တောင်ငူမြို့တွင် စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ် ၆၀၀ မှ ၆၅၀ အတွင်းရောက်ရှိပါကဘေးကင်းခိုလှုံရာနေရာများကို ဦးစားပေးအဆင့် ၁ အနေဖြင့် ကြိုတင်သတ်မှတ်ပြင်ဆင်ထားနေကြသည်။
ထိုသို့ ပြင်ဆင်မှုများပြုလုပ်ရာ၌ရပ်ကွက်အလိုက် ပြောင်းရွှေ့ရမည့် ကယ်ဆယ်ရေးစခန်း ၂၄ ခုပြင်ဆင်ထားကာ စခန်းအလိုက်လူဦးရေ ၅၀၀မှ၂၀၀၀ နီးပါးခိုလှုံနိုင်မည့် စခန်းများပါဝင်သည်။
ထို့အပြင် စခန်းအလိုက် ကူညီဆောင် ရွက်ပေးရမည့် ပရဟိအဖွဲ့အစည်းများကိုလည်း စခန်းများအလိုက် သတ်မှတ်ထားပြီး အင်အားအနည်းဆုံး ၁၀ ဦးမှ ၃၀ ဦးအထိ သတ်မှတ်ထားကြောင်း သိရသည်။
ယနေ့ နံနက် ၆နာရီအချိန်၌ တောင်ငူမြို့ အနောက်ဆင်ရွာ ရေတက်လာသည့် အတွက် ဒေသတွင်းပရဟိတပူးပေါင်းအဖွဲ့များက လိုအပ်သည့် သက်ကယ်လှေများနှင့်အတူ အဆိုပါ ရွာသို့ရောက်ရှိကာ အသင့်ပြင်ဆင်ထားလျက်ရှိသည်ဟုဆိုသည်။
“ရေက မနေ့ကထဲက ဖြေးဖြေးချင်းတက်နေတာ။လောလောဆယ်တော့စိုးရိမ်စရာမလိုသေးပါဘူး”ဟု ဒေသခံကူညီကယ်ဆယ်ရေးတာဝန်ခံတစ်ဦးက ဆိုသည်။
ယမန်နေ့က တောင်ငူမြို့ ရှိ အနိမ့်ပိုင်းနေရာများကြိုတင်ပြောင်းရွှေ့ထားကြရန်နှင့် သတိပြုနေထိုင်ရကြရန် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များက ဆော်ဩထား သည်။
