Tuesday, July 15, 2025

အီလက်ထရောနစ် မဲပေးစက်အကြောင်း ဆရာ၊ ဆရာများကို...

ယခုနှစ်အတွင်း ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲ၌ အီလက်ထရောနစ်မဲပေးစက်ကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်ရေးအတွက် ရန်ကုန်ရှိ ဆရာ၊ ဆရာမများကို သင်တန်းပေးရန်ရှိနေသည်ဟု သိရသည်။ အီလက်ထရောနစ် မဲပေးစက် (MEVM)...

မွမ်ဘိုင်းမှ ရန်ကုန်ဆိပ်ကမ်းသို့ ကုန်သွယ်မှုလမ်းကြောင်းသစ်တိုးချဲ့ရန်ဆွေးနွေး

မွမ်ဘိုင်းဆိပ်ကမ်းမှ ရန်ကုန်ဆိပ်ကမ်းသို့ချိတ်ဆက်၍ ကုန်သွယ်မှုလမ်းကြောင်းသစ်တိုးချဲ့ရန် ဒု-ဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် ရုရှားနိုင်ငံ ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့၏ ညွှန်ကြားရေးမှူး Alexander Sergeevich Shatirov...

၁၅ တန်အထက်နှင့် ၁၅ တန်အောက်ကားများကို...

မန္တလေးတိုင်းရှိ ဧရာဝတီတံတား(ရတနာပုံ) မြစ်ကူးတံတား(မန္တလေး)တို့ကို ဖြတ်သန်းသွားလာမည့် ၁၅ တန်အထက်နှင့် ၁၅ တန်အောက်ကားများကို နေရာခွဲ၍စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ တရားမဝင်စက်သုံးဆီနှင့် ကုန်စည်များဖြတ်သန်းသယ်ဆောင်မှုမရှိစေရေးအတွက် ယနေ့ ဇူလိုင်...

ယခုတစ်ပတ်တွင် ကိုဗစ်(၁၉)ရောဂါပိုးတွေ့ရှိသူမရှိခဲ့

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန(Myanmar CDC)၏ ဇူလိုင် ၁၄ ရက်ည ၈ နာရီထုတ်ပြန်ချက်အရ ယခုတစ်ပတ်တွင် မြန်မာနိုင်ငံ၌ ကိုဗစ်(၁၉)ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်မတွေ့ရှိခဲ့ကြောင်း...
HomeNewsLocal Newsတောင်ငူမြို့ ခပေါင်းချောင်းရေ မြင့်တက်လာမှုကြောင့်...

တောင်ငူမြို့ ခပေါင်းချောင်းရေ မြင့်တက်လာမှုကြောင့် ဒေသခံအိမ်ထောင်စု (၂,၀၀၀)ခန့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေရ

တောင်ငူမြို့တွင် ခပေါင်းချောင်းရေ မြင့်တက်လာမှုကြောင့် ကင်းဆိပ်ကျေးရွာအပါအဝင် ချောင်းနဘေးကျေးရွာနေ ဒေသခံအိမ်ထောင်စု (၂,၀၀၀) ခန့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေကြရကြောင်း သိရသည်။

ချောင်းရေမြင့်တက်လာခြင်းကြောင့် တောင်ငူမြို့ ကင်းဆိပ်ရွာအပြင် အနီးပတ်ဝန်းကျင် ကျေးရွာများဖြစ်သည့် ရေချမ်း၊ ဆင်ချေပုန်းရပ်ကွက်၊ ကျွန်းတောကုန်းစသည့်တို့မှ ဒေသခံများ ပြောင်းရွှေ့နေကြရခြင်းဖြစ်သည်။

” အခု ခပေါင်းချောင်းရေကြီးတာက ရုတ်တရက် ရေကြီးရေလျှံတာလို့ ပြောလို့ရတယ်။ သူက ချက်ချင်းတက်ချက် ချင်းပြန်ကျတဲ့ အခြေအနေပါ။ ဟိုလို မြစ်ရေတက်လာပြီး ရက်ကြာရေကြီးတဲ့ပုံမျိုးမဟုတ်ပါဘူး အခုတော့ ဆုံးရှုံးနိုင်တဲ့ လူတို့‌၊ ဝက်တို့၊ ဆိုင်ကယ် တန်ဖိုးရှိတာတွေ ပြောင်းရွှေ့ပေးနေပါတယ်”ဟု ဒေသတွင်း ကယ်ဆယ်ရေးဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

အနောက်တောင်မုတ်သုံလေ အားအလွန်ကောင်းလာနိုင်ခြင်းကြောင့် ဇွန်လ (၂၀) ရက်မှ (၂၅)ရက်အတွင်း တိုင်းနှင့် ပြည်နယ်များအလိုက် မိုးကြီးခြင်းနှင့် မိုးသက်လေပြင်းတို-က်ခတ်ခြင်းများဖြစ်ပေါ်နိုင်တယ်လို့ မိုး/ဇလ မှ အသိပေးထားကာ ရုတ်တရက် ရေကြီးရေလျှံဖြစ်ပွားလာနိုင်သည့်အတွက် မြစ်ချောင်းများအနီးနေထိုင်သူဒေသခံများသတိပြု နေထိုင်ကြရန် သတိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အီလက်ထရောနစ် မဲပေးစက်အကြောင်း ဆရာ၊ ဆရာများကို သင်တန်းပေးရန်ရှိနေ

ယခုနှစ်အတွင်း ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲ၌ အီလက်ထရောနစ်မဲပေးစက်ကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်ရေးအတွက် ရန်ကုန်ရှိ ဆရာ၊ ဆရာမများကို သင်တန်းပေးရန်ရှိနေသည်ဟု သိရသည်။ အီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းအဖြစ် ပေးရန်ရှိနေခြင်း ဖြစ်ကာ မဲရုံအရေအတွက် နည်းပါးနိုင်သည့် လသာမြို့နယ်၌ အီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာသင်တန်းကို ၂ ရက်သာပြုလုပ်မည် ဖြစ်သည်ဟုလည်း သိရှိရသည်။ သင်တန်းပေးမှုကို ယမန်နေ့ (ဇူလိုင် ၁၄ ရက်)က စတင်သည်ဟုလည်း ပညာရေးဝန်ထမ်းများထံမှ သိရပြီး အဓိကအားဖြင့် မဲပေးစက်ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာကို မျှဝေပေးနေခြင်း ဖြစ်သည်ဟု...

မွမ်ဘိုင်းမှ ရန်ကုန်ဆိပ်ကမ်းသို့ ကုန်သွယ်မှုလမ်းကြောင်းသစ်တိုးချဲ့ရန်ဆွေးနွေး

မွမ်ဘိုင်းဆိပ်ကမ်းမှ ရန်ကုန်ဆိပ်ကမ်းသို့ချိတ်ဆက်၍ ကုန်သွယ်မှုလမ်းကြောင်းသစ်တိုးချဲ့ရန် ဒု-ဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် ရုရှားနိုင်ငံ ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့၏ ညွှန်ကြားရေးမှူး Alexander Sergeevich Shatirov တို့ဆွေးနွေးခဲ့ကြသည်။ ၎င်းတို့နှစ်ဦးသည် ဇူလိုင် ၁၄ ရက်မွန်းလွဲပိုင်းက နေပြည်တော်ရှိ ပို့/ဆက်ဝန်ကြီးရုံး၌ တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။ တွေ့ဆုံစဥ် ရုရှားနိုင်ငံက အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းဆိပ်ကမ်းမှ ရန်ကုန်ဆိပ်ကမ်းသို့ချိတ်ဆက်၍ ကုန်သွယ်မှုလမ်းကြောင်းသစ်တိုးချဲ့ရေး၊ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ပေးစက်ရုံများတည်ဆောက်ရေးကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် အရည်အသွေးကောင်းမွန်သော သဘာဝမြေ ဩဇာများတင်သွင်းရေး၊ အီလက်ထရောနစ် ကူးသန်းရောင်းဝယ်မှုများမြှင့်တင်ဆောင်ရွက်ရေး၊ ငလျင်ဒဏ်ခံနိုင်သော ဆောက်လုပ်ရေးနည်းပညာများမျှဝေရေးနှင့် ဆက်လက်ဆောင်ရွက်မည့်...

၁၅ တန်အထက်နှင့် ၁၅ တန်အောက်ကားများကို နေရာခွဲ၍စစ်ဆေးမည်

မန္တလေးတိုင်းရှိ ဧရာဝတီတံတား(ရတနာပုံ) မြစ်ကူးတံတား(မန္တလေး)တို့ကို ဖြတ်သန်းသွားလာမည့် ၁၅ တန်အထက်နှင့် ၁၅ တန်အောက်ကားများကို နေရာခွဲ၍စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ တရားမဝင်စက်သုံးဆီနှင့် ကုန်စည်များဖြတ်သန်းသယ်ဆောင်မှုမရှိစေရေးအတွက် ယနေ့ ဇူလိုင် ၁၄ ရက်နံနက်ပိုင်းကပြုလုပ်သည့် စိစစ်ရေးလုပ်ငန်းအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်က ပြောကြားခဲ့ခြင်းဖြစ်သည်။ မန္တလေးတိုင်းရှိ မြို့ဝင်မြို့ထွက်စစ်ဆေးရေးဂိတ်များမှတစ်ဆင့် တရားမဝင်စက်သုံးဆီနှင့် ကုန်စည်များဖြတ်သန်းသယ်ဆောင်မှုမရှိစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်ချောမွေ့စေရေးတို့အတွက် အလေးထားဆောင်ရွက်လျက်ရှိ၍ လုံခြုံရေးသတိ၊ လုံခြုံရေးအသိတို့ဖြင့် ထိရောက်အောင်မြင်စွာ ဆောင်ရွက်ရမည်ဟု မှာကြားသည်။ ဧရာဝတီတံတား(ရတနာပုံ) မြစ်ကူးတံတား(မန္တ လေး)ကိုဖြတ်သန်းသွားလာမည့်ကားများအားစိစစ်ရာတွင် ယာဉ်ကြောကြပ်တည်းခြင်းမဖြစ်ပေါ်စေရန်နှင့် ခရီးသွားပြည်သူများအခက်အခဲမရှိစေရန် ၁၅ တန်နှင့်အထက် ကုန်တင်ယာဉ်များအား အမရပူရမြို့နယ်ရှိ ပြည်ကြီးမင်္ဂလာကုန်တင်ယာဉ်ရပ်နားစခန်း(စွယ်တော်ကားကွင်း)ရှိစစ်ဆေးရေးစခန်းနှင့် ၁၅...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071