ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၅)ရပ်ကွက်၊ ပါရမီလမ်းတွင် Level 1 အဆင့် မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသ-တ်တပ်ဖွဲ့မှ သိရသည်။
ယနေ့ အောက်တိုဘာ (၂၀) ရက် ၊ (၄)နာရီ (၁၆) မိနစ်အချိန်ခန့်၌ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ (၅) ရပ်ကွက်၊ ပါရမီလမ်းတွင် မီးလေ-ာင်မှုဖြစ်ပွားခဲ့ပြီး တောင်ဥက္ကလာပမြို့နယ်မီးသ-တ်စခန်းမှ မီးငြှိမ်းသ-တ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ရန်ကင်းမြို့နယ်မီးသ-တ်စခန်းမှ မီးသ-တ်ယာဉ်(၁)စီး၊ ရန်ကုန်နာရေးကူညီမှုအသင်းမှ မီးသ-တ်ယာဉ်(၁)စီးနှင့် စည်ပင်မှ မီးသ-တ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသ-တ်လျက်ရှိသည်။
” ဘေလီထိပ်မှာလေ-ာင်တာ။ အဲဒီမှာက ကားအပိုပစ္စည်းဆိုင်တွေ၊ ဈေးဆိုင်တွေပဲရှိတယ်” ဟု တောင်ဥက္ကလာတွင်နေထိုင်သူတစ်ဦးက ပြောသည်။
(၄) နာရီ (၂၅)မိနစ်အချိန်ခန့်၌ Level 1 ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသ-တ်ခဲ့ပြီးပြီး (၄) နာရီ (၂၇) မိနစ်အချိန်၌ မီးထိန်းနိုင်ခဲ့ပြီး (၄) နာရီ (၄၆) မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
