ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူမြို့၊ (၁၈) ရပ်ကွက် ၊ သံလမ်းအဆင်း မိုးမုန့်ဟင်းခါးဖို လမ်းကြားရှိ နေအိမ်တစ်လုံး ယနေ့ စက်တင်ဘာလ (၃)ရက် နံနက်(၃)နာရီအချိန်တွင် မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလေ-ာင်မှုမှာ ဝါယာရှော့ခ်ဖြစ်ပွားရာမှ မီးလော-င်ကျွမ်းခြင်းဖြစ်ပြီး လူနေအိမ်တစ်လုံး မီးသင့်ဆုံးရှုံးခဲ့ရသ ည်။
“လူတော့ ထိခို-က်ေ-သဆုံးမရှိပါဘူး၊ အိမ်တစ်လုံးကတော့ ကုန်သွားတယ်”ဟု သွားရောက်ကူညီသူ ပရဟိတအသင်းတာဝန်ခံတစ်ဦးက ပြောသည်။
မီးလေ-ာင်ပြင်သို့ တောင်ငူမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ Taungoo Rescue ပရဟိတအသင်းမှ မီးငြှိမ်းသ-တ်ယာဉ်(၁)စီး၊ မဟာမေတ္တာ ပရဟိတအသင်းမှ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ (၃)နာရီ (၃၃)မိနစ် အ ချိန်တွင် မီးငြိမ်းခဲ့ကြောင်း မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
