ပဲခူးတိုင်း(အရှေ့)၊ တောင်ငူမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေး ရွာ(၈၅)ခုတွင် မနက်ဖြန် အောက်တိုဘာ ၂၅ ရက်နံနက်ပိုင်းမှညနေပိုင်းအထိ လျှပ်စစ်မီးယာယီပြ-တ်တောက်မည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနထံမှ သိရသည်။
တောင်ငူမြို့၊ ၃၃/၁၁ ကေဗွီ၊ (၂၀/၁၀ )အမ်ဗွီအေ ရခိုင်စုဓာတ်အားခွဲရုံရှိ ၂၀ အမ်ဗွီအေ အမှတ်(၁)ထရန်စဖော်မာမှလက်ရှိဓာတ်အားဖြန့်ဖြူးပေးထားသော 12kv switchgear Panel (1 in 4 out) အား 12kv switchgear Panel (1 in 5 out)ဖြင့် အဆင့်မြှင့်တင်ခြင်းကို အောက်တိုဘာ ၂၅ ရက်(မနက်ဖြန်)နံနက် ၇ နာရီမှညနေ ၅ နာရီအထိ ၃၃ ကေဗွီ ရခိုင်စုဓာတ်အားလိုင်းအား ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် လုပ်ငန်းဆောင်ရွက်နေချိန်၌ တောင်ငူမြို့နယ်ရှိ ရပ်ကွက်(၁၇)ခုနှင့် ကျေးရွာ(၆၈)ရွာတွင် လျှပ်စစ်မီးယာယီပြ-တ်တောက်မည်ဖြစ်ကြောင်း သိရသည်။
