တောင်ကိုရီးယားနိုင်ငံက မြန်မာလုပ်သားများအား ပြန်လည်ခေါ်ယူမည်
မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း (၁၆) နိုင်ငံမှ အလုပ်သမားများအား ပြန်လည် ခေါ်ယူနိုင်ရေးအတွက် ကိုရီးယားနိုင်ငံအစိုးရမှ ပြည်ဝင်ခွင့် ကန့်သတ်ထားရှိချက်များ လျှော့ပေါ့ပေးခဲ့လိုက်ပြီဟု တောင်ကိုရီးယားနိုင်ငံ ဆိုင်ရာမြန်မာသံရုံးက နိုဝင်ဘာ၆ရက် ယနေ့တွင် ထုတ်ပြန် သည်။
ထုတ်ပြန်ချက်ထဲ ကိုရီးယားနိုင်ငံ အစိုးရသည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအခြေအနေမှ ပုံမှန်အခြေ အနေသို့ ပြန်လည်ရောက်ရှိစေရန် ကြိုးပမ်းဆောင်ရွက်နေမှုအနေဖြင့် ပြည်ပမှအလုပ်သမား များ ဝင်ရောက်ခွင့်ပြုရေး ပိတ်ပင်ထားရှိမှုကို အနည်းငယ်လျော့ပေါ့ပေးရန် စီစဉ်ဆောင်ရွက် လျက်ရှိသည်ဟု ကိုရီးယား အလုပ်သမားဝန်ကြီးဌာနမှ (၅-၁၁-၂၀၂၁) ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည့် အကြောင်း၊ယင်းထုတ်ပြန်ချက်တွင် EPS သဘောတူညီမှုအောက်တွင် ပါဝင်သည့် အလုပ်သမား များ စေလွှတ်သည့်နိုင်ငံ (၁၆) နိုင်ငံမှ အလုပ်သမားများ အားလုံးကို ပြန်လည်လက်ခံမည် ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
သို့ရာတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများပြားလျက်ရှိနေသေးသည့် မြန်မာ၊ ဖိလစ်ပိုင်၊ ပါကစ္စတန်၊ ဥဘက်ကစ္စတန်နှင့် ကာဂျစ်စတန် နိုင်ငံ များမှ အလုပ်သမားများအနေ ဖြင့် ကိုရီးယားနိုင်ငံသို့ လာရောက်မည်ဆိုပါက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (၂) ကြိမ် အပြည့် ထိုးထားပြီး (၂) ပတ်ကြာသည့်အခါမှ ဗီဇာလျှောက်ထားရရှိနိုင်မည်ဟု တောင်ကိုရီးယားနိုင်ငံဆိုင်ရာမြန်မာသံရုံးက ပြောဆိုသည်။
ကာကွယ်ဆေးထိုးရမည့်အပြင် ကိုရီးယားနိုင်ငံသို့ လေယာဉ်ဖြင့် စတင်မထွက်ခွာမီ (၇၂) နာရီအလို သက်ဆိုင်ရာနိုင်ငံရှိ သတ်မှတ် ထားသည့်ဆေးရုံတွင် PCR Test ဖြင့် ကိုဗစ် ရောဂါမရှိကြောင်း စစ်ဆေး၍ အထောက်အထား လက်မှတ်ပါရှိရမည်ဟု တောင်ကိုရီးယား အစိုးရကပြောဆိုသည်။
ကျန် (၁၁) နိုင်ငံမှ အလုပ်သမားများ အနေဖြင့် PCR စစ်ဆေးမှုဖြင့် ရောဂါမရှိကြောင်း အထောက်အထားလက်မှတ်ပါရှိရုံဖြင့် ကိုရီးယားနိုင်ငံသို့ လာရောက်နိုင်မည် ဖြစ်သော်လည်း၊ ကိုရီးယားနိုင်ငံသို့ ရောက်ရှိပြီးလျှင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ ရမည်ဖြစ်ကြောင်း လည်း တောင်ကိုရီးယားအစိုးရက ပြောသည်။
ထို့အပြင် နိုင်ငံပေါင်း (၁၆) နိုင်ငံမှ အလုပ်သမားများ အနေဖြင့် ကာကွယ်ဆေးထိုး ပြီးသည်ဖြစ်စေ၊ မပြီးသည်ဖြစ်စေ ကိုရီးယားနိုင်ငံအစိုးရမှ သတ်မှတ်ထားသည့် Quarantine Center တွင် မိမိစရိတ်ဖြင့် (၁၀) ရက် Quarantine မဖြစ်မနေ နေထိုင်ရမည် ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ကန့်သတ် ချက်များကြောင့် ကိုရီးယားနိုင်ငံသို့ ဝင်ရောက်ရန် ပြည်ပအလုပ်သမား (၅၀,၀၀၀)ခန့်သည် ပြည်ဝင်ခွင့်ရရှိရန် စောင့်ဆိုင်း လျက်ရှိနေကြကြောင်းလည်း တောင်ကိုရီးယားနိုင်ငံ ဆိုင်ရာမြန်မာသံရုံးက အသိပေးထားသည်။
Zaw Gyi
ေတာင္ကိုရီးယားႏိုင္ငံက ျမန္မာလုပ္သားမ်ားအား ျပန္လည္ေခၚယူမည္
ျမန္မာႏိုင္ငံအပါအဝင္ ႏိုင္ငံေပါင္း (၁၆) ႏိုင္ငံမွ အလုပ္သမားမ်ားအား ျပန္လည္ ေခၚယူႏိုင္ေရးအတြက္ ကိုရီးယားႏိုင္ငံအစိုးရမွ ျပည္ဝင္ခြင့္ ကန႔္သတ္ထားရွိခ်က္မ်ား ေလွ်ာ့ေပါ့ေပးခဲ့လိုက္ၿပီဟု ေတာင္ကိုရီးယားႏိုင္ငံ ဆိုင္ရာျမန္မာသံ႐ုံးက ႏိုဝင္ဘာ၆ရက္ ယေန႔တြင္ ထုတ္ျပန္ သည္။
ထုတ္ျပန္ခ်က္ထဲ ကိုရီးယားႏိုင္ငံ အစိုးရသည္ ကိုဗစ္-၁၉ ေရာဂါျဖစ္ပြားမႈအေျခအေနမွ ပုံမွန္အေျခ အေနသို႔ ျပန္လည္ေရာက္ရွိေစရန္ ႀကိဳးပမ္းေဆာင္႐ြက္ေနမႈအေနျဖင့္ ျပည္ပမွအလုပ္သမား မ်ား ဝင္ေရာက္ခြင့္ျပဳေရး ပိတ္ပင္ထားရွိမႈကို အနည္းငယ္ေလ်ာ့ေပါ့ေပးရန္ စီစဥ္ေဆာင္႐ြက္ လ်က္ရွိသည္ဟု ကိုရီးယား အလုပ္သမားဝန္ႀကီးဌာနမွ (၅-၁၁-၂၀၂၁) ရက္ေန႔တြင္ ထုတ္ေဖာ္ေျပာၾကားခဲ့သည့္ အေၾကာင္း၊ယင္းထုတ္ျပန္ခ်က္တြင္ EPS သေဘာတူညီမႈေအာက္တြင္ ပါဝင္သည့္ အလုပ္သမား မ်ား ေစလႊတ္သည့္ႏိုင္ငံ (၁၆) ႏိုင္ငံမွ အလုပ္သမားမ်ား အားလုံးကို ျပန္လည္လက္ခံမည္ ျဖစ္ေၾကာင္း ေဖာ္ျပပါရွိသည္။သို႔ရာတြင္ ကိုဗစ္-၁၉ ေရာဂါျဖစ္ပြားမႈမ်ားျပားလ်က္ရွိေနေသးသည့္ ျမန္မာ၊ ဖိလစ္ပိုင္၊ ပါကစၥတန္၊ ဥဘက္ကစၥတန္ႏွင့္ ကာဂ်စ္စတန္ ႏိုင္ငံ မ်ားမွ အလုပ္သမားမ်ားအေန ျဖင့္ ကိုရီးယားႏိုင္ငံသို႔ လာေရာက္မည္ဆိုပါက ကိုဗစ္-၁၉ ေရာဂါကာကြယ္ေဆး (၂) ႀကိမ္ အျပည့္ ထိုးထားၿပီး (၂) ပတ္ၾကာသည့္အခါမွ ဗီဇာေလွ်ာက္ထားရရွိႏိုင္မည္ဟု ေတာင္ကိုရီးယားႏိုင္ငံဆိုင္ရာျမန္မာသံ႐ုံးက ေျပာဆိုသည္။
ကာကြယ္ေဆးထိုးရမည့္အျပင္ ကိုရီးယားႏိုင္ငံသို႔ ေလယာဥ္ျဖင့္ စတင္မထြက္ခြာမီ (၇၂) နာရီအလို သက္ဆိုင္ရာႏိုင္ငံရွိ သတ္မွတ္ ထားသည့္ေဆး႐ုံတြင္ PCR Test ျဖင့္ ကိုဗစ္ ေရာဂါမရွိေၾကာင္း စစ္ေဆး၍ အေထာက္အထား လက္မွတ္ပါရွိရမည္ဟု ေတာင္ကိုရီးယား အစိုးရကေျပာဆိုသည္။ က်န္ (၁၁) ႏိုင္ငံမွ အလုပ္သမားမ်ား အေနျဖင့္ PCR စစ္ေဆးမႈျဖင့္ ေရာဂါမရွိေၾကာင္း အေထာက္အထားလက္မွတ္ပါရွိ႐ုံျဖင့္ ကိုရီးယားႏိုင္ငံသို႔ လာေရာက္ႏိုင္မည္ ျဖစ္ေသာ္လည္း၊ ကိုရီးယားႏိုင္ငံသို႔ ေရာက္ရွိၿပီးလွ်င္ ကိုဗစ္-၁၉ ကာကြယ္ေဆးထိုးႏွံ ရမည္ျဖစ္ေၾကာင္း လည္း ေတာင္ကိုရီးယားအစိုးရက ေျပာသည္။
ထို႔အျပင္ ႏိုင္ငံေပါင္း (၁၆) ႏိုင္ငံမွ အလုပ္သမားမ်ား အေနျဖင့္ ကာကြယ္ေဆးထိုး ၿပီးသည္ျဖစ္ေစ၊ မၿပီးသည္ျဖစ္ေစ ကိုရီးယားႏိုင္ငံအစိုးရမွ သတ္မွတ္ထားသည့္ Quarantine Center တြင္ မိမိစရိတ္ျဖင့္ (၁၀) ရက္ Quarantine မျဖစ္မေန ေနထိုင္ရမည္ ျဖစ္ေၾကာင္းႏွင့္ ကိုဗစ္-၁၉ ကန႔္သတ္ ခ်က္မ်ားေၾကာင့္ ကိုရီးယားႏိုင္ငံသို႔ ဝင္ေရာက္ရန္ ျပည္ပအလုပ္သမား (၅၀,၀၀၀)ခန႔္သည္ ျပည္ဝင္ခြင့္ရရွိရန္ ေစာင့္ဆိုင္း လ်က္ရွိေနၾကေၾကာင္းလည္း ေတာင္ကိုရီးယားႏိုင္ငံ ဆိုင္ရာျမန္မာသံ႐ုံးက အသိေပးထားသည္။