Tuesday, June 24, 2025

MNL League Cup 2025...

ဇွန် (၂၃) ရက်တွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရတနာပုံ ယူနိုက်တက်အသင်းတို့ MNL League Cup 2025 နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက်ရန် ယှဉ်ပြိုင်ကစားခဲ့ရာ...

ပဲခူးတိုင်း မြို့နယ် (၂၈) မြို့နယ်ရှိ...

ပဲခူးတိုင်းမြို့နယ် (၂၈) မြို့နယ်ရှိ နိုင်ငံဝန်ထမ်းအငြိမ်းစားများအား လစဉ်ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခမဲ့ဆေးဝါး တစ်လစာ ထောက်ပံ့ပေးအပ်ခြင်းကို ဇွန်လ (၂၃)ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ပေးမှုသည်...

စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀...

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ ရောင်းချပေးမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။ အဆိုပါ အမေရိကန်ဒေါ်လာ သန်း ၃၀ ကို နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading...

AHA Centre မှလှူဒါန်းသည့် ယာယီစာသင်...

AHA Centre မှလှူဒါန်းသည့် ယာယီစာသင် ကျောင်းဆောင်များဆောက်လုပ်ပြီးစီးမှုကို လူမှုဝန် ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင် ရာညှိနှိုင်းရေးရုံး(UNOCHA)၏ ယာယီရုံးအကြီးအ ကဲ Ms....
HomeNewsLocal Newsတောင်ကြီး၊ ညောင်ရွှေနှင့် အင်းလေးဒေသ...

တောင်ကြီး၊ ညောင်ရွှေနှင့် အင်းလေးဒေသ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီး၊ ညောင်ရွှေနှင့် အင်းလေးဒေသ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ နိုဝင်ဘာ (၂၆)ရက်က ဒု-ဝန်ကြီးသည် တောင်ကြီးမြို့၏ အထင်ကရ ခရီးသွား ဆွဲဆောင်ရာ နေရာဖြစ်သည့် ရွှေဘုန်းပွင့်ဘုရားနှင့် မွေတော်ကက္ကူ ဘုရားသို့ သွားရောက်ဖူးမြော်၍ ဘုရားဖူးခရီးသွား လုပ်ငန်းဆောင်ရွက်နိုင်မှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် Villa Inle Boutique Resort သို့ သွားရောက်၍ ခရီးသွားဧည့်သည်များအား ဝန်ဆောင်မှုကောင်းများပေးနိုင်ရေး ကြည့်ရှုစစ်ဆေးပြီး ညောင်ရွှေခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့ဝင်များအား ညောင်ရွှေမြို့ရှိ Aureum Palace Hotel ၌ တွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံစဉ် ညောင်ရွှေဒေသ ခရီးသွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေး လုပ်ဆောင်ရာတွင် လုပ်ငန်းများအဆင်ပြေစေရေးနှင့် လိုအပ်ချက်များကို အချိန်နှင့် တစ်ပြေးညီ ပေါင်းစပ်ဆောင်ရွက်ရေးတို့ကို မှာကြားသည်။

ထို့ပြင် ဒေသထွက် အစားအစာနှင့် ရိုးရာလက်မှု ပစ္စည်းများ၊ အမှတ်တရလက်ဆောင်များ ထုတ်လုပ်ရောင်းချခြင်းဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်းလည်း ဒုဝန်ကြီးက တိုက်တွန်းပြောကြားခဲ့သည်။

အလားတူ အစည်းအဝေးတက်ရောက်ကြသူများမှ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် တွေ့ကြုံရသည့် အခက်အခဲများကို ကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ကြပြီးပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

MNL League Cup 2025 နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ပြီဖြစ်သည့် ရန်ကုန်ယူနိုက်တက်

ဇွန် (၂၃) ရက်တွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရတနာပုံ ယူနိုက်တက်အသင်းတို့ MNL League Cup 2025 နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက်ရန် ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်ယူနိုက်တက်အသင်းက (၃)ဂိုး(၁)ဂိုးဖြင့် ဗိုလ်လုပွဲတက်ရောက်ခဲ့ပြီဖြစ်သည်။ ပထမပိုင်းပွဲစဉ်အတွင်း တစ်ဖက်(၁)ဂိုးစီဖြင့် သရေကစားခဲ့ရာမှ ဒုတိယပိုင်းပွဲချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းက အနိုင်ဂိုးများ ထပ်မံသွင်းယူခဲ့ခြင်းဖြစ်သည်။ ရန်ကုန်ယူနိုက်တက်အသင်းအတွက် အဖွင့်ဂိုးကို ကျောနံပါတ်(၂၈) သာယာဝင်းထက်က သွင်းယူပေးခဲ့သလို ဒုတိယဂိုးကို ကျောနံပါတ်(၁) ကောင်းစည်သူနှင့် တတိယဂိုးကို ကျောနံပါတ်(၂၇) အီစိုးက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ရန်ကုန်ယူနိုက်တက်အသင်းသည် ယနေ့ ဇွန်လ (၂၄)ရက် ဆီမီးဖိုင်နယ်တွင် ယှဉ်ပြိုင်ကစားမည့် ရှမ်းယူနိုက်တက်နှင့်...

ပဲခူးတိုင်း မြို့နယ် (၂၈) မြို့နယ်ရှိ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား လစဉ်ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခမဲ့ဆေးဝါး တစ်လစာ ထောက်ပံ့ပေးအပ်

ပဲခူးတိုင်းမြို့နယ် (၂၈) မြို့နယ်ရှိ နိုင်ငံဝန်ထမ်းအငြိမ်းစားများအား လစဉ်ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခမဲ့ဆေးဝါး တစ်လစာ ထောက်ပံ့ပေးအပ်ခြင်းကို ဇွန်လ (၂၃)ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ပေးမှုသည် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၃၁)ကြိမ်မြောက်ရှိပြီဖြစ်ကာ၊ လူနာတစ်ဦးလျှင် အခမဲ့ဆေးဝါး (၁)လစာ လစဉ်ထောက်ပံ့ပေးခြင်း၊ ကာကွယ်ဆေးထိုးပေးခြင်း၊ အခြေခံစားသုံးကုန်များအား သက်သာသောနှုန်းထားဖြင့် ရောင်းချပေးခြင်းများကို ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။ ယ‌နေ့ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစောင့် ရှောက်မှုပေးနေခြင်းကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ကသွား ရောက်ကြည့်ရှုအားပေးခဲ့ပြီးနောက် လစဉ်အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား စဉ်ဆက်မပြတ် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရေးနှင့် ဆေးဝါးလိုအပ်ချက်မရှိစေရေး ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း...

စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ ရောင်းချပေးမည်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ ရောင်းချပေးမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။ အဆိုပါ အမေရိကန်ဒေါ်လာ သန်း ၃၀ ကို နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) တွင် ရောင်းချပေးမည်ဖြစ်သည်။ ဗဟိုဘဏ်အနေဖြင့် ယခု ဇွန်လအတွင်း စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၉၅ သန်းကို ထုတ်ရောင်းပေးခဲ့ပြီး ယခုတစ်ကြိမ်အပါအဝင် ဇွန်တစ်လလုံးအတွက် ဒေါ်လာ ၁၂၅ သန်းရောင်းချပေးထားကြောင်း သိရသည်။ ယခုဇွန်လအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းမှာ အတတ်အကျပုံမှန်မရှိကြောင်း၊ ဗဟိုဘဏ်အနေဖြင့်နိုင်ငံခြားငွေလဲလှယ်နှုန်းဈေးတတ်ချိန်တွင် လုပ်ငန်းရှင်များအတွက်လိုအပ်သည့် ဒေါ်လာများကို ထုတ်ရောင်းပေးလျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071