Sunday, August 16, 2026

YBS ကားခများ တိုးမြှင့်ကောက်ခံမည့် အစီအစဉ်ကို...

ရန်ကုန်၊သြဂုတ်-၁၅ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်စီးခများကို စက်တင်ဘာလ ၁ ရက်မှစတင်၍ ကျပ် ၆၀၀ အထိ တိုးမြှင့်ကောက်ခံမည်ဆိုသည့် အစီအစဉ်ကို ပြန်လည်ပယ်ဖျ-က်လိုက်ကြောင်း...

ဧရာဝတီမြစ်ရေ ပခုက္ကူမြို့၏စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်း အနိမ့်ပိုင်းရပ်ကွက်များတွင်...

မကွေးတိုင်းရှိ ဧရာဝတီမြစ်ရေသည် ပခုက္ကူမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ယနေ့ သြဂုတ် ၁၆ ရက်မွန်းတည့်ပိုင်းတွင် ပြန်လည်ကျဆင်းလာခဲ့သော် လည်း မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများရှိ အနိမ့်ပိုင်းရပ်...

အောင်လံမြို့နယ်မှ ရေဘေးသင့်သူများကို ဆန်နှင့် စားသောက်ကုန်များထောက်ပံ့

မကွေးတိုင်း၊ အောင်လံမြို့နယ်၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာ ရေဘေးသင့်သူများကို ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ သက်ဆိုင်ရာတာဝန်ရှိသူများက ကူညီရွှေ့ပြောင်းပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေထိုင်ကြသည့် ရေဘေးသင့်သူများကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အလှူရှင်များမှ...

MWEA နှင့် ICIB တို့အကြား...

ရန်ကုန်၊ သြဂုတ်-၁၆ မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်း (MWEA) နှင့် အိန္ဒိယအပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းများအသင်းချုပ် (ICIB) တို့အကြား စီးပွားရေးအခွင့်အလမ်းများ ရှာဖွေဖော်ဆောင်ရေးနှင့် နှစ်နိုင်ငံအမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်များအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး အစည်းအဝေးကို...
HomeInternationalတောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က ငြိမ်းချမ်းရေးအတွက်...

တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က ငြိမ်းချမ်းရေးအတွက် မြောက်ကိုရီးယားနှင့် ဆွေးနွေးရန် တောင်းဆို

ဆိုးလ်၊ ဩဂုတ် ၁၆

ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများလျှော့ချပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးအတွက် မြောက်ကိုရီးယားနှင့် ဆွေးနွေးမှုများ ပြန်လည်စတင်ရန် တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က တောင်းဆိုလိုက်သည်။

ဂျပန်ကိုလိုနီလက်အောက်မှ ကိုရီးယားလွတ်မြောက်မှု နှစ်ပတ်လည်နေ့ အထိမ်းအမှတ်မိန့်ခွန်းတွင် လီက ကိုရီးယားနှစ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သင့်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

၁၉၅၀-၁၉၅၃ ကိုရီးယားစစ်ပွဲသည် ငြိမ်းချမ်းရေးစာချုပ်ဖြင့် အဆုံးသတ်ခဲ့ခြင်းမဟုတ်ဘဲ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဖြင့်သာ ရပ်တန့်ထားခြင်းဖြစ်ရာ ယင်းအခြေအနေကို ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးစနစ်တစ်ရပ်ဖြင့် အစားထိုးနိုင်ရေး မြောက်ကိုရီးယားနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများအကြား ဆွေးနွေးရန် လီက တိုက်တွန်းခဲ့သည်။

အဆိုပါ ဆွေးနွေးမှုများမှတစ်ဆင့် မြောက်ကိုရီးယား၏ နျူကလီးယားစွမ်းရည်များကို ထိန်းချုပ်နိုင်မည့် ထိရောက်သော အစီအမံများကိုလည်း ချမှတ်နိုင်ဖွယ်ရှိကြောင်း ၎င်းက ပြောသည်။

တောင်ကိုရီးယားအစိုးရအနေဖြင့် နှစ်နိုင်ငံအကြား တင်းမာမှုများ လျှော့ချရန်နှင့် ပဋိပက္ခများ ထပ်မံမြင့်တက်လာခြင်းမရှိစေရန် ကြိုတင်ကာကွယ်ရေးအစီအမံများ တည်ဆောက်ကာ ရေရှည်တည်တံ့သည့် လုပ်ဆောင်ချက်များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လီက ပြောကြားခဲ့သည်။

သို့သော် လက်ရှိအချိန်တွင် မြောက်နှင့်တောင်ကိုရီးယား ဆက်ဆံရေးမှာ အေးစက်နေဆဲဖြစ်သည်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က ပြန်လည်ပေါင်းစည်းရေးမူဝါဒကို စွန့်လွှတ်ထားပြီး တောင်ကိုရီးယားကို ရန်အလိုဆုံးနိုင်ငံအဖြစ် သတ်မှတ်ကာ နယ်စပ်ကာကွယ်ရေး ပိုမိုခိုင်မာစေရန် ညွှန်ကြားထားသည်။

မြောက်ကိုရီးယားဘက်ကလည်း လီ၏ စေ့စပ်ညှိနှိုင်းရေး ကမ်းလှမ်းချက်များကို ပယ်ချထားသည့်အပြင် တောင်ကိုရီးယား၏ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောဆိုင်ရာ အစီအစဉ်နှင့် အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ဝေဖန်ထားသည်။

ဂျပန်နိုင်ငံနှင့် ဆက်ဆံရေးနှင့်ပတ်သက်၍လည်း အတိတ်သမိုင်းဆိုင်ရာ ပြဿနာများကို ရင်ဆိုင်ဖြေရှင်းရင်း အနာဂတ်အတွက် လမ်းဖွင့်ထားရန် လိုအပ်ကြောင်း လီက ပြောကြားပြီး ဂျပန်နှင့်အတူ ငြိမ်းချမ်းရေးနှင့် ကြွယ်ဝချမ်းသာမှုရှိသည့် အနာဂတ်ကို တည်ဆောက်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

Ref: The Straits Times

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

YBS ကားခများ တိုးမြှင့်ကောက်ခံမည့် အစီအစဉ်ကို ပယ်ဖျ-က်

ရန်ကုန်၊သြဂုတ်-၁၅ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်စီးခများကို စက်တင်ဘာလ ၁ ရက်မှစတင်၍ ကျပ် ၆၀၀ အထိ တိုးမြှင့်ကောက်ခံမည်ဆိုသည့် အစီအစဉ်ကို ပြန်လည်ပယ်ဖျ-က်လိုက်ကြောင်း YRTC ထံမှ သိရသည်။ ယခင်က ယာဉ်ပြင်ဆင်စရိတ်များ မြင့်တက်လာမှုကြောင့် ယာဉ်စီးခများကို ယခင် ၄၀၀ ကျပ်မှ ကျပ် ၆၀၀ သို့ တိုးမြှင့်ရန် စီစဉ်ခဲ့သော်လည်း ယခုအခါ အဆိုပါ တိုးမြှင့်ကောက်ခံမည့် အစီအစဉ်ကို ရုပ်သိမ်းလိုက်ခြင်းဖြစ်သည်။ “YBS ယာဉ်စီးခတိုးမြှင့် ရန်ကြေညာခြင်းအား ပယ်ဖျ-က်ထားသည်” ဟု YRTC တွဲဖက်အတွင်းရေးမှူး လျန်ကျင့်မန်...

ဧရာဝတီမြစ်ရေ ပခုက္ကူမြို့၏စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်း အနိမ့်ပိုင်းရပ်ကွက်များတွင် မြစ်ရေဝင်ရောက်နေဆဲဖြစ်

မကွေးတိုင်းရှိ ဧရာဝတီမြစ်ရေသည် ပခုက္ကူမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ယနေ့ သြဂုတ် ၁၆ ရက်မွန်းတည့်ပိုင်းတွင် ပြန်လည်ကျဆင်းလာခဲ့သော် လည်း မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများရှိ အနိမ့်ပိုင်းရပ် ကွက်များမှနေအိမ်များအတွင်း၌ မြစ်ရေဝင်ရောက်နေဆဲဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်၌ ဧရာဝတီမြစ်ရေသည် ပခုက္ကူမြို့၏ စိုးရိမ်ရေမှတ်အောက် (၂,၁၁၅)စင်တီမီတာတွင်ရောက်ရှိနေသော်လည်း ရေဘေးသင့်သူများမှာ ရေဘေးရှောင်ကယ်ဆယ်ရေးစခန်း (၈)ခုတွင် ဆက်လက်နေထိုင်နေရဆဲဖြစ်ကြောင်း သိရသည်။

အောင်လံမြို့နယ်မှ ရေဘေးသင့်သူများကို ဆန်နှင့် စားသောက်ကုန်များထောက်ပံ့

မကွေးတိုင်း၊ အောင်လံမြို့နယ်၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာ ရေဘေးသင့်သူများကို ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ သက်ဆိုင်ရာတာဝန်ရှိသူများက ကူညီရွှေ့ပြောင်းပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေထိုင်ကြသည့် ရေဘေးသင့်သူများကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အလှူရှင်များမှ သြဂုတ် ၁၅ ရက်နံနက်ပိုင်းတွင် အောင်လံမြို့၊ သရက်တောရပ်ကွက်၊ လယ်ပြင်ဘုန်းတော်ကြီးကျောင်း၌ ဆန်အိတ်များ၊ စားသုံးဆီများ၊၊ ခေါက်ဆွဲခြောက်များ၊ ရေသန့်ဗူးများနှင့် ထမင်းဗူးများကို လက်ဝယ်အရောက်ပေးအပ်ခဲ့ကြကြောင်း သိရသည်။ ထို့နောက် တာဝန်ရှိသူများက ရေကြီးရေလျှံမှုဖြစ်ပွားနေသည့် မြို့နယ်အတွင်းရှိ ရေဝင်ရောက်နေသော ရပ်ကွက်/ကျေးရွာများ၌ ရေတက်ရောက်နေမှုကိုကြည့်ရှုပြီး ရေဘေးသင့်သူများကို ဘေးကင်းလုံခြုံသည့်နေရာများသို့ ရွှေ့ပြောင်းနိုင်ရေး၊ ၎င်းတို့၏ အိမ်ထောင်စုပစ္စည်းများကို လုံခြုံစွာရွှေ့ပြောင်းပေးနိုင်ရေးအတွက် တာဝန်ရှိသူများ၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071