါဘူး" ဟု ၎င်းက ဆိုသည်။ Global Flood Awareness System နှင့် Global Flood Minitoring System က အင်းလေး‌ဒေသ ၊ ရွှေညောင်နှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071